Skip to main content

ခရီးသွားအတွေ့ကြုံနှင့်ပဲချဉ်ပေါင်ရှယ်

ကျွန်မခရီးသွားခဲ့ပါတယ်။ ညီမအငယ်ဆုံးလေးဘွဲ့ယူတာကိုသွားတာပါ။ ဘန်ကောက်မှာပေါ့။ ခဏခဏ
ဖြတ်သွားဖြတ်လာရှိပေမယ့်တစ်ခါမှဘန်ကောက်ထဲကိုမ၀င်တာကတော့အညင်ကတ်လို့ပါ။ ဗီဇာလျှောက်
တာကအစကျွန်မအခုရှိတဲ့နိုင်ငံကနေဆိုရင်အမေရိကားဗီဇာလျှောက်တာပိုလွယ်ပါလိမ့်မယ်။ရစ်လိုက်
တာလဲဂျပန်ဝက်အူထက်ဆိုးပါတယ်။ဘဏ်စာရင်းကအစအသေးစိတ်တောင်းပါတယ်။ဓာတ်ပုံတောင်မှ
သူတို့လိုချင်တဲ့ဆိုဒ်၊နောက်ခံဘက်ဂရောင်းအဆင့်ဆင့်ပြီးတော့ရှိသေးတယ်ဗီဇာကြေး၊စင်ကာပူလိုနိုင်
ငံကိုဝင်တာတောင်ဗီဇာကြေးအဲလောက်မပေးရသလိုအဲလောက်လဲမရစ်ပါဘူး။အေးပေါ့လေ၊ အိမ်နီး
ခြင်းနိုင်ငံကဆိုတော့သိပ်ချစ်ကြသကိုး။ပြောကိုမပြောချင်ဘူး (ပြောပြီးသွားပီ..ဟိဟိ)
ကျွန်မဘန်ကောက်သွားမယ်ဆိုတော့ဒီကသူငယ်ချင်းတွေကရော၊ကျွန်မကိုယ်တိုင်ကပါအ၀တ်စားရှိ
တစ်ဝက်လောက်ကိုမုန်တိုင်းထိတဲ့သူတွေကိုပေးမယ်ဆိုပြီးကျွန်မဟိုမှာဝတ်ဖို့ဝတ်စုံနှစ်ခုကလွဲလို့ဘာ
မှမသယ်ဘဲကျန်တာမြန်မာပြည်ပို့မယ့်အ၀တ်စားတွေကိုသယ်ပါတယ်။မသွားခင်ကကျွန်မအိတ်ကို
သေချာချိန်တယ်။ ၁၅ကီလို၊ ပြီးတော့နောက်တစ်ထုတ်က ၅ ကီလိုကျော်ကျော်.handcarry ကိုတော့
မပြောတော့ဘူး။ မာမီကဒီကသစ်ခွပန်းလေးဆန်းတာကြိုက်လို့ဆိုပြီးကျွန်မလူလည်ကျပြီးအခြားသစ်
ခွအတုတွေနဲ့ရော၊ပန်းအစစ်နဲနဲနဲ့ပန်းစည်းကြီးကြီးလုပ်ပြီးအရင်းမှာထုပ်ချည်၊ပြီးတော့flowerexpress
ကdelievery box ထဲကိုထည့်ပြီးသယ်သွားတယ်။သစ်ခွသယ်လို့မရဘူးလေ။ ဒီမှာမိရင်တော့ကွိဘဲ။
ဒါပေမယ့်ချောမောမောအဲဒီပန်းပင်လေးမြန်မာအိမ်ထိရောက်သွားပါတယ်။ ဥဏ်ကြီးရှင်ပေကိုး..သိ
တယ်မဟုတ်လား။ထားပါတော့။ check-in ကောင်တာရောက်တော့ကျွန်မကိုကီလိုပိုတယ်တဲ့။ဒါက
ဘယ်လိုဖြစ်။ အိုကေဘာလို့ပိုရမှာလဲကျွန်မသေချာချိန်လာတာ။ ရှိုးထုတ်မယ့်အိကျီတောင်မသယ်
လာတဲ့ကိစ္စ။သူတို့ပိုတယ်ဆိုတော့ဘာတတ်နိုင်မှာလဲ။ဒီတော့တောင်းပန်ရတာပေါ့ ကီလိုနဲနဲပိုတာ
သယ်ခွင့်ပြုပါ။ဒါသူများမြန်မာပြည်ကိုပို့ပေးလိုက်တဲ့အိကျီတွေပါ။ (သူတို့လဲသိတာဘဲ။သတင်းစာ
Headline မှာအကြီးကြီးကိုနေ့တိုင်လိုလိုပါနေတဲ့ကိစ္စ) ကျွန်မကသတ်သတ်ခွဲပို့လို့ရအောင်သေချာ
ဗူးနဲ့ထုတ်ပြီးစာတောင်ကပ်ထားသေး။ မရပါဘူးတဲ့။ကျွန်မကိုပိုက်ဆံတောင်းပါလေရော..ဒေါ်လာ
နဲ့ပြန်တွက်ရင် ၈၀ နီးပါး။ ကျွန်မတော်တော်စိတ်တိုသွားတယ်။ ကျွန်မပြောလိုက်တယ်။ ဒီမှာ အဲဒီ
ပိုက်ဆံငါတို့နိုင်ငံမှာသာမာန်လူတစ်ယောက်တစ်လလုံးလုပ်တဲ့လခနဲ့ညီတယ်။ဒုက္ခသည်တွေကို
ပေးမယ့်ကိစ္စနင်တို့မို့ဒီလောက်တောင်းရက်တယ်။ ကောင်းပြီလေ..သိရတာပေါ့။ဒီတစ်ခါနင်တို့
airline သုံးတာနောက်ဆုံးဘဲလို့ပြောမှမျက်စိပျက်မျက်နှာပျက်နဲ့။ကျွန်မအဲဒီအထုတ်ကိုကားကို
ပြန်လှမ်းခေါ်ပြီးလှည့်ယူခိုင်းလိုက်တယ်။တစ်လမ်းလုံးတော့မကျေနပ်ဘူး။ထားပါလေးနောက်ဆုံး
တော့ဘန်ကောက်လေယဉ်ကွင်းကိုရောက်လာပါပြီ။ လေယဉ်မောင်ကချောသား ဟိဟီးးးး
ကျွန်မအဆင်းမှာကျေးဇူးတင်ပါတယ်လို့လှမ်းပြောလိုက်သေးတယ်။ကျွန်မကမြန်မာစကားပြော
တတ်တာအံ့သြလို့။
ညီမလေးတက်တဲ့ကျောင်းကဆာရာဘူရီဘက်မှာဆိုတော့လေယဉ်ကွင်းရောက်တာနဲ့လာကြိုတဲ့
ကားနဲ့ကျောင်းဝင်းဆီသွားတာ၂နာရီလောက်ကြာတယ်။ ဒါတောင်မှမိုင် ၁၃၀ နှုန်းနဲ့မောင်းတာ။
တော်တော်စိတ်လေသွားတယ်။ကားစီးရတာကြာလို့။ ဟိုရောက်တော့အစစအရာအရာအစဉ်ပြေ
ပါတယ်။ နေရတာရော..စားရတာရော..ဓာတ်ပုံတွေကတော့ဟိုရိုက်ဒီရိုက်ပေါ့။ကျောင်းဝင်းက
အရမ်းလှတယ်။တော်တော့်ကိုလှတာ..ဒီလောက်ခြံအကြီးကြီးကိုသန့်ရှင်းလှပနေအောင်ထိမ်း
သိမ်းရတာကုန်ကျစရိတ်တော့နည်းမယ်မထင်ဘူး။ သူတို့ဘုရင့်သမီးတော်ကနေ့လည်မှာဘွဲ့
လက်မှတ်လာပေးမယ်ဆိုတော့လုံခြုံရေးတွေ၊နန်းတော်ကပန်းအလှပြင်အဖွဲတွေပန်းတွေ
လမ်းတောက်လျှောက်မှာဆင်ထားတာ..အိုးအို...တော်တော့ကိုတန်ဖိုးကြီးတဲ့ပန်းတွေ။
မျက်နှာကိုတောင်မော်မကြည့်ရဘူး၊လက်မှတ်လှမ်းယူရင်...ညီမလေးကတော့ international
program ဆိုတော့သူ့လက်မှတ်က အမေရိကားက university တစ်ခုကပေးတာဆိုတော့
ဘုရင့်သမီးတော်ပေးပွဲကိုသွားစရာမလိုဘူး။ အဲဒါအဓိက ထိုင်းနိုင်ငံကပေးတဲ့ဘွဲ့လက်မှတ်တွေ
ကိုသူကလာချီးမြင့်ပေးအပ်တာပေါ့..
ညီမလေးကဘွဲ့နှင်းသဘင်မတိုင်ခင်လေးမှာစာမေးပွဲအတွက်အလုပ်များနေတဲ့အချိန်သူ့သူငယ်
ချင်းကောင်မလေးတစ်ယောက်ကတစ်ခြားအဆောင်ကနေcalculatorလှမ်းဌားလို့သူကအမြန်
ပြေးဆင်းရင်းအမှောင်မှာချော်လဲတာလက်ကဘာအစူးနစ်ဝင်သွားလဲမသိဘူးဆေးခန်းသွား
ပြတော့တော်တော်နက်တယ်။ချုပ်ရမယ်ဒါပေမယ့်ဘွဲ့ယူရအုံးမယ်ဆိုတော့နောက်မှချုပ်မယ်။
ဘွဲယူပြီးပြီးချင်းနောက်နေ့မှာဆေးရုံသွားချုပ်ရပါတယ်။ အိမ်မှာတော့ မောင်လေးနဲ့အန်ကယ်
ဘဲကျန်ခဲ့တယ်။ သူတို့ကခြံထဲလမ်းလျှောက်ပတ်ကြည့်ကြမယ်ဆိုထွက်သွားတော့ကျွန်မပျင်း
ပျင်းနဲ့တစ်ယောက်ထဲအိမ်နောက်ဖက်ကိုထွက်.. barbecueလုပ်စားတဲ့နေရာနောက်ဖက်သွား
အပင်တွေတွေ့တာနဲ့ရေလောင်းမယ်ဆိုပြီးပိုက်ကိုဆွဲ၊ ရေလောင်းရင်းအိမ်ဘေးမှာစိုက်ထား
တဲ့ရှားစောင်လက်ပပ်အပင်နဲ့နှင်းဆီခြုံတွေအရောက်အိမ်ထဲကိုပိုက်နဲ့ရေဖျန်းတာဝင်မှာစိုးလို့
အိမ်ပြတင်းပေါက်ကိုလှမ်းပိတ်တာမမှီလို့ခုန်ပြီးပိတ်လိုက်တာခြေချော်ပြီး ရှားစောင်းပင်နဲ့
နှင်းဆီခြုံထဲကိုတန်းမှောက်ရက်ကျတာ...အာာာာာာာာာာာာာာာာာာာားးးးးးးးးးးးးးးးးးးးး
နာလိုက်တာသတိတော့ထားမိတာနဲ့မျက်နှာထိမှစိုးလို့မော့ပြီးအိမ်နံရံကိုလှမ်းကိုင်ပြီးမော့
လိုက်တော့ခါးကိုထိသွားပါတယ်။ လက်မှာရော၊ပေါင်ပေါ်မှာ၊ဒူးတွေလဲသွေးတွေထွက်
အခြစ်ရာတွေက ကျားနဲ့နင်လားငါလား။ နာလဲနာ။ ပြန်ရောက်ရင်အငြိမ်မနေရကောင်းလား
ဆိုပြီးဆူခံရမှာလဲကြောက်တော့ကိုယ့်ဘာသာကိုယ်လူးလဲထပြီးအနာတွေကိုရေဆေး။ပြီး
မတွေ့အောင်လို့ဘောင်းဘီရှည်တစ်ထည်ကောက်စွပ်ပြီးဧည့်ခန်းမှာငြိမ်ငြိမ်လေးထိုင်နေ
တယ်။သိပ်မကြာဘူးမာမီတို့ဆေးရုံကပြန်ရောက်လာပါတယ်။ ကျွန်မကထိုင်နေရင်အကောင်း
တစ်ခုခုထလုပ်ရင်တစ်ခုမဟုတ်တစ်ခုဖြစ်လို့အိမ်ကဘာဆိုဘာမှမခိုင်းတာ။ မျက်နှာငယ်လေး
နဲ့ထိုင်နေတာမာမီတို့ဝင်တာနဲ့ချက်ချင်းသိတယ်။ လက်မှာဆူးခြစ်ရာတွေနဲ့။ဘာဖြစ်လဲ...
ဆေးရုံသွားမလားရှုပ်နေတာ..ခုမှညီမလေးကဆေးရုံပြန်လာတယ်ကျွန်မကထပ်သွားရရင်
မဖြစ်သေးဘူး။ မနာချင်ယောင်ဆောင်နေရတယ်။ ခါးကတော့အဲဒီနေ့ကမနာသေးဘူး...
နောက်ပြန်မှနာတာ...ဒီကိုပြန်ရောက်တော့ညီမလေးflight ကညနေမှရောက်မှာ၊ ကျွန်မက
စင်ကာပူကလှည့်ပြန်တော့ မနက်ပိုင်းရောက်တော့လေယဉ်ကွင်းမှာတစ်နေကုန်ထိုင်နေတာ
အေးကလဲအေး..နဲ့ အိမ်ပြန်ရောက်ပြီးနောက်နေ့ကနေ နှစ်ပတ်တိတိအိပ်ရာပေါ်မှာပက်လက်
ကလေးပါ..တော်တော့ကိုခံလိုက်ရပါတယ်။ အငြိမ်မနေခြင်းအပြစ်ဒဏ်။ ညီမလေးရှိတော့
သူဘဲချက်ကြွေးလိုက်၊သူငယ်ချင်းကိုကြီးနဲ့ကျော်ကျော်ကလာချက်ပေးလိုက်နဲ့ဒီလိုဘဲဖြတ်
သန်းလာရတာ...တော်တော်ဆိုးတယ်...
ညီမလေးကညနေတိုင်းရေပူရေအေးကပ်ပေးတယ်။ သူဘဲနှိပ်၊ သူဘဲဒေါက်တို ပြန်လုပ်နေတာ။
သူပြန်သွားပြီးနှစ်ရက်လောက် ဆေးတွေသောက်ပြီးအိပ်လိုက် နိုးလိုက်ပြန်အိပ်လိုက်နဲ့။ ဒီနေ့
တော့တော်တော်ထူထောင်လာပါပြီ။ အလုပ်တွေတောင်လိုပုံနေတာကိုတစ်ဝက်တိတိရှင်းလိုက်
ပြီးတော့အိမ်ပြန်လာတယ်။ဟင်းလေးဘာလေးချက်စားမှလို့စဉ်းစားတော့ပဲအထုတ်လေးသယ်
လာပြီးကိုယ်တိုင်လာရောက်ပေးသွားတဲ့သူတစ်ယောက်ကိုသတိရလို့ပဲချက်မယ်ဆိုပြီးပြုပ်တာ
မီးကတစ်ဖြည်းဖြည်းနဲ့အရှိန်ပြင်းလာလားမသိတူးသွားပါတယ်။ တူးတာကိုချက်ချင်းသိလောက်
အောင်ကျွန်မကတော်ပါတယ်။ ပြေးပြီးပဲတွေကိုမှောက်ချတူးတဲ့ဟာတွေကိုတော့လွှင့်ပစ်ရတာ
ပေါ့။ ကျန်တာတွေကတော့ကောင်းပါသေးတယ်။ နဲနဲတူးနံ့လေးဘဲကျန်တာ။ အဲဒါကိုကြက်သွန်
ဖြူ/နီ ဂျင်းဆီချက်သတ်ပြီး ပဲတွေကိုထည့်ချက်၊ အနံ့လေးမွှေးသွားအောင်မဆလာနဲ့ ခြံထွက်
ပူတီနံလေးပါအုပ်လိုက်တယ်။ အရသာကတော့တစ်ကယ့်ရှယ်ပါ...မြည်းကြည့်ကြအုံး.

ြီပီးတော့ရှိသေး..အိမ်နောက်မှာမာမီစိုက်သွားပေးတဲ့ချဉ်ပေါင်ပင်တွေပိန်ရှည်ရှည်ဖြစ်နေလို့
အပင်ကားထွက်အောင်အထိပ်တွေဖြတ်လိုက်တာ ချဉ်ပေါင်ကျိုတစ်ယောက်စာရပါတယ်လေ.
ရေစင်စင်ဆေး၊ အိုးထဲထည့်မွှေ၊ ကြက်သွန်နီကိုလှီးထည့်၊ ငရုတ်သီးစိမ်းကိုထက်ခြမ်းခြမ်းပြီး
လှီးထည့်၊ ပြီးတော့ အိုးကပ်လာရင်ရေထပ်ထည့်မွှေ၊ (ဒါမှပိုချဉ်မှာ၊ဆီထည့်လိုက်ရင်မွှေလို့
မရတော့ဘူး) ပြီးဆားနဲချိုမှုန့်နဲနဲထည့်၊ စိမ်းစားငါးပိနဲနဲထည့်၊ ငါးငံပြာရည်သုံးလေးစက်
ထည့်မွှေ..ရလောက်ပြီဆိုတာနဲ့ဆီနဲနဲထည့်ရမှာကို ဆီပုလင်းကအပေါက်ကျယ်တာကိုမေ့
ပြီးလောင်းပြီးထည့်လိုက်တော့ ဆီတွေဗရပွနဲ့ပျက်ခါနီးဘဲ။ချက်ချင်းဆီတွေပြန်ခပ်ထုပ်...
စားလို့တော့ကောင်းပါတယ်..ဆီနဲနဲများသွားတာကလွဲလို့။
ဟူးးးးးးးးမောတယ်။ စိတ်နဲ့လူနဲ့မကပ်ဘူး....ဘယ်သူများပြုစားထားလဲမသိဘူး...

ကဲဒီဖားလေးကဘယ်ကရောက်လာပါလိမ့်... ခြံထဲမှာလမ်းလျှောက်ရင်းတွေ့လို့ရိုက်ထားတာ။
ကျွန်မကိုလက်ဆောင်ပေးတဲ့ဖားလေးနှစ်ကောင်သီချင်းဆိုတာနဲ့ရုပ်ဆင်လို့..
ပြီးတော့ ရင်ထိုးလေးဖားအစိမ်းရောင်လေးလဲထပ်ရသေးတယ်...
ကြွားတာ..ဟဲဟဲ

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ပဲပြုပ် Sprouted Yellow Pea

နည်းပေါင်းစုံနဲ့စမ်းကြည့်ပီးအဆင်ပြေလို့ ထပ်ရှယ်လိုက်ပါတယ်။ Yellow Pea ပဲစေ့လေးတွေကိုရေတစ်ညစိမ်၊ ဇကာနဲ့စစ်ပြီး ရေတစ်ရက် ၂ခါလောင်းပေးပြီးအဖုံးအုပ်ထားရင် ၂ရက်ဆို အမြီးလေးနဲ့ပဲလေးတွေအဆင်သင့်ရပါပြီ။ ဇလုံထဲကိုပဲညှောင့်စေ့လေးတွေထည့်၊ ပဲငံပြာရည်အချိ ုရယ်၊ ထညက်ခဲလေးတွေခြေထားတာရယ်ကို (အချိ ုပမာဏကကိုယ့်စိတ်ကြိ ုက်ကိုယ်ထည့်ပါမယ်) ထည့်ပြီး လက်လေးနဲ့ဖွဖွလုံးပြီးနယ်လိုက်ပါ။ ပဲကအရေလေးတွေနဲနဲထွက်လာမယ် ဒီတိုင်းဘဲအကုန်ပေါင်းအိုးထဲထည့်ပါ။ ရေလုံးဝထပ်မထည့်ပါဘူး၊ ကူးအတွက်တော့ဆောဒါလဲမတည့်လို့မထည့်ပါဘူး။ ပေါင်းအိုးစတည်ပြီး ၁၀ ခါအသံမြည်အော် ပြီးတာနဲ့ မီးပိတ်လိုက်ပါ။  အေးတဲ့အထိခဏစောင့်ပြီး ရင်တော့ ပဲလုံးပုံမပျက်ဘဲ အရမ်းနူးအိပြီး အရသာရှိတဲ့ပဲပြုတ်ချို စိမ့်လေးရပါပြီ။ 1  2  3 4

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...