Skip to main content

ရင်ကွဲစေ့

ဒီတစ်ပတ်ရုံးပိတ်ရက်တော့ လူက ကိုယ်နွေးနေတာမို့ သတိထားဆေးသောက်အဖျားမ၀င်အောင် ကြိုးစား နေနေရတယ်။  အခုတစ်လော ဒီက သွေးလွန်တုတ်ကွေးတွေ ဗြောင်းဆန်အောင်ဖြစ်နေတာ အရင်အပတ် အပင် သွားဝယ်တော့ လက်မောင်းနဲ့ ခြေသလုံးမှာ လာကိုက်တဲ့ ခြင်ကြီးတွေကို ပြန်မြင်ယောင်ပီးလန့် နေ တာ။ မကြာပါဘူး ရုံးက အကူအကိုကြီးတစ်ယောက်သားက ဆုံးသွားပါရော၊ အငယ်နှစ်ယောက်လဲ သွေးလွန်တုတ် ကွေးနဲ့ဆေးရုံမှာ၊ ဖျားတဲ့သူတိုင်း သွေးစစ်ရတယ်၊ ဆေးရုံမှာလဲ အခြေနေမကောင်းရင်လက်မခံတော့ဘူး၊ ပြန်လွှတ်တယ်။ တော်တော်ဆိုးတဲ့ခြင်... ....
ခြင်အကြောင်းစဉ်းစားတော့ ခြင်ဝီ၀ီဝီ လုပ်တဲ့အသံတော်တော်နားကလီဆန်တယ်... နားမငြီးပေမယ့် တော်တော့ ကိုအနှောင့်ယှက်ပေးတယ်။ ဒီမှာတော့ သိပ်မသိရဘူး၊ မြန်မာပြည်မှာတုန်းက နယ်တွေသွားရင် ညနေဆို ခြင်တွေတစ်ဝီ၀ီနဲ့...  မနေနိုင်လိုက်ရိုက်ပြန်လဲမမိ..  သူတို့လဲ အစာငမ်းတော့သေချင်သေပါစေ ကိုက်မှာဘဲဆိုတာမျိုး။
ခြင်အကြောင်းကနေ ပုဇဉ်းရင်ကွဲအကြောင်းတွေးမိပြန်တယ်၊ သူလဲတော်တော်နားငြီးစေတဲ့အကောင်ဘဲ.. အထူးသဖြင့် သစ်ပင်တွေများတဲနေရာဆို အော်လိုက်တာ ကျီ........နဲ့ တော်တော့်ကိုနားမခံနိုင်အောင် အော်တယ်..  သူတို့တွေအော်တဲ့အသံလာတဲ့နေရာ နဲနဲလောက်ကြာကြာလေးစိုက်ကြည့်လိုက်ရင် အော်တာ တိတ်တိတ်သွားတယ်... နောက်မကြည့်တော့ရင်ထပ်အော်ပြန်ရော..
တစ်ကယ်ရာဇ၀င်လားပုံပြင်လားမသိပေမယ့် သူတို့တွေက ရင်ကွဲမယ်မှန်းသိရက်နဲ့ အော်ပီးရင်ကွဲသေတာတဲ့ ရင်ကွဲသေမယ်မှန်းသိရက်ဘာကြောင့်အော်တာလဲစဉ်းစားလို့မရဘူး။ သူ့အကြောင်းနဲ့သူတော့ ရှိမယ်ထင် တယ်။ အော်ပြီးရင်ကွဲသေတာမှသူတို့ဘ၀ပိုခံသာလို့လဲဖြစ်နိုင်တယ်..
အတွေးကမရပ်သေးဘူး၊ နေမကောင်းတော့အိပ်ရာပေါ်မှာတွေးလို့ကောင်းတယ်မဟုတ်လားနော်...
ပုဇဉ်းရင်ကွဲကနေ ပိုးဖလံဆီရောက်သွားတယ်... သူတို့လဲဘာထူးလဲ သေမယ်မှန်းသိရက်မီးကိုတိုးတာ မဟုတ်လား။  မီးကိုလာတိုးတော့ မြောင်မြောင်တွေအကြိုက်ပေါ့... သူတို့စားတယ် တစ်ကောင်ပီး တစ်ကောင်၊ မီးကိုတိုးတဲ့အကောင်တွေများတော့ မစားကုန်နိုင်ဘူး....ကျန်တဲ့အကောင်တွေ အကုန် အတောင်ကျွတ် အောက်ကျသေတာဘဲ... ပိုးဖလံတွေဘက်ကို ၀င်ပီးစဉ်းစားမိတော့ အမှောင်ထဲမှာ ဘာမှန်း မသိတဲ့အခြေနေနဲ့နေထာထက်စာရင် သေချင်သေပါစေ မီးကိုဝင်တိုးမယ်လို့များသူတို့ခံယူသလားလို့ပါ။
တစ်ခါတစ်လေ ကိုယ်နာကျင်ခံစားရမယ်မှန်းသိရက် မထူးတော့တဲ့ဘ၀မှာ ပဇဉ်းရင်ကွဲလို အော်ပီး ရင်ကွဲ ခံမလား၊ မိုက်မဲတယ်ဘဲပြောပြော ရူးတယ်ဘဲဆိုဆို ကိုယ့်အခြေနေကိုယ် ဘယ်နေရာရောက်နေမှန်း မသိမယ့်အတူတူ မီးကိုဘဲတိုး အပူတိုက်အသေခံမလား...
စကားမစပ်.. ရင်ကွဲစေ့ (pistachios) စားဖူးကြလား..  အခွံအမာနဲ့ကာထားတာတောင် မရရအောင်ခွဲပီး စားကြတာလေ..
အရသာရှိတယ်..  တစ်နေ့ကို ၁၀ စေ့လောက်စားပေး ရင်နှလုံးရောဂါ ဖြစ်ပွားနိုင်တဲ့အလားလာတွေလျော့ နည်းစေပီး ခန္တာကိုယ်တွက် ဆိုးကြိုး ပေးနိုင်တဲ့ ကိုလက်စထရောပမာဏ တွေကိုလဲ လျော့စေနိုင်တယ်တဲ့...
ကျွန်မတော့အခုစ စားနေပီ.. (ပေါက်တယ်ဟုတ်)..း

ပုံကောင်းနိုးနိုးနဲ့ရိုက်တာ များသွားတယ်..မထူးတော့ဘူးတင်ထားလိုက်မယ်။



Comments

  1. မမကူး ဂရုစိုက်နော်
    အဲ့စေ့စားဖူးဘူး

    ထော

    ReplyDelete
  2. ကူကူးစ်
    နေကောင်းအောင်နေအုန်း..
    အဲ့အစေ့ က နှစ်ကူးဆို အိမ်တိုင်းတည်ခင်းဧည့်ခံတတ်တယ်။
    အားအားယားယားလည်း ဝယ်စားဖြစ်တယ်။
    ဆိမ့်နေတာပဲ..။
    စားတာများရင် ချောင်းဆိုးမယ်။ရင်ကျပ်မယ်..။

    ReplyDelete
  3. ၁၀စေ့ထက်ပိုစားမိရင်ရောဟင်..
    အရမ်းကြိုက်လို့ ၁၀စေ့ဆိုတာ အင်ထရိုဝင်သလောက်ပဲရှိတယ်
    ဟီး
    mm

    ReplyDelete
  4. အဲဒါကြိုက်တယ်..ကူးကူးရယ်..
    ဗမာလိုတော့ ဘာခေါ်မှန်းမသိဘူး..
    ၁၀ စေ့ဆိုလဲ ၁၀ ပေါ့ ..ခါတိုင်းပေါင်ဝက်လောက်စားတာ...

    ReplyDelete
  5. ဘယ်လောက်စားစား စားလို့မ၀တဲ့ အစေ့ပေါ့
    ဈေးက ကြီးက ကြီးသနဲ့ ဘယ်နှထုပ်ဘဲ ဖြစ်ဖြစ် ကုန်အောင် စားနိုင်လို့ အစလုပ်ပြီး မစားချင်ဘူး မရပ်နိုင်အောင်ဖြစ်တတ်လို့လေ။း)စားလို့ သိပ်ကောင်းတာဘဲ

    ReplyDelete
  6. ကူးးးးးးးးးးးကူစ်
    ဘာတွေဖြစ်နေလဲဟင်
    နေကောင်းအောင်နေပါ
    အစစအရာရာဂရုစိုက်ပါ
    ပျော်အောင်နေပါ
    ရင်ကွဲမခံပါနဲ့ ဟိ ဟီ
    ဟုတ်လားမသိ
    အဆင်ပြေါစေကူးးးးးးးးးးးးစ်ရေ

    ချစ်တဲ့
    ရုံလေး

    ReplyDelete
  7. ကျနော်တော့ သွားကျိုးစေ့ လို့ ပဲ ခေါ်တယ်.. အမ က ပြောပြတာ.. သွားကျိုးစေ့တဲ့... အိမ်မှာ အမေ့စားဖို့  တူလေးက ထောင်းပေးတယ်... ကျနော်ကတော့ ဗူးလိုက် ကိုင်ပြီး ထိုင်စားတယ်.. ထိုင်းမှာ အဲ့လောက် အထုပ်ကလေး တစ်ထုပ်ကို ၂၅ ဘတ် ပေးရတယ်.. ကျပ်ငွေ နဲ့ဆို ၈၀၀ နီးပါး လောက်ရှိမယ်...

    ReplyDelete
  8. စားဘူးသေးဘူး စားကြည့်မယ် ကူးကူးရေ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  9. မမွန်ပြောသလိုပဲ ၁၀ စေ့ထက်ပိုစားရင်ရော ..
    ဟီး .. စားလိုက်မှဖြင့်ကုန်မှရပ်တယ်။

    ReplyDelete
  10. ဒီမှာတော့ အထုပ်လှလှလေး ထုပ်ပြီး ရောင်းလို့ စားဖူးတယ်။ ပုံစံတူတာလားတော့မသိဘူး စိမ့်တယ် ဟုတ်...။

    ReplyDelete
  11. ဒဲ့ဒါ အများကြီးစားရင် ကျွန်တော်တို့ တော့ ခေါင်းကိုက်တယ် အစ်မရဲ့

    ReplyDelete
  12. @ထော-- စားကြည့်လေ ရှာဝယ်လို့ရမှာပါ.. 7/11 မှာလဲရှိတယ်..

    @ပေါက်စ် ... ဟုတ် ဂရုစိုက်ပါတယ်.. နှစ်ကူးဆို ပေါက်စ် ဆီသွားလည်ရမယ်.. အဲဒီအစေ့က ဈေးကြီးတယ်ပေါက်ရဲ့..ဒီမှာလေ.. အများကြီးတော့မစားနိုင်ဘူး စားလဲမစားသင့်ဘူး

    @mm.. intro ၀င်သလောက်ဘဲစားပါကွယ်.. အများကြီးစားဖို့မကောင်းဘူး..

    @ ကိုကြီးကျောက်.. များကြီးမစားနဲ့နော်.. လျှော့လျှော့..

    @ချောရေ.... ဟုတ်တယ်..ဒီမှာလဲဈေးကြီးတယ်.. စားရင်အရှိန်မသတ်နိုင်ဘူး..ဒါကြောင့်သတိထားရတယ်။

    @မြူးစ် ရေ... ဘယ်ပျောက်နေလဲ..
    ကူးလားရင်ကွဲမခံရအောင် ယတြာချေပီး ရင်ကွဲစေ့ စားနေတယ်..ဟီးဟီးး

    @အမှောင်ထုထဲက အလင်းစက်များ .. သွားကျိုးစေ့ တဲ့လား.. ကူးကြားဖူးတာတော့ ရင်ကွဲစေ့လို့ခေါ်ရောင်းကြတာဘဲ.. ကိုယ်တိုင်စားဖို့ ထောင်းရရင်မလွယ်ဘူး..အခွံတော်တော်မာတာ.. ဒီမှာတော့ ၂ ဒေါ်လာကျော်ကျော်လောက်ပေးရတယ်.. မြန်မာငွေ ၂၀၀၀ လောက်တော့ရှိမှာပေါ့.. ဈေးကြီးတယ်..

    @ရွေစင်ရေ.. စားကြည့်လိုက်ဦး..း) ကြိုက်သွားမှ ရပ်တန့်မရဖြစ်နေမှာ..ဟီးး

    @blogger Vista.. ဆိုဘဲ..း) ၁၀ စေ့ထက်ပိုစားလဲ ရပါတယ်..များကြီးစားရင်မကောင်းလို့ပါ.. တစ်ချို့ ခေါင်းမူးတယ်ပြောတယ်..

    @မြစ်ကျိုးအင်း..ဟုတ်တယ်..စိမ့်တယ်..အခွံအရမ်းမာတယ်..

    @AMK.. ဖြစ်နိုင်တယ်..များကြီးစားရင်မကောင်းဘူး..



    September 6, 2010 7:39 PM
    Blogger AMK said...

    ဒဲ့ဒါ အများကြီးစားရင် ကျွန်တော်တို့ တော့ ခေါင်းကိုက်တယ် အစ်မရဲ့

    ReplyDelete
  13. အရသာက စိမ့်စိမ့်လေးနော် ..
    အမလည်း အမြဲစားတယ်...
    သူ့နာမည်က ရင်ကွဲစေ့မှန်း အခုမှသိတာ

    ReplyDelete
  14. ခက်တာက အဲ့အစေ့ကိုစားရင် ကူးပြောသလို ၁၀စေ့နဲ့ ရပ်မရတာက ခက်တယ်.. အဟွန်း
    ပြီးရင် ရေတွေသောက်ပြီး နေရတာ မသက်သာတော့ဘူး :D

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ