Pages

Friday, October 17, 2008

ဗမာချက် နှင့်ခြံထွက်ဂေါ်ရခါး

မြန်မာချက်ချက်ထားတဲ့ ကြက်သားဟင်းနဲ့ ငါးကျပ်တိုက်ငရုတ်သီးထောင်းလေး
ကိုလဲမြည်းကြပါအုံးနော်။ ဘာနဲ့မှမလဲနိုင်တဲ့အစားတွေပေါ့။ ကျွန်မဆရာမွေးနေ့မှာ
ဆရာ့ကတော်ချက်ထားတာ..
ဒါကတော့ခြံထွက်ဂေါ်ရခါးသီး၊ ခြံထွက်ဆိုတာကိုယ့်ဘာသာကိုယ်အပင်ပန်းခံစိုက်
ထားတာဟုတ်ဘူးနော်၊ သူ့ဘာသူအလေ့ကျပေါက်ပြီးအသီးလေးတွေသီးတာကိုခူး
ထားတာပါ။ ဂေါ်ရခါးပြောမှ နီပေါလူမျိုးတွေကိုဂေါ်ရခါးလို့ခေါ်တယ်၊ ကျွန်မဂျီတော့ခ်
မှာ မြန်မာဟာမြန်မာပါဘဲ၊ မြန်မာဖြစ်ရတာကိုဂုဏ်ယူလိုက်စမ်းပါလို့ တိုင်တယ်လ်
တင်ထားတော့ ကျွန်မတစ်ဦးတည်းသောမောင်လေးက ဂေါ်ရခါးက ဂေါ်ရခါးပါဘဲ
ဆိုပြီးလာနောက်သေးတယ်။ ပြန်စဉ်းစားကြည့်တော့ ၄ ပုံ ၁ ပုံ ကျွန်မကဂေါ်ရခါး
လူမျိုးပါ။ ကျန်တဲ့ (၃)ပုံကတော့ တရုတ်ရယ်၊ ကရင်ရယ်၊ ဟားခါးချင်းရယ်။
သူများတွေဘာလူမျိုးလဲမေးရင်တော်တော်ဖြေရကျပ်တယ်။ ကျောင်းတုန်းကဆရာ
တစ်ယောက်က အမြဲတမ်း ကကတစ် လို့စတယ်။

 
Powered by Blogger