ကျွန်မအိမ်ပြန်ရောက်တဲ့ညမှာမိသားစုစုံညီညစာစားပွဲလေးမာမီကပြင်ဆင်ထားတယ်။အိမ်ပေါ်ထပ်
မှာကဗျာဆန်ဆန်ဖယောင်းတိုင်လေးနဲ့ပေါ့။ အထူးထွေတော့အချိန်ယူပြင်ဆင်ချိန်မရှိလောက်အောင်
ညီမလေးကမနက်ရောက်ပီး၊ ကျွန်မကညနေပိုင်းရောက်တော့သူတို့လေယဉ်ကွင်းသွား၊ညီမလေးကို
ကြိုအိမ်ပြန်ပို့၊ ညနေပိုင်းပြန်ထွက်ကျွန်မကိုစောင့်ကြို၊ပြီးပြန်လာ။ ကျွန်မတို့ဆိုရင်တော့ငြီးမလားမသိ
ဘူး။မိဘဆိုတော့လည်းသားသမီးတွေပြန်လာတော့ဖြစ်နိုင်ရင်လေယဉ်နားထိတောင်လာစောင့်ကြိုချင် ကြတာမဟုတ်လား။
စားပွဲရှည်ကြီးမှာထမင်းနဲ့၊ ပဲသီးစုံဟင်း၊ သင်္ဘောသီးစိမ်းသုပ်၊ ငပိတို့စရာအစုံလင်နဲ့၊ ရွှေဖရုံရိုးတံလေး
တွေကိုအမျှင်တွေသင်ပြီးစိမ်းစိမ်းလေးပြုတ်ထားတာလဲပါသေး။ ပဲပုပ်အစပ်ချက်၊ အားလုံးနီးပါးတော့
သတ်သတ်လွတ်တွေပါ။ ငပိရည်ကလွဲလို့ပေါ့။ အားလုံးကမာမီ့လက်ရာတွေပါ၊

စားချင်လိုက်တာ
ReplyDelete