Skip to main content

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။
မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။
ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ..
  1. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။
  2. ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။
  3. ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။
  4. ထမင်းကို ဆားကြမ်းနဲနဲရောမွှေပြီးအအေးခံထားပါတယ်။
  5. လေလုံတဲ့ဗူးအလွတ်တစ်လုံးအဆင်သင့်လုပ်ထားပါ
  6. ဆားနယ်ပြီးနှပ်ထားတဲ့ငါးကို ရေနဲ့ဖွဖွလေးပြန်ဆေးပါတယ်.. ပြီးရင်ရေခဏစစ်ထားပါ။
  7. ရေစစ်ပီးသားငါးကို ဆားနယ်ထားတဲ့ထမင်း (မကျက်သေးတဲ့ထမင်း) နဲ့သိပ်ပီးနယ်ပါ။
  8. ဗူးထဲကိုဖိသိပ်ပီးစီထည့်ပါ။
  9. မနက်ပိုင်းနဲ့ ညနေပိုင်း ၃ နာရီလောက် (ခန့်မှန်း) နေပြပါ။
  10. ၃ ရက်လောက်မှာတော့ဗူးဖွင့်ပြီး ဆီ/ရေစုပ် အ၀တ်နဲ့ဗူးအ၀ကိုလုံအောင်ပိတ်ပီး ဇောက်ထိုး (၂) နာရီလောက်ထားပါတယ်..ဗူးဖွင့်လိုက်ရင် ရောင်းတဲ့ငါးချဉ်အနံ့လို ရနေပီ။ (မမလုလုကို လှမ်းမေးတော့ ဇောက်ထိုးထားလို့ပြောတယ်၊ အထဲကအရည်တွေစစ်ထွက်သွားအောင်၊ မေးတဲ့ရက်က ၃ရက်မြောက်ဖြစ်နေပီ ၊ ဟီးး)
  11. ငါးချဉ်ဗူးကရေအများကြီးတော့မထွက်ပါဘူး၊ အသားထဲကနဲနဲစိမ့်ထွက်လာတဲ့အရည်တွေ ဇောက်ထိုးထားတဲ့ အချိန်တွင်းမှာစစ်သွားပါတယ်။
  12. ပီးရင်တော့အ၀တ်စဖယ်ပီး ဗူးထဲပြန်သိပ်ထည့်ပါတယ်။
  13. ကျွန်မ ငါးချဉ်စားရင် ငါးသတ်သတ်သာပိုနှစ်သက်တာမို့ ထမင်းတွေအကုန်ဆေးပစ်လိုက် ပါတယ်။
  14. ငါးအသားချဉ်းဗူးလေးထဲပြန်သိပ်ထည့်၊ အဖုံးလုံအောင်ပိတ်ပီး ရေခဲသေတ္တာထဲထည့် ထားလိုက်ပါတယ်။
လိုရင်ထုတ်ကြော်စားရုံပါဘဲ။  ငါးအရိုးလေးတွေနဲ့နူးပီးစားလို့အရမ်းကောင်းပါတယ်။  ငါးအသားလဲ တင်းတင်းလေးရှိနေတုန်းဘဲ။ ချဉ်လဲချဉ်တယ်၊ စိမ့်လဲအတော်စိမ့်ပါတယ်။  ငရုတ်သီးလေးနဲ့ကြော်ရင် အားလုံးခံတွင်းတွေ့မှာ သေချာတယ်။း)
** ကျွန်မရေးပေးထားတဲ့နည်းက ရှုပ်နေရင် ထပ်မေးလို့ရပါတယ်။ comment မှာရေးထားခဲ့ပါ။  blog အိမ်တိုင်ရာရောက်လာဖြေပေးပါ့မယ်။

ငါးချဉ်လုပ်ရန်ဗူးထဲထည့်သိပ်ထားစဉ်

(၃)ရက်မြောက် ဗူးဖွင့်လိုက်စဉ်
ငါးချဉ်မှထမင်းများဆေးထုတ်အပြီး

ငါးချဉ်ကြော်

Comments

  1. ကျေးဇူး အစ်မ တခါ ပုဇွန် ချဉ် လုပ်သေးတယ် ကျက်တဲ့  ထမင်း နဲ့ လုပ်ရတယ်ဆိုလို့  တွယ်လိုက်တာ မှိုတက်သွားတယ် ခု မှဘဲ မကျက်သေးတဲ့ ဟာနဲ့ ဆိုတာသိရတယ် စမ်းကြည့် အုံးမယ်

    ReplyDelete
  2. ကျက်တဲ့ထမင်းလဲရမလားမသိဘူး။
    အရင်တစ်ခါကူးလုပ်တာပုပ်သွားလို့... အခုမကျက်တဲ့ ထမင်းဘဲသုံးလိုက်တယ်

    ReplyDelete
  3. ငါးချဉ်တွေရမယ် ငါးချဉ်
    ငါးချဉ်ရှိသေးလား ဗျို့
    နည်းနည်းလောက်ပါး)
    ကြော်စားမလို့

    ReplyDelete
  4. ကူးနည်းလေးနဲ့ လုပ်ကြည့်ဦးမယ်။ အပြင်ကဝယ်စားရင် ဖက်များနေတယ်။ ကူးကူးငါးချဉ်က ငါးကြီးချဉ်လိုမျိုးဖြစ်မယ်နဲ့တူတယ် ။ ကသာဘက်ကလိုမျိုး ။ စားလို့အရမ်းကောင်းတယ်

    ReplyDelete
  5. ကူးကူးရေ ... သေချာတော့မဖတ်ရသေးဘူး။ ရုံးမှာမှို့။ ငါးချဉ်သိပ်ကြိုက်ပါတယ်။ ပုံနဲ့သေချာကို ရှင်းပြထားတာဆိုတော့ လိုက်လုပ်ကြည့်ဦးမယ်။ မြန်မာပြည်မှာတော့ ငါးချဉ်ကို ငါးသေးသေးလေးတွေနဲ့ပဲလုပ်တယ်နော်။ ဘာလို့လဲမသိဘူး။ အဲလိုငါးအကြီးနဲ့လုပ်တာ မမြင်ဖူးသေးဘူး။

    ReplyDelete
  6. ကူးးးးးးးကူးစ်
    ကောင်း၏ ရုံလေးတော့ ငါချဉ်ကြိုက်၏
    လုပ်တိုင်းပုပ်၏ ထမင်းကျက်ပြီးသားနှင့်လည်း
    လုပ်လို့ ရ၏ ။တချို့ က လက်ကိုယ်က မချဉ်တတ်
    ဟု ဘွားဘွားကဆို၏ :))))))

    တီတီဆွီရေ...
    ဟုတ်တယ် မြန်မာမှာက ငါးကလေးချဉ်ရောရတယ်
    ကချင်ပြည်နယ် နန်းမားဖက်က ငါးကလေးချဉ်က
    ကောင်းမှကောင်း မုံညင်းဖူး ပေါင်းလေးနဲ့စားရတာ
    ဒါပေမဲ့ ငါးကြီးချဉ်ရောရတတ်တယ် ပင်စိမ်းနဲ့ သုပ်စား
    ကောင်းမှကောင်း


    ကူးရေးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ရုံလေးတို့ ဆီလာလည်တိလာ
    ပြီးတော့ ငါူချဉ်လုပ်ကျွေးတိလာ
    ကိုကိုလည်း ရှိတယ်တိလား
    ယောင်းမလေးရောတော်လို့ ရတယ်တိလာ
    ဟီ ဟီ စတာနော်
    ခင်တဲ့
    ရုံလေး

    ReplyDelete
  7. မြူးစ် ကူးမှာမောင်လေးချောချောရှိတယ်သိလား..
    ယောင်းမ ပြန်တော်မယ်.. ဟီးဟီးး

    ReplyDelete
  8. သုတ်စားလို့  ကောင်းမလား မကူးကူး...

    ဆီတွေ မကြည့်ချင်သေးလို့  ... ဘာလချောင်ကြော် ကြော် ပြီး ကထဲကပဲ..

    ကောင်းမယ်ဆို ဗူးလိုက်မသွားမလို့  .. ဟဲဟဲ

    ReplyDelete
  9. လိုက်လုပ်ကြည့်ချင်စိတ်ပေါက်သွားပြီ...ကြော်ထားတဲ့ပုံ လေး ကောင်းမှာသေချာတယ်

    စူးနွယ်

    ReplyDelete
  10. ကူးးးးးးးကူးစ်
    ဟိ ဟီး ရုံလေး တော့ပွတော့မှာပဲနော်
    ယောင်းမ ချက်ကျွေးတာလဲ စားရ
    မောင်လေးရော ရ ဟဟ မိုက်တယ်ဗျို့ 
    ဒါနဲ့ သူလေးကချောလားဟင်
    ချေားမှာပါ ယောင်းမလေးတောင်
    အရမ်းချောတာ ပဲဟာနော့


    ခင်တဲ့
    ရုံလေး

    ReplyDelete
  11. Any of you know about running around with dental problems and toothaches? I'm sure you do that's why trying to cover up tooth embarrassment with money. lol looking for date sites and cash because you need better teeth. anyway, i'm not selling anything or anything but i do want to encourage everyone to look up veneers. google it or find it somewher or ask your dentist. it is the freaking best thing the world.

    all that wonderful candy that those assholes at mars sold you betrayed you and got your whole family running around looking like the wicked witches and wizards of the west.

    You go to the denstist and get a cleaning but what the hell is that going to do? You've got caved in teeth, appalachan mountain teeth, rocky mountain teeth, and general crackhead related teeth.

    It's rough on you I know but it's true. I used to be the same way. I did happen to spend a couple g's on some veneers in atlanta ga (google it if you're not from the US). Now I do give a clean smile on every occasion i meet a face, in abstract to the past where it's hide the smile! But anyway some of you might definitely need to undergo such a process.

    Another important factor is, it's a great way to continue the veneer industry and make sure we have motivated dentists to come up with new innovative ways to fix our teeth. veneers is a big step over gold and silver teeth replacements which are gaudy and look crazy.

    [url="http://veneers.easyjournal.com/"]veneers cost atlanta[/url]

    ReplyDelete
  12. နည်းယူသွားပါတယ်။

    ReplyDelete
  13. ငါးချဉ်သိပ်ကြိုက်တာ
    ကျေးဇူးပါနော်

    ReplyDelete
  14. ကူးလေးရေ။
    ဂျာမုန်းကငါးချဉ်ကိုအ၇မ်းကြိုက်တော့ အားလုံးမသွားတယ်။
    ကူးလေးချက်တာရှယ်ပဲကွယ်။
    ချစ်တဲ့အစ်မဂျာမုန်း

    ReplyDelete
  15. Hello...Ama..it looks so delicious. I also want to do. Could u please let me know how to say in English. Now i 'm in US and don't know what kind of fish i should buy for "Nga Chin"

    ReplyDelete
  16. hi.. any fish will do..
    it's better if you use smaller one..
    try "Trout" i hope you can buy there ..

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ