Skip to main content

စွဲလန်းမှုနောက်ကွယ်မှပျော်ရွှင်မှု

စွဲလန်းaddictedဖြစ်တာဖြစ်တာ၊ဆင်ခြေမပေးနဲ့မပြောပါနဲ့။ဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းရင်းမြစ်ကလဲရှိသေးသကိုး။
အခုရက်ပိုင်းမှာခေါင်းကဒုက္ခပေးလာတာကြောင့်ဘာမှမစဉ်းစားချင်တာနဲ့အိပ်နေတာများတယ်။ငြိမ်ငြိမ်တော့အိပ်လို့ဘယ်ရ
မလဲလေ။ကွန်ပြူတာကခေါင်းအုံးဘေးမှာဆိုတော့ကိုယ့်ဘလော့ထဲကိုယ်ဝင်၊ဘလော့ထဲမှာထည့်ထားတဲ့သူများတွေရဲ့
ဘလော့အိမ်တစ်ကာလိုက်လည်။ကောမန့်တော့မရေးခဲ့နိုင်လို့မရေးဖြစ်တာများတယ်။စာဘဲလိုက်ဖတ်တာ။နဲနဲခေါင်းထောင်
လို့ရရင်Farmထဲဝင်၊အဲဒါကလဲဆိုးတယ်။ပြီးခဲ့တဲ့(၄)ရက်ကျော်လောက်ကအင်တာနက်ကော်နက်ရှင်ပျက်တာတစ်နေကုန်ဘဲ။ အဲဒီနေ့ညမှာရွှေဖရုံသီးတွေမှည့်မယ့်အချိန်နဲ့တိုက်ဆိုင်နေတော့စိတ်ပူလိုက်တာ၊တစ်ခင်းလုံးနီးပါးစိုက်ထားတဲ့အပင်တွေရက် အကြာကြီးစောင့်ပီးမှပုပ်သွားမှာလဲမလိုလား၊ညီမ၀မ်းကွဲကိုအသည်းသန်ခေါ်passwordပေးပီးအပင်ရိတ်ခိုင်းရတယ်။

အဖြစ်ကဆိုးတယ်။ဆေးစွဲတာထက်ကိုဆိုးနေတာ။အပင်လေးတွေအကွက်ချတာကအစ၊အိမ်လေးတွေဝယ်အကောင်လေး
တွေလက်ဆောင်ရ၊စိတ်ကူးထဲမှာအိမ်ဆောက်တယ်ဆိုတာအဲဒါမှအစစ်၊ပျော်ဖို့လဲကောင်းတယ်။လက်တွေ့ဘ၀မှာမရနိုင်တဲ့
အရာတစ်ချို့ဂိမ်းလေးကစိတ်ဖြေသာအောင်လုပ်ပေးနေတာ။ဒီနေ့တော့ပိုကောင်းလာပီ။ပန်းပင်ရေလောင်ဖို့addonလေးတွေ
ထပ်ထည့်ပီး၊ပန်းပင်လေးတွေပါလက်ဆောင်ပေးလို့ရအောင်အများကြီးထပ်ထည့်လာတော့ထုံးစံအတိုင်းအလုပ်ရှုပ်ကြပီပေါ့။ အရင်ကကျွန်မညီမလေးကစိတ်မ၀င်စားဘူး၊အခုတော့သူလဲစနေပီ၊စွဲနေပီဆိုပါတော့။ညီမ၀မ်းကွဲဆိုခလေးခွဲမွေးတာဆေးရုံမှာ၊ ဒီနေ့မွေးနောက်နေ့မနက်စောကြီးFarmထဲကိုရောက်နေပီ။အခုတော့သူ့ယောက်ျားပါစွဲလာပီး..နှစ်ယောက်သားညဖက်ဆို Farmထဲမှာအလုပ်လုပ်နေကြလေရဲ့။ကျွန်မအချစ်ဆုံးသူငယ်ချင်းကတော့နေ့လည်မှာသူ့Farmကိုသူလုပ်ပီး၊ညပိုင်းကျတော့ သူ့ယောက်ျားကဆက်လုပ်တယ်။ အဲတော့ Day Shift Farmer နဲ့ Night Shift Farmer ပေါ့။ ကျွန်မက DSF နဲ့ NSF လို့ခေါ်တယ်။ သူတို့ကနှစ်ယောက်ပေါင်းနေ့ညအလုပ်လုပ်ကြတော့ level တက်တာအရမ်းမြန်တယ်။ uk က ကျွန်မ prof ကတော့ လူလည်ပါ။ သူက စတာနောက်ကျပေမယ့် စပျစ်သီးတွေ ဘဲစိုက်အဲဒါတွေရိတ်၊မြေထပ်ပျိုး၊ ထပ်ဆိုက်နဲ့ဆိုတော့အခုကျွန်မနဲ့ level တူနေပီ။ လယ်ကွက်ကကြီးလာလေ အချိန်ကုန်လေပါဘဲ။ အခုဆိုတော်တော့်ကိုပျင်းနေပီ၊ ပျင်းတယ်ဆိုတာမြေပျိုးဖို့ ပျင်းတာ၊ စိုက်ဖို့၊ အပင်လေးတွေ ကြီးလာရင်ပျော်လို့အဲဒီအပျော်လေးလိုချင်လို့အပင်ပန်းခံပီးမြေပျိုးအပင်စိုက်၊ သူငယ်ချင်းတစ်ချို့ကပြောပါတယ် အရေမရအဖတ်မရတဲ့... ချစ်သူက ညနက်ထိမအိပ်သေးရင် ပုန်းနေတာသိတယ်၊ ထွက်အဲဒီ Farm က၊ ဆိုပီးအားပေးရှာပါတယ်။ အဲဒီ Farm Town လေးဆော့နေရလို့၊ အပင်လေးတွေနဲ့စိတ်ကြိုက်ကမ္ဘာလေးဖန်တီး နေရလို့ရလာတဲ့စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုတွေကို ငွေနဲ့လဲလို့မရဘူးဆိုတာသူတို့တစ်နေ့နားလည်လာကြမှာပါ။း) Farm Town ဆော့သူများကူးကူးလိုဘဲပျော်ရွှင်စိတ်ချမ်းမြေ့ပါစေ။

ဒါကတော့ဒီနေ့ FT Status ပါ။ အသီးတွေများကြီးမှည့်နေပါပီ။ ညီမလေးကညဖက်ရိတ်ဖို့စရန်ရိုက်ထားပါတယ်။ အာလူးကလဲ ငါ့ကိုဒီနေ့မှပေးမရိတ်ရင် နင့်ခြံကိုဘူဒိုဇာနဲ့ထိုးပစ်မယ်၊ နင့်အိမ်ငါ့ကိုလျှော့ဈေးနဲ့ရောင်း၊ နင့်ခြံငါ့ကိုပေးပြောပါတယ်။း)

Comments

  1. တို့သူငယ်ချင်း လင်မယားလည်း နေ့နဲ့ ည shift ခွဲပြီး အပင်စိုက်ကြတယ်...။ သူတို့ သူငယ်ချင်းဆို တရေးနိုးမှာ ထပြီး အသီးခူးရတယ်တဲ့.. ပုပ်ကုန်မှာစိုးလို့...။ အဲဒီ စွဲလမ်းမှုပြသနာတွေ ကြားဖူးနေလို့ ဝေါင်ဝေါင်ရွှေးနေတာ... :)))

    ReplyDelete
  2. ကူးကူး ရေ
    ဝါသနာ တူတယ်ကွယ်..မေလေးလဲ အပင်စိုက်တာ သိပ်ဝါသနာ ပါတာ...အသက်ကြီးလာရင် အပင်စိုက်စားမယ် လို့ ဆုံးဖြတ်ထားတာ.....
    ကူးကူးလဲဝါသနာပါရင် မေလေးရဲ့ ကြည်နူးရိပ်ကို လာခဲ့နော်
    ကူးကူးကို ခင်တဲ့
    မေလေး

    ReplyDelete
  3. ကျွန်တော်တော့ ဘာမှ မစိုက်ဘဲ ပစ်ထားလိုက်ပြီ။ လယ်ထွန်ရတာ စိတ်မရှည်လွန်းလို့။ အခုတော့ မာဖီးယားဘက် ရောက်နေပြီ။ :D

    ReplyDelete
  4. အစ်မလဲ လယ်စိုက်တယ် ကူးကူးရေ။ ကိုယ်တော်ကြီး အကောင့်ထဲမှာပါ ၀င်စိုက်ထားတာ။ လယ် ၂ ကွက်နဲ့ အလုပ်ရှုပ်နေတာ။ အဟီးးးးးးးးးး

    ReplyDelete
  5. sin dan lar ဟုတ်တယ်.. အဲလိုစွဲတာ.. ဝေါင်ဝေါင်ရှေးတာအကောင်းဆုံးဘဲ.. ဟိဟိ
    မေလေး..ကူးကူးလဲအသက်ကြီးလာရင်..(အခုတောင်ပင်စင်ယူချင်ပီ) အပင်တွေစိုက်၊ ခြံရှေ့မှာဆိုင်ခန်းလေးနဲ့ကိုယ်တိုင်ရောင်း... အရမ်းလုပ်ချင်တာ..ခက်တာက တောင်ကီ.တီကောင် တော့ကြောက်တယ်..
    ZT ကူးလဲ မာဖီးယားယောက်သွားသေးတယ် သူငယ်ချင်းကောင်လေးတစ်ယောက်သူက ရှေ့ကချပေးမယ် အဖွဲ့ဝင်ဖြစ်ပီးရောဆိုပီး..နောက်တော့ပျင်းလို့ဝင်တော့ဘူး..

    ReplyDelete
  6. မမကူးကူးရေ...မင်္ဂလာပါနော်..အမြဲရောက်ဖြစ်ပါတယ်။ comment တော့တခါမှမထားဖြစ်ဘူး။
    FT game တွေ.လို. ...ညီမလဲစိုက်နေတယ်လေ..အပင်လေးတွေကြားမှာနေရတာစိတ်ချမ်းသာဖို.ကောင်းတယ်နော်....ခုမှစစိုက်တာ ၃ ရက်ပဲ့ရှိသေးတယ်...ပထမနေ.ကတော့ စပျစ်သီးတွေပုတ်သွားတယ်.... :P ပျင်းရင်ညီမယာခင်းလေးကို အလည်လာခဲ့နော်....

    ReplyDelete
  7. မမကူးကူးရေ...မင်္ဂလာပါနော်..အမြဲရောက်ဖြစ်ပါတယ်။ comment တော့တခါမှမထားဖြစ်ဘူး။
    FT game တွေ.လို. ...ညီမလဲစိုက်နေတယ်လေ..အပင်လေးတွေကြားမှာနေရတာစိတ်ချမ်းသာဖို.ကောင်းတယ်နော်....ခုမှစစိုက်တာ ၃ ရက်ပဲ့ရှိသေးတယ်...ပထမနေ.ကတော့ စပျစ်သီးတွေပုတ်သွားတယ်.... :P ပျင်းရင်ညီမယာခင်းလေးကို အလည်လာခဲ့နော်....

    ReplyDelete
  8. မမကူးကူးရေ...မင်္ဂလာပါနော်..အမြဲရောက်ဖြစ်ပါတယ်။ comment တော့တခါမှမထားဖြစ်ဘူး။
    FT game တွေ.လို. ...ညီမလဲစိုက်နေတယ်လေ..အပင်လေးတွေကြားမှာနေရတာစိတ်ချမ်းသာဖို.ကောင်းတယ်နော်....ခုမှစစိုက်တာ ၃ ရက်ပဲ့ရှိသေးတယ်...ပထမနေ.ကတော့ စပျစ်သီးတွေပုတ်သွားတယ်.... :P ပျင်းရင်ညီမယာခင်းလေးကို အလည်လာခဲ့နော်....

    ReplyDelete
  9. ခြံလေးက ချစ်စရာလေး။ သဉ္ဖာလည်း အစက ပျင်းလာလို့ လယ်ဗယ် ၂၈ မှာ ပစ်ထားလိုက်တာ။ အခု ပန်းစိုက်လို့ရတယ်ဆိုလို့ ပြန်ဝင်စိုက်နေတယ်။ အပင်လေးတွေ မှည့်ရင် တကယ် ကြည်နူးဖို့ကောင်းတယ်။ တစ်ခါတစ်လေ ရိတ်ရမှာ နှမြောတသသ ဖြစ်မိတယ်။

    ReplyDelete
  10. Saungkyelphyu KhinJune 19, 2009 at 3:01 PM

    အစ်မကူးကူး ရဲ့ ဘလော့ဂ်ကို အမြဲဝင်ဖတ်ဖြစ်ပေမဲ့ ကွန့်မန့်တခါမှ မရေးဖူးဘူး။ ခုတော့ အကြိုက်ချင်းတူနေလို့။ ကျမလည်း အဲ့ Farm Town game ကို Facebook မှာဆော့တယ်။ စွဲတာကတော့ အစ်မရေ..အိပ်မက်တောင်မက်တဲ့ထိ။
    Level 30 ရောက်ပြီ။

    ReplyDelete
  11. i ka tot main ma ya loh ka lay taung ya p, cow tway sheep tway lal a kyiii kyiii tway.... house ka lal special pal... :)

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ