Pages

Tuesday, June 2, 2009

ပန်းကြွေ

အကြွေပန်းမို့
မြေလမ်းမှာခ ရတာ
မဆန်းပေမယ့်...

လေအနမ်းမှာ
ပင်မှာရမ်း ခွင့်
မသာတော့သာမို့
ဦးဆိုက်ကျခြွေ
မလန်းသာပေဘူး..

မိုးဦးသန်းတော့
စွတ်ဆိုနွမ်းရိ
အလှမန်ဝင့်ချင်လည်း
အလှမ်းမသာတော့ပြန်ပါဘူး....

5 Comments:

Bino said...

မိုးဦးသန်းတော့
စွတ်ဆိုနွမ်းရိ
အလှမန်ဝင့်ချင်လည်း
အလှမ်းမသာတော့ပြန်ပါဘူး....

I felt sorrow coz of your impressive poem.
I got crazy coz of sadness photos.
Bino

မြူး said...

ကူကူးရေးးးးး
မိုက်တယ်ကဗျာလေး
ရေလည်လန်းတယ်
ဟီးးးးးသူများတွေလိုရေးကြည့်တာ
တာ့ တာနော်

စန္ဒကူးမေ said...

ကူးကူးလဲကဗျာလေးတွေအရမ်းချစ်တယ်.
သူများတွေလိုတော့မရေးတတ်ပေမယ့်
တစ်ခါတစ်လေတိုက်ဆိုင်တာလေးတွေရှိလာ
ရင်..ရင်ထဲကစကားလုံးလေးတွေထွက်လာတာ...
အဆင့်မှီကဗျာလေးတော့မဟုတ်ပါဘူး..
ရင်ထဲကခံစားချက်လေးကိုသွန်ချလိုက်တာကို
နှလုံးသားနဲ့ခံစားနားလည်ပေးတဲ့ မြူးနဲ့ Bino ကိုကျေးဇူးပါ။

ချစ်အုန်းဖေ said...

မိုးဦးသန်း တွယ်ရင်တော့နေ့ တိုင်းခေါင်းလျှော်မှရမယ်။

လင်းဦး(စိတ်ပညာ) said...

ဒီလို စပ်နည်းမျိုးတွေ ရှားသွားပြီဗျ..

"လေအနမ်းမှာ
ပင်မှာရမ်း ခွင့်
မသာတော့သာမို့
ဦးဆိုက်ကျခြွေ
မလန်းသာပေဘူး.."

တော်တော်လေးကို ကောင်းတယ်...

Post a Comment

ကူးကူးရေ...

 
Powered by Blogger