Pages

Monday, June 8, 2009

စွဲလန်းမှုနောက်ကွယ်မှပျော်ရွှင်မှု

စွဲလန်းaddictedဖြစ်တာဖြစ်တာ၊ဆင်ခြေမပေးနဲ့မပြောပါနဲ့။ဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းရင်းမြစ်ကလဲရှိသေးသကိုး။
အခုရက်ပိုင်းမှာခေါင်းကဒုက္ခပေးလာတာကြောင့်ဘာမှမစဉ်းစားချင်တာနဲ့အိပ်နေတာများတယ်။ငြိမ်ငြိမ်တော့အိပ်လို့ဘယ်ရ
မလဲလေ။ကွန်ပြူတာကခေါင်းအုံးဘေးမှာဆိုတော့ကိုယ့်ဘလော့ထဲကိုယ်ဝင်၊ဘလော့ထဲမှာထည့်ထားတဲ့သူများတွေရဲ့
ဘလော့အိမ်တစ်ကာလိုက်လည်။ကောမန့်တော့မရေးခဲ့နိုင်လို့မရေးဖြစ်တာများတယ်။စာဘဲလိုက်ဖတ်တာ။နဲနဲခေါင်းထောင်
လို့ရရင်Farmထဲဝင်၊အဲဒါကလဲဆိုးတယ်။ပြီးခဲ့တဲ့(၄)ရက်ကျော်လောက်ကအင်တာနက်ကော်နက်ရှင်ပျက်တာတစ်နေကုန်ဘဲ။ အဲဒီနေ့ညမှာရွှေဖရုံသီးတွေမှည့်မယ့်အချိန်နဲ့တိုက်ဆိုင်နေတော့စိတ်ပူလိုက်တာ၊တစ်ခင်းလုံးနီးပါးစိုက်ထားတဲ့အပင်တွေရက် အကြာကြီးစောင့်ပီးမှပုပ်သွားမှာလဲမလိုလား၊ညီမ၀မ်းကွဲကိုအသည်းသန်ခေါ်passwordပေးပီးအပင်ရိတ်ခိုင်းရတယ်။

အဖြစ်ကဆိုးတယ်။ဆေးစွဲတာထက်ကိုဆိုးနေတာ။အပင်လေးတွေအကွက်ချတာကအစ၊အိမ်လေးတွေဝယ်အကောင်လေး
တွေလက်ဆောင်ရ၊စိတ်ကူးထဲမှာအိမ်ဆောက်တယ်ဆိုတာအဲဒါမှအစစ်၊ပျော်ဖို့လဲကောင်းတယ်။လက်တွေ့ဘ၀မှာမရနိုင်တဲ့
အရာတစ်ချို့ဂိမ်းလေးကစိတ်ဖြေသာအောင်လုပ်ပေးနေတာ။ဒီနေ့တော့ပိုကောင်းလာပီ။ပန်းပင်ရေလောင်ဖို့addonလေးတွေ
ထပ်ထည့်ပီး၊ပန်းပင်လေးတွေပါလက်ဆောင်ပေးလို့ရအောင်အများကြီးထပ်ထည့်လာတော့ထုံးစံအတိုင်းအလုပ်ရှုပ်ကြပီပေါ့။ အရင်ကကျွန်မညီမလေးကစိတ်မ၀င်စားဘူး၊အခုတော့သူလဲစနေပီ၊စွဲနေပီဆိုပါတော့။ညီမ၀မ်းကွဲဆိုခလေးခွဲမွေးတာဆေးရုံမှာ၊ ဒီနေ့မွေးနောက်နေ့မနက်စောကြီးFarmထဲကိုရောက်နေပီ။အခုတော့သူ့ယောက်ျားပါစွဲလာပီး..နှစ်ယောက်သားညဖက်ဆို Farmထဲမှာအလုပ်လုပ်နေကြလေရဲ့။ကျွန်မအချစ်ဆုံးသူငယ်ချင်းကတော့နေ့လည်မှာသူ့Farmကိုသူလုပ်ပီး၊ညပိုင်းကျတော့ သူ့ယောက်ျားကဆက်လုပ်တယ်။ အဲတော့ Day Shift Farmer နဲ့ Night Shift Farmer ပေါ့။ ကျွန်မက DSF နဲ့ NSF လို့ခေါ်တယ်။ သူတို့ကနှစ်ယောက်ပေါင်းနေ့ညအလုပ်လုပ်ကြတော့ level တက်တာအရမ်းမြန်တယ်။ uk က ကျွန်မ prof ကတော့ လူလည်ပါ။ သူက စတာနောက်ကျပေမယ့် စပျစ်သီးတွေ ဘဲစိုက်အဲဒါတွေရိတ်၊မြေထပ်ပျိုး၊ ထပ်ဆိုက်နဲ့ဆိုတော့အခုကျွန်မနဲ့ level တူနေပီ။ လယ်ကွက်ကကြီးလာလေ အချိန်ကုန်လေပါဘဲ။ အခုဆိုတော်တော့်ကိုပျင်းနေပီ၊ ပျင်းတယ်ဆိုတာမြေပျိုးဖို့ ပျင်းတာ၊ စိုက်ဖို့၊ အပင်လေးတွေ ကြီးလာရင်ပျော်လို့အဲဒီအပျော်လေးလိုချင်လို့အပင်ပန်းခံပီးမြေပျိုးအပင်စိုက်၊ သူငယ်ချင်းတစ်ချို့ကပြောပါတယ် အရေမရအဖတ်မရတဲ့... ချစ်သူက ညနက်ထိမအိပ်သေးရင် ပုန်းနေတာသိတယ်၊ ထွက်အဲဒီ Farm က၊ ဆိုပီးအားပေးရှာပါတယ်။ အဲဒီ Farm Town လေးဆော့နေရလို့၊ အပင်လေးတွေနဲ့စိတ်ကြိုက်ကမ္ဘာလေးဖန်တီး နေရလို့ရလာတဲ့စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုတွေကို ငွေနဲ့လဲလို့မရဘူးဆိုတာသူတို့တစ်နေ့နားလည်လာကြမှာပါ။း) Farm Town ဆော့သူများကူးကူးလိုဘဲပျော်ရွှင်စိတ်ချမ်းမြေ့ပါစေ။

ဒါကတော့ဒီနေ့ FT Status ပါ။ အသီးတွေများကြီးမှည့်နေပါပီ။ ညီမလေးကညဖက်ရိတ်ဖို့စရန်ရိုက်ထားပါတယ်။ အာလူးကလဲ ငါ့ကိုဒီနေ့မှပေးမရိတ်ရင် နင့်ခြံကိုဘူဒိုဇာနဲ့ထိုးပစ်မယ်၊ နင့်အိမ်ငါ့ကိုလျှော့ဈေးနဲ့ရောင်း၊ နင့်ခြံငါ့ကိုပေးပြောပါတယ်။း)

11 Comments:

sin dan lar said...

တို့သူငယ်ချင်း လင်မယားလည်း နေ့နဲ့ ည shift ခွဲပြီး အပင်စိုက်ကြတယ်...။ သူတို့ သူငယ်ချင်းဆို တရေးနိုးမှာ ထပြီး အသီးခူးရတယ်တဲ့.. ပုပ်ကုန်မှာစိုးလို့...။ အဲဒီ စွဲလမ်းမှုပြသနာတွေ ကြားဖူးနေလို့ ဝေါင်ဝေါင်ရွှေးနေတာ... :)))

မေလေး said...

ကူးကူး ရေ
ဝါသနာ တူတယ်ကွယ်..မေလေးလဲ အပင်စိုက်တာ သိပ်ဝါသနာ ပါတာ...အသက်ကြီးလာရင် အပင်စိုက်စားမယ် လို့ ဆုံးဖြတ်ထားတာ.....
ကူးကူးလဲဝါသနာပါရင် မေလေးရဲ့ ကြည်နူးရိပ်ကို လာခဲ့နော်
ကူးကူးကို ခင်တဲ့
မေလေး

ZT said...

ကျွန်တော်တော့ ဘာမှ မစိုက်ဘဲ ပစ်ထားလိုက်ပြီ။ လယ်ထွန်ရတာ စိတ်မရှည်လွန်းလို့။ အခုတော့ မာဖီးယားဘက် ရောက်နေပြီ။ :D

မိုးကောင်းသူ said...

အစ်မလဲ လယ်စိုက်တယ် ကူးကူးရေ။ ကိုယ်တော်ကြီး အကောင့်ထဲမှာပါ ၀င်စိုက်ထားတာ။ လယ် ၂ ကွက်နဲ့ အလုပ်ရှုပ်နေတာ။ အဟီးးးးးးးးးး

စန္ဒကူးမေ said...

sin dan lar ဟုတ်တယ်.. အဲလိုစွဲတာ.. ဝေါင်ဝေါင်ရှေးတာအကောင်းဆုံးဘဲ.. ဟိဟိ
မေလေး..ကူးကူးလဲအသက်ကြီးလာရင်..(အခုတောင်ပင်စင်ယူချင်ပီ) အပင်တွေစိုက်၊ ခြံရှေ့မှာဆိုင်ခန်းလေးနဲ့ကိုယ်တိုင်ရောင်း... အရမ်းလုပ်ချင်တာ..ခက်တာက တောင်ကီ.တီကောင် တော့ကြောက်တယ်..
ZT ကူးလဲ မာဖီးယားယောက်သွားသေးတယ် သူငယ်ချင်းကောင်လေးတစ်ယောက်သူက ရှေ့ကချပေးမယ် အဖွဲ့ဝင်ဖြစ်ပီးရောဆိုပီး..နောက်တော့ပျင်းလို့ဝင်တော့ဘူး..

mmt said...

မမကူးကူးရေ...မင်္ဂလာပါနော်..အမြဲရောက်ဖြစ်ပါတယ်။ comment တော့တခါမှမထားဖြစ်ဘူး။
FT game တွေ.လို. ...ညီမလဲစိုက်နေတယ်လေ..အပင်လေးတွေကြားမှာနေရတာစိတ်ချမ်းသာဖို.ကောင်းတယ်နော်....ခုမှစစိုက်တာ ၃ ရက်ပဲ့ရှိသေးတယ်...ပထမနေ.ကတော့ စပျစ်သီးတွေပုတ်သွားတယ်.... :P ပျင်းရင်ညီမယာခင်းလေးကို အလည်လာခဲ့နော်....

mmt said...

မမကူးကူးရေ...မင်္ဂလာပါနော်..အမြဲရောက်ဖြစ်ပါတယ်။ comment တော့တခါမှမထားဖြစ်ဘူး။
FT game တွေ.လို. ...ညီမလဲစိုက်နေတယ်လေ..အပင်လေးတွေကြားမှာနေရတာစိတ်ချမ်းသာဖို.ကောင်းတယ်နော်....ခုမှစစိုက်တာ ၃ ရက်ပဲ့ရှိသေးတယ်...ပထမနေ.ကတော့ စပျစ်သီးတွေပုတ်သွားတယ်.... :P ပျင်းရင်ညီမယာခင်းလေးကို အလည်လာခဲ့နော်....

mmt said...

မမကူးကူးရေ...မင်္ဂလာပါနော်..အမြဲရောက်ဖြစ်ပါတယ်။ comment တော့တခါမှမထားဖြစ်ဘူး။
FT game တွေ.လို. ...ညီမလဲစိုက်နေတယ်လေ..အပင်လေးတွေကြားမှာနေရတာစိတ်ချမ်းသာဖို.ကောင်းတယ်နော်....ခုမှစစိုက်တာ ၃ ရက်ပဲ့ရှိသေးတယ်...ပထမနေ.ကတော့ စပျစ်သီးတွေပုတ်သွားတယ်.... :P ပျင်းရင်ညီမယာခင်းလေးကို အလည်လာခဲ့နော်....

သဉ္ဇာ - Thinzar said...

ခြံလေးက ချစ်စရာလေး။ သဉ္ဖာလည်း အစက ပျင်းလာလို့ လယ်ဗယ် ၂၈ မှာ ပစ်ထားလိုက်တာ။ အခု ပန်းစိုက်လို့ရတယ်ဆိုလို့ ပြန်ဝင်စိုက်နေတယ်။ အပင်လေးတွေ မှည့်ရင် တကယ် ကြည်နူးဖို့ကောင်းတယ်။ တစ်ခါတစ်လေ ရိတ်ရမှာ နှမြောတသသ ဖြစ်မိတယ်။

Saungkyelphyu Khin said...

အစ်မကူးကူး ရဲ့ ဘလော့ဂ်ကို အမြဲဝင်ဖတ်ဖြစ်ပေမဲ့ ကွန့်မန့်တခါမှ မရေးဖူးဘူး။ ခုတော့ အကြိုက်ချင်းတူနေလို့။ ကျမလည်း အဲ့ Farm Town game ကို Facebook မှာဆော့တယ်။ စွဲတာကတော့ အစ်မရေ..အိပ်မက်တောင်မက်တဲ့ထိ။
Level 30 ရောက်ပြီ။

TnT said...

i ka tot main ma ya loh ka lay taung ya p, cow tway sheep tway lal a kyiii kyiii tway.... house ka lal special pal... :)

Post a Comment

ကူးကူးရေ...

 
Powered by Blogger