Skip to main content

ခံစားချက်စူးရှရှ

ကျွန်မအခုတစ်လောစိတ်တွေလွင့်နေပါတယ်။ ဘယ်ကိုမှန်းမသိတော့ဘူး။ စကားပြောရင်
လဲတောင်ရောက်မြောက်ရောက်.. တစ်ခါတစ်လေကိုယ်ဘယ်သူ့ကိုစကားပြောနေမှန်းတောင်
သတိမထားမိဘူး။ ဒါစိတ်ဖိစီးမှုရောဂါလို့ခေါ်မလား။ စိတ်ဖိစီးမှုတွေတစ်ရက်တစ်ရက်အမြဲကို
တွေ့နေရပါတယ်။ လူတိုင်းမှာလဲရှိတယ်။ ပေါ့ပေါ့လေးတွေးပြီးပျော်ပျော်နေလိုက်ရင်ပြီးသွားမှာ။
ကျွန်မနေသာထိုင်သာရှိတယ်။ ဟိုသွားဒီသွားလုပ်နိုင်တဲ့အချိန်ဆိုရင်တော့ဘာကြီးဘဲလာလာ
ဝဲလ်ကမ်းဘဲ။ ဒါပေမယ့်ကိုယ်ကလဲနေရတာမသက်သာ။ အိမ်ထဲမှာဘဲအောင်းနေသင့်တဲ့အချိန်
မျိုးတွေမှာဆိုရင်တော့တစ်ခုခုဖြစ်လာတိုင်း၊ ကိုယ်နဲ့တိုက်ရိုက်ပတ်သတ်တဲ့အကြောင်းတွေရှိသ
လို၊ ကိုယ်နဲ့မပတ်သတ်ဘဲသွယ်ဝိုက်ပြီးကိုယ့်ဆီကိုရောက်လာတဲ့စိတ်ဖိစီးမှုတွေကိုတွန်းလှန်နိုင်
အားမရှိပါဘူး။အခုချိန်နိုင်ငံတိုင်းမှာဈေးတွေအကုန်တက်တယ်။ အထူးသဖြင့်နေ့စဉ်စားကုန်ဖြစ်
တဲ့ဆန်၊ ဆန်ကလဲအကောင်းစားမဟုတ်သည့်တိုင်အောင်ဒီကဆန်တွေတော်တော့်ကိုညံ့တဲ့အ
တွက် export မဟုတ်တဲ့ဆန်ဆိုစားလို့လုံးဝကိုမရပါဘူး။ (ဒါတောင်ဆန်ဈေးကြီးတာဝယ်စား
လို့ဆိုပြီးအပြစ်တင်ချင်သေးတယ်...အကြွေးရှင်ချစ်တီးများအသင်းကပေါ့)..
ကျွန်မစိတ်ဖိစီးမှုမခံချင်ပါဘူး။ အလိုလိုကိုယ့်အပေါ်ရောက်လာတော့လဲခံရတာပေါ့... လူမှုရေး
ကိစ္စ အထူးသဖြင့်ကျွန်မအားနည်းချက်က သူများအပေါ်ကိုယ့်စိတ်နဲ့နှိုင်းပြီးရိုးသားကူညီတာဘဲ။
အဲဒါကြောင့်လဲခဏခဏ အကစ်ခံရတာများနေပြီ။လူတိုင်းကိုကိုယ့်စိတ်နဲ့နှိုင်းပြီးမဆက်ဆံသင့်
ဘူးဆိုတာကိုအခုတော့ကောင်းကောင်းနားလည်ပါပြီး။ မြန်မာတွေရောက်ရောက်လာတိုင်းသူ
များနိုင်ငံမှာမျက်နှာငယ်မှာဆိုးလို့အစစအရာရာကိုယ်ကလိုက်လုပ်ပေး၊လိုက်ပူပန်ပေးနဲ့..နောက်
ဆုံးတော့လဲကျေးဇူးမတင်ချင်နေပါ... ကျေးဇူးကန်းခံရတာလဲခဏခဏ...
သြော်..ဘ၀ဘ၀..ကျွန်မမှာမိန်းကလေးသူငယ်ချင်းမရှိဘူး။ ထားလို့လဲမရဘူး။ မေးထူးခေါ်ပြော
လောက်သာ...ဘာလို့လဲသိလား..ပေါင်းပြီးသိပ်မကြာဘူး..ကိုယ့်ကိုအခွင့်ရေးယူတော့တာဘဲ။
မဟုတ်ရင်လဲကွယ်ရာမှာအတင်းပြော၊ မဟုတ်တမ်းတရားလျှောက်ပြော... ဒါတွေကြောင့်မိန်း
ကလေးသူငယ်ချင်းမထားချင်တာ။ ကောင်းတဲ့သူငယ်ချင်းရတဲ့သူတွေကတော့ကံကောင်းပါ
တယ်နော်။ ကျွန်မမှာယောက်ျားလေးသူငယ်ချင်းတွေဘဲရှိတယ်။ လာခင်တဲ့သူတိုင်းကိုပြန်ခင်
တတ်တဲ့သူတော့မဟုတ်ဘူး။ ကျွန်မကန့်သတ်၊သတ်မှတ်ထားတဲ့စည်းဘောင်ထဲကသူ။ နှမချင်း
ကိုယ်ချင်းစာနာနားလည်တတ်တဲ့သူ။ အပြောဆိုယဉ်ကျေးတဲ့သူတွေကိုသာစနစ်တစ်ကျရွေး
ချယ်ပြီးသူငယ်ချင်းအဖြစ်သတ်မှတ်တာပါ။
အခုကျွန်မဘာတွေဖြစ်နေလဲ....
၁။ ကျန်းမာရေးအရ..နဂိုရောဂါတွေအပြင် under treatment အခြေနေကိုရောက်နေတယ်။
(သေတော့မသေဘူး...တော်တော်တော့ခံရခက်တယ်)
၂။ အရင်လုပ်ခဲ့တဲ့နေရာက ကိုယ့်ဆရာသမားတွေကကိုယ့်ကိုအထင်လွဲတာခံနေရတယ်။
(မနာလိုစိတ်များလာရင်လူတစ်ကာကိုအကောင်းမမြင်တတ်တော့တာလူ့သဘာဝဆိုတာနား
လည်လိုက်ရတယ်)
၃။ အတန်းဖော်တွေရဲ့သစ္စာဖောက်မှု၊အခွင့်ရေးယူခိုင်းမှု၊ အရူးလုပ်တာတွေခံနေရတယ်။
(လူမျိုးမတူတော့ဘာသဘောလဲတော့မသိဘူး။ကိုယ်ကတော့အတန်းထဲမှာအငယ်ဆုံးလဲဖြစ်
တစ်ကိုယ်ရေသမားမို့အစစရာရာကူညီမိတာ..နောက်ဆုံးတော့...)
ဒါတွေဘာဖြစ်လဲ..အနေသာကြီး..မရဘူး...အဲဒါတွေကိုစဉ်းစားမိရင်ကိုယ်ကကူညီပေးတာ...
ကိုယ်ကောင်းသလောက်ကိုယ့်အပေါ်ဘာကြောင့်ဒီလိုများလုပ်ရတာလဲ...စဉ်းစားလို့မရဘူး။
တွေးမိရင်စိတ်မကောင်းဖြစ်တယ်... နောက်အခြားအကြောင်းတွေနဲ့ရောလိုက်တော့ ထုထည်
ကြီးလာပြီးစိတ်ဖိစီးမှုဖြစ်လာတယ်။ စိတ်ဖိစီးမှုများရင်ရုပ်ရင့်တယ်တဲ့...ဟုတ်မှာပါ..ကိုယ့်ကို
ကိုယ်မှန်ထဲကြည့်တော့အသက် ၃၄-၃၅ ၀န်းကျင်ရုပ်နဲ့သိပ်မကွာဘူး...
ပျော်ပျော်နေရင်စိတ်ဖိစီးမှုဒဏ်ကပေါ့သွားမယ်တဲ့။ ပျော်ပျော်နေနိုင်အောင်ပျော်စရာလေးကို
အရင်ရှာတွေးမှရမယ်။ အဲဒီပျော်စရာဆိုတာရှာတွေးလို့တောင်မရတဲ့အခြေနေမှာဘာကိုတွေး
ပြီးပျော်နိုင်ပါ့မလဲ...............................................................................................................
........................................................................................:(

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ