Pages

Wednesday, June 25, 2008

ကျွဲကော+သခွားမွှေးကျောက်ကျော

မနေ့ကညီမ၀မ်းကွဲမွေးနေ့ပါ....

ဘာလုပ်ပေးရင်ကောင်းမလဲစဉ်းစားနေရင်းနဲ့..အချိန်လဲမကုန်
အလွယ်တစ်ကူလုပ်လို့ရမယ့်ကျောက်ကျောဘဲလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ကတော့
မုန့်ဟင်းခါးချက်မယ်။ ပီဇာရယ်..ဖျော်ရည်ရယ်ပေါ့..
အုန်းနို့ကတော့လတ်လတ်ဆတ်ဆတ်ဝယ်ဖို့အချိန်မမှီတော့လို့ဗူးနဲ့ဟာကိုဘဲသုံးပြီးရေတစ်လီ
တာခွဲလောက်ထည့်ပြီးရောကျိုပါတယ်။
အုန်းနို့ကျိုနေတဲ့အချိန်မှာ အာဂါးကျောက်ကျောပေါင်ဒါမှုန့်ကိုသကြားတွေနဲ့သမအောင်မွှေထား
ပါတယ်။ ပြီးရင်တော့ ကျွဲကောသီးဖျော်ရည်မှုန့်ကိုပါရောထည့်မွှေလိုက်တယ်။
အုန်းနို့ပွက်ပွက်ဆူတာနဲ့ ရောသမမွှေလုပ်ထားတဲ့ ကျောက်ကျော+ကျွဲကောသီးဖျော်ရည်မှုန့်+သ
ကြားမှုန့် ကိုလောင်းထည့်ပြီးမီးအေးအေးနဲ့မွှေပြီး ပျစ်လာတာနဲ့ ဗန်းထဲထည့်ပြီးအအေးခံထားလိုက်
တယ်။ ရေခဲသေတ္တာကိုဖွင့်ကြည့်တော့ သခွားမွှေးတစ်ခြမ်းကျန်တာတွေ့လို့ ခြစ်ထားပြီး အရေစစ်
ထားလိုက်တယ်။ အဖတ်တွေကိုတော့သတ်သတ်ဖယ်ပြီးသခွားမွှေးအရေနဲနဲကို ကျန်တဲ့အုန်းနို့ေ၇
လဲနဲနဲနဲ့ ကျောက်ကျောမှုန့်နဲနဲထည့်ပြီးထပ်ကျိုပြီး..နောက်တစ်လွှာလောင်းချလိုက်ပါတယ်။
ဟီး..ဒါပေမယ့်နှစ်လွှာတော့မဖြစ်လာဘူး...အရသာကတော့ ကျွဲကောသီး သခွားမွှေးနဲ့အုန်းနို့အရ
သာချိုချဉ်လေးပါ...အပေါ်ယံကအေးတော့တင်းလာတာနဲ့ သခွားမွှေးခြစ်ထားတဲ့အဖတ်တွေကို
အပေါ်မှာလိုက်ဖြူးလိုက်ပါတယ်..ကိုယ့်သာသာကိုယ်စားကြည့်တော့ကောင်းနေတာဘဲ..သူများ
တော့မသိဘူး..

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger