Pages

Wednesday, June 4, 2008

အမေရေ..တာ့တာ

တစ်ရက်ကြတော့လူငယ်တစ်ယောက်က စူပါမားကတ်ထဲကိုဝင်ပြီးလိုအပ်တဲ့အသုံးအဆောင်
ပစ္စည်းတွေကိုလိုက်ရွေးပြီးခြင်းထဲထည့်နေတဲ့အချိန်မှာ အသက်ကြီးတဲ့အဒေါ်ကြီးတစ်ယောက်
သူ့နောက်ကိုလိုက်လိုက်ကြည့်နေတာကိုသတိထားမိတယ်။ ဒါပေမယ့်ဈေးလာဝယ်တဲ့သူတစ်
ယောက်ဘဲဖြစ်မယ်ဆိုပြီးမသိချင်ယောင်ဆောင်ပြီးလိုတဲ့ပစ္စည်းလေးတွေရှာနေတယ်။ နောက်
ဆုံးမှာတော့သူပိုက်ဆံပေးမယ့်ကောင်တာကိုသွားပြီးတန်းစီတဲ့အခါသူ့ကိုနောက်ကနေလိုက်
ကြည့်နေတဲ့အဒေါ်ကြီးကသူ့ရှေ့မှာလာပြီးတန်းစီတယ်။ အဲဒီအဒေါ်ကြီးက...
သားရေ...မင်းကိုနောက်ကနေတစ်ကောက်ကောက်လိုက်ကြည့်လို့စိတ်အနှောင့်ယှက်ဖြစ်သွား
တယ်ဆိုရင်တောင်းပန်ပါတယ်။ မင်းကလောလောလတ်လတ်ဆုံးသွားတဲ့ငါ့ရဲ့သားနဲ့ရုပ်အရမ်း
ဆင်လို့ပါ။ အဒေါ့်သားလေးကိုသတိရလွန်းလို့မင်းကိုလိုက်ကြည့်မိတာပါကွယ်။ ဒါနဲ့လူငယ်က
သြော်..စိတ်မကောင်းပါဘူးအဒေါ်ရယ်..ကျွန်တော်ဘာများကူညီရမလဲခင်ဗျာ...
အေးပါသားလေးရယ်...အဒေါ်သွားတော့မှာမို့... အမေရေတာ့တာ..နှုတ်ဆက်ပါတယ်လို့ပြောပေး
ပါလားကွယ်။ ဒါဆိုအဒေါ်တော်တော်လေးစိတ်ချမ်းသာရမှာအမှန်ဘဲကွယ်.... တဲ့
ဒါနဲ့..ကောင်လေးက...ဟုတ်ကဲ့ ကျွန်တော်ပြောပေးနိုင်ပါတယ်တဲ့။ အဘွားကြီးထွက်သွားတာနဲ့
သူက.. အမေရေ..တာ့တာ လို့လှမ်းအော်ပြောပေးသတဲ့။ ပြီးတာနဲ့ပိုက်ဆံရှင်းဖို့ပစ္စည်းတွေကို
ကောင်တာမှာတင်ပြီးရှင်းမယ့်အချိန်ကျတော့ ဒေါ်လာ ၁၂၇.၅ ကျတာလဲသူလဲအလန့်တစ်ကြား
နဲ့ ဘယ်လိုဖြစ်ရတာလဲဗျာ..ကျွန်တော်ဝယ်တဲ့ပစ္စည်းလေးနဲနဲပါးပါးအဲလောက်မကျပါဘူး သေချာ
ပြန်စစ်ကြည့်ပါအုံး ..လို့ ပြောတော့.. ငွေရှင်းကောင်တာကစာရေးမကဘာပြောလဲဆိုတော့..
မင်းအမေကပြောသွားတယ်။ သူ့ယူသွားတဲ့ပစ္စည်းတွေအတွက် မင်းရှင်းပေးလိမ့်မယ်တဲ့။

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger