Skip to main content

ဒူးရင်းသီး (အသီးမှာဘုရင်)


အသီးတို့ရဲ့ဘုရင်လို့တင်စားခေါ်တဲ့ ဒူးရင်းသီးက အသီးတွေအားလုံးထဲမှာ ရောဂါကုစားပေးတဲ့ ဆေးဘုရင်တစ်ပါး လို့ခေါ်ဆိုနိုင်ပါသတဲ့။
ဒူးရင်းသီး ကတော့ အနံ့အင်မတန်ပြင်းထန်သလောက် မထင်ရလောက်အောင် ချိုပီးဆွဲဆောင်မှုရှိတဲ့အသီးတစ်မျိုးဖြစ်ပီး အာရှတိုက်ကလူတွေလောက်သာ အသိများကြတဲ့အသီးတစ်မျိုးပါ။ အနံ့ကပြင်းထန်ပီး အနံ့ဆွဲ ကျန်ရစ်တတ်လို့ များသောအားဖြင့် လူအများရှိတဲ့ နေရာတွေမှာယူခွင့်၊ သယ်ဆောင် သွားခွင့်မရှိပါဘူး။ အထူးသဖြင့် ဟော်တယ်၊ ရထား၊ ကား၊ လေယဉ်၊ ရုံး အစရှိတဲ့နေရာတွေမှာ သယ်ဆောင် ခွင့်ပိတ်ပင်ထားတတ်ကြပါတယ်။ ဒူးရင်းသီးအနံ့ပြင်းပုံကတော့ ဘယ်လိုဖုံးဖုံး၊ အုပ်အုပ် ခိုးသယ်လို့ မရလောက်အောင်ကိုဆိုးပေမယ့် ကြိုက်တတ်တဲ့သူများအတွက်တော့ ဒူးရင်းသီးအနံ့လေးရတာနဲ့ အလိုလို နေရင်းမရရအောင်ရှာပီး ဈေးကြီးပေးဝယ်စားတတ်ကြပါသေးတယ်။
ဒူးရင်းသီးရဲ့ ကောင်းလွန်းတဲ့အရသာ နဲ့ အံ့ဖွယ်ကောင်းတဲ့ကျမ်းမာရေးအတွက် ရရှိတဲ့ အကျိုးကျေးဇူး တွေက သူ့ရဲ့ပြင်းထန်ဆိုးတဲ့အနံ့ကို မေ့ပစ်နိုင်အောင်လဲ စွဲဆောင်မှုရှိလှပါတယ်။ အခြားအသီးတွေနဲ့ မတူတဲ့အချက် ကတော့ ဒူးရင်းသီးက အပင်ပေါ်မှာမမှည့်မချင်းတွယ်နေပီး ကြွေကျလာပီဆိုရင်တော့ မှည့်ပီဆိုတဲ့ သဘောကိုဆောင်ပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှ၊ ဒူးရင်းသီးထွက်တဲ့ နိုင်ငံတွေမှာနေတဲ့ သူတွေကတော့ သူ့ကို အသီးတို့ရဲ့ဘုရင် လို့ခေါ်ပါတယ်။ နှစ်သက်သူအများစုက အသီးမှည့်ချိန် ရောက်တဲ့အခါ ဒူးရင်းပင်အောက်ခြေတွေကိုရှင်းလင်းပီး အသီးတွေကြွေကျတဲ့အထိ တဲထိုးနေပီး မှည့်မှ ကြွေကျတဲ့အသီးကို မရရအောင်စောင့်စားတတ်ကြပါတယ်။ သူတို့တွေကတော့ ဒူးရင်းသီးက အခြားအသီးတွေနဲ့ မတူ ထူးခြားပီး ကျမ်း မာရေးအတွက်အထောက်အကူပြုတဲ့အသီးလို့ယူဆနေကြလို့ပါဘဲ။
ဒီလောက်တောင်အများနှစ်သက်ပီး ဈေးကြီးပေးဝယ်စား၊ အမှည့်ကြွေကျတာကိုတစ်ကူးတစ်က စောင့်စားနေရ လောက်အောင် ထူးခြားတဲ့ဒူးရင်းသီးက ဘာများကျမ်းမာရေးအတွက်အထောက်အကူပြုသလဲကြည့်ရအောင်။

ကလေးမီးဖွားပီးတဲ့ အမျိုးသမီးတွေဒူးရင်းသီးအခွံကိုမီးရှို့ပြာချပီး လျှက်စားမယ်ဆိုရင် အလျှင်မြန်ပြန်လည် အားဖြည့်ကျမ်းမာလာ စေပါတယ်တဲ့။
ရောင်ရမ်းတာနဲ့ အရေပြားပေါ်မှာပေါက်တဲ့အနာတွေအတွက်လဲ ဒူးရင်းပင်ကအရွက်ကိုအရည်ညှစ်သောက်ရင် ရောင်ရမ်းတာသက်သာပီး အနာတွေလဲပျောက်ကင်းစေပါတယ်တဲ့။
နောက်ဆုံးအဟာရဆိုင်ရင်ကျွမ်းကျင်သူများလေ့လာတွေ့ရှိချက်အရ ဒူးရင်းသီစားပေးခြင်းက ကိုလက်စထရော ကိုလျှော့ချပေးပီး၊ သွေးကိုလဲသန့်စင်စေတဲ့အပြင် အသားဝါဖြစ်ချင်းကိုလဲပျောက်ကင်းသက်သာစေတယ်၊ ပီးတော့ကိုယ်ပူပီးဖျားတာကိုလဲ သက်သာစေပါသတဲ့။
ကျွမ်းကျင်သူများအဆိုအရ ဒူးရင်းသီးစားခြင်းက ချွဲသလိပ်ကိုကင်းစင်စေပီး အာခံတွင်းရှင်းစေပါတယ်တဲ့။
ဒါတွေကတော့ ဒူးရင်းသီမှာအမြောက်များပါဝင်တဲ့သံဓာတ်က သွေးဖြူဥတွေကိုထူးခြားတဲ့အာနိသင်စွမ်းအား ပေးပီး ကိုယ်ခန္တာကိုဝင်ရောက်လာတဲ့ရောဂါပိုးတွေကိုကူညီတိုက်ဖျက်ပေးလို့ပါဘဲ။
ဒါ့အပြင် ဒူးရင်းသီးမှာ အမိုင်နိုအက်စစ်ဓာတ် (ဗီတာမင် ဘီ၊ စီ နဲ့အီး) တွေပါဝင်ပီး လူတော်တော်များများက ဒူးရင်သီးမှာပါဝင်တဲ့အချိုဓာတ်ပမာဏ anti oxidants မြင့်မားမှုကို ဘယ်ရီသီးတွေလောက် အာနိသင်ရှိကြောင်း နှိုင်းယှဉ်နေကြပါပီ။ အဲဒီ anti oxidants ကတော့ အခြေနေအရပ်ရပ်ကြောင့်(ဥပမာလေထုညစ်ညမ်းတာ၊ ဆေးလိပ်ငွေ့ရှုမိတာ) ထိခိုက်ပျက်စီးလာရတဲ့ ခန္တာကိုယ် မှာရှိတဲ့ ဆဲလ် လေးတွေပျက်ဆီးခြင်းကို လျော့နည်း စေပါတယ်။
ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့အသက်ရွယ်ကြောင့်ပြောင်းလဲလာတဲ့အသားရေ ရင့်ရော်မှုကို လျော့ပါး စေပီး အရွယ်တင်ပီးနုပျိုအောင် စွမ်းဆောင်နိုင်ပီး လန်းဆန်းဖျတ်လတ်တဲ့အသားရေကိုလဲ ပေးစွမ်း နိုင်ပါသေတယ်တဲ့။
ဒူးရင်းသီးမှာပါဝင်တဲ့ amino acids အမျိုးအစားကတော့ Tryptophan ဖြစ်ပါတယ်။ Tryptophan ကတော့ serotonin ဆိုတဲ့(စိတ်ဓာတ်အတက်အကျနဲ့ဆိုင်တဲ့) ဟိုမုန်းအနည်းများကိုပြုလုပ်ထိမ်းသိမ်းပေးတဲ့ အက်စစ် တစ်မျိုးဖြစ်ပါတယ်။ Serotonin ဆိုတဲ့ ဟိုမုန်းကတော့ လူ့ခန္တာကိုယ် ပျော်ရွှင်မှု ၀မ်းနည်းမှုကို ညီအောင် ထိမ်းမျှပေးနိုင်တဲ့ဟိုမုန်းတစ်မျိုးပါ (အောက်တွင်ရှု)
အဲဒီ ဟိုမုန်းဓာတ်နဲတဲ့သူတွေဆိုရင် စိတ်တိုမြန်၊ ဒေါသထွက်မြန်ပီး (ချစ်သူကိုတစ်ရက် ၅လုံးလောက် ကျွေးပစ် ချင်ပါတယ်) တစ်ခါတစ်လေ အရမ်းထိခိုက်ခံစားလွယ်၊ စိတ်ဓာတ်ကျရောဂါလဲခံစားနေရတဲ့ သူများဖြစ်တတ် ပါတယ်။
ဒီအချက်တွေကို သိပြီးပီ ဆိုရင်တော့ ဒူးရင်းသီးစားပေးခြင်းက ခန္တာကိုယ်အတွက် ညီညွတ်မျှတအောင် အထောက်ကူပေးနိုင်ရုံသာမက လူသားတွေအတွက် ပျော်ရွှင်သာယာကောင်းမွန်တဲ့ လူသားများဖြစ်အောင် လဲစွမ်းဆောင်ပေးနိုင်တာမို့... ဒူးရင်းသီးစားကြပါစို့။

(ဒူးရင်းသီးအရမ်းကြိုက်တဲ့ကျွန်မအတွက် အန်တီတစ်ယောက်လက်ဆင့်ကမ်းပေးလိုက်တဲ့ ဒူးရင်းသီးအကြောင်း ကို အဆင်ပြေသလိုဘာသာပြန်ပေးလိုက်ပါတယ်။ အချို့ကျမ်းမာရေးဆိုင်ရာဝေါဟာရတွေ မြန်မာလိုမခေါ်တတ် လို့ အင်္ဂလိပ်လို ဘာသာပြန်ကိုအောက်မှာတင်ထားပေးပါတယ်။ အခြားအသီးတွေအကြောင်းလဲ အလျင်း သင့်သလိုတင်သွားပါမယ်)
ကျွန်မတို့တစ်အိမ်လုံးဒူးရင်းသီးအရမ်းကြိုက်တယ်။ အိမ်မှာနေတုန်းက ဒူးရင်းသီးပေါ်ချိန်ဆိုရင် ပါးပါးက မော်လ မြိုင်ထိဆင်းပီး သူ့သူငယ်ချင်းတွေဒူးရင်းခြံမှာ ကိုယ်တိုင်လိုက်ဝယ်ပီး အိတ်လိုက်ကို ရထားနဲ့သယ်သယ်လာ တတ်ပါတယ်။ ရန်ကုန်မှာတော့ ဒူးရင်းသီးကအရမ်းဈေးကြီးတယ်။ ဒါပေမယ့် ကျွန်မ လခထုတ်တာနဲ့ သူငယ်ချင်း အထွေးနဲ့ ပြေးဝယ်စားတာဒူးရင်းသီးဘဲ။ ဘယ်နေရာရောက်ရောက်ဒူးရင်းသီးတွေ့တာနဲ့ မဖြစ်ဖြစ် အောင်ဝယ်စားတတ်သေးတယ်။ တစ်ခေါက် ဒူးရင်းသီးဝယ်လာပီး လုံအောင်အထပ်ထပ်ပိတ်ပီး၊ MRT စီးတာ၊ ရထားတွဲထဲမှာဟိုတစ်ယောက်သူ့မျက်နှာကြည့်၊ ဒီတစ်ယောက် ဟိုလူ့မျက်နှာကြည့်နဲ့ ဘယ်သူသယ်လာမှန်း မသိ၊ ကိုယ်ကလဲခပ်တည်တည်နဲ့ ဟိုလူ့ကြည့်လိုက်၊ ဒီလူ့ကြည့်လိုက်နဲ့ မသိရင် ကိုယ်ဘဲတရားခံမဟုတ်သလို လိုနဲ့၊ ရထားတွဲထဲအနံ့က သင်းနေရော၊အဖမ်းမခံရလို့တော်သေးတယ်။
သွေးတိုးရှိတဲ့ကျွန်မ ဒူးရင်းသီးတွေ့တိုင်း ကိုင်ကြည့်ပီးပြန်ပြန်ချ၊ ပီးရင်တော့ လှည့်ကြည့်လှည့်ကြည့် လုပ်တတ် လို့ ရုံးက အမကြီးများက ဒူးရင်းသီးစားလို့ရတဲ့အကြောင်း၊ သူ့မှာပါဝင်တဲ့ အဆီဓာတ်က ကျမ်းမာရေးအတွက် အထောက်ကူဖြစ်ကြောင်း အထောက်ထားနဲ့ရှာဖွေပေးကြပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးမို့ သွေးတိုး သမားတွေ အများကြီးထိုင်စားပါလို့တော့အားမပေးပါဘူးနော်၊ နဂိုစားနေကြအစားထဲက ဆားဓာတ်ပါ ၀င်တဲ့ ပမာဏတွေရော၊ ဒူးရင်းသီးအများကြီးစားလိုက်လို့ တက်တယ်ဆိုရင်တော့ အားလုံးပေါင်းသွားလို့ ဖြစ်လာတဲ့ ဆိုးကျိုးမို့ နဲနဲတော့ ဆင်ခြင်ကြပေါ့နော်။ ဒူးရင်းသီးစားပီးရင် မင်းကွတ်သီးဖြစ်ဖြစ် အခြား အေးတဲ့အသီး ဖြစ် ဖြစ်တွဲစားဖို့တော့ မမေ့ပါနဲ့အုံး။

Antioxidants are substances that may protect your cells against the effects of free radicals. Free radicals are molecules produced when your body breaks down food, or by environmental exposures like tobacco smoke and radiation. Free radicals can damage cells, and may play a role in heart disease, cancer and other diseases.

Antioxidant substances include

  • Beta-carotene
  • Lutein
  • Lycopene
  • Selenium
  • Vitamin A
  • Vitamin C
  • Vitamin

Serotonin: A hormone, also called 5-hydroxytryptamine, in the pineal gland, blood platelets, the digestive tract, and the brain. Serotonin acts both as a chemical messenger that transmits nerve signals between nerve cells and that causes blood vessels to narrow.

Changes in the serotonin levels in the brain can alter the mood. For example, medications that affect the action of serotonin are used to treat depression.

Tryptophan is an amino acid needed for normal growth in infants and for nitrogen balance in adults. It is an essential amino acid, which means your body cannot produce it -- you must get it from your diet.

Comments

  1. မြန်မာဒူးရင်းပိုကြိုက်တယ်ခင်ဗျ.....

    ReplyDelete
  2. အရမ်းကြိုက်တယ် ဒါပေမဲ့ခေါင်းနောက်တတ
်လို့ အာသာပြေဘဲစားတယ်။

    ReplyDelete
  3. စိမ်းလည်းကြိုက်တယ် ဒါပေမယ့် အပူများတယ်ဆို... ?

    ReplyDelete
  4. ကြိုက်တော.ကြိုက်တယ် အနံ.တော.ခက်ရခက်သား :D

    ReplyDelete
  5. လူတော်တော်များများက ဒူးရင်သီးမှာပါဝင်တဲ့အချိုဓာတ်ပမာဏ anti oxidants မြင့်မားမှုကို ဘယ်ရီသီးတွေလောက် အာနိသင်ရှိကြောင်း နှိုင်းယှဉ်နေကြပါပီ။
    Antioxident does not mean အချိုဓာတ်ပမာဏ.
    It contain higher content of glucose and fructose that may worse diabtes mellitu. Some times it can cause diabetic keto acidosis (DKA) too.
    I am a regular reader of your blog. I like your posts. I just want to highlight above point only. Thank you. Keep writing on.
    with best wishes.

    ReplyDelete
  6. thank you... အချိုဓာတ် ကသတ်သတ် antioxidants သတ်သတ်၊ ရောရေးမိလို့.. အခုလိုထောက်ပြပေးတာကျေးဇူးနော်း)

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ