Pages

Monday, January 19, 2009

မျက်တောင်ရှည်ရှည်လေး

J ဘလော့ထဲမှာရေးထားတဲ့မျက်တောင်ရှည်ထွက်လာတဲ့ဆေးအကြောင်းဖတ်မိတော့
အန္တရယ်မကင်းဈေးကလဲကြီးပါ့။ ဒီတစ်ခေါက်ပြန်ရောက်တော့ညီမ၀မ်းကွဲတွေအိမ်လာ
လည်တော့ညီမတတွေမတွေ့တာကြာ၊ စကားဖောင်ဖွဲ့ရင်းနဲ့ ညီမလေးခေမီကိုက မျက်
နှာမှာမျက်တောင်အရှည်ကြီးတပ်ထားတာစိတ်ဝင်စားလို့အပျော်လိုက်ဆော့ရင်းနဲ့တပ်
ဖြစ်ခဲ့တဲ့မျက်တောင်အရှည်ကြီးကိုကြွားလိုက်ပါတယ်။ သူကတော့dancer ဆိုတော့အ
မြဲလိုလိုတပ်ထားတယ်တဲ့သူနဲ့လဲလိုက်ပါတယ်။ ကျွန်မတပ်မှသာသရဲလိုလို၊ ကဝေလို
လိုဖြစ်နေတာ.. မျက်တောင်အတုလေးတွေတော့မောလ်မှာခဏခဏတွေ့ဖြစ်ပေမယ့်
ဘယ်လိုတပ်ရမှန်းလဲမသိ၊စိတ်လဲတစ်ခါမှမ၀င်စားမိဘူး။ အခုတစ်ခါမှညီမလေးကတပ်
ပေးမယ်ဆိုပီကော်ဗူးသေးသေးထုတ်ကော်ကိုမျက်တောင်အတုပေါ်ပါးပါးလေးသုတ်ပြီး
ဖူး..ဖူး..လို့လေနဲနဲမှုတ်ပီးမျက်တောင်တစ်ဝိုက်လိုက်ကပ်လိုက်တာပီးသွားရော။ မြန်လဲ
မြန်တယ် မျက်လုံးဖွင့်လိုက်တော့သိပ်လဲမလေးဘူး။ တယ်ဟန်ကျပါလားလို့ထင်မိသား။
ပြန်ခွာတဲ့အခါကိုယ့်နဂိုမျက်တောင်လေးတွေကျွတ်သွားမှာလဲစိုးရိမ်သေး..ဒါပေမယ့်
မကျွတ်ပါဘူး။ တစ်ဖြည်းဖြည်းဆွဲခွာလိုက်ရုံဘဲ။ တော်တော်ကြီးကိုသဘောကျတာ။
ဘယ်ရမလဲဓာတ်ပုံတွေအများကြီးရိုက်ပစ်လိုက်တယ်။ နောက်အားတဲ့အချိန်အရောင်
နဲ့မျက်တောင်တုလေးတွေလိုက်ရှာဝယ်တပ်အုံးမှ..း)

4 Comments:

khin oo may said...

သိတ်လှတယ်။

Moe Cho Thinn said...

လှတဲ့လူ တပ်လို့ လှတာဖြစ်မယ်။ တို့မျက်တောင်ကျတော့ အထဲတောင် စိုက်ဝင်နေသေး။ အဲဒီလို အတုမျိုး တပ်ရင် စိတ်မရှည်တာနဲ့ ဆွဲခွာလိုက်ရင် ရှိတဲ့ဟာတောင် ကုန်မှာ :D

ဇင်ယော် said...

ကြုံတုန်းလေး ကြော်ငြာဝင်သွားတယ်နဲ့ တူတယ်။ :P မျက်တောင်တော့ မလိုချင်ဘူးဗျာ ယပ်တောင်ဆိုရင်တော့ အဆင်ပြေတယ် အိုက်တဲ့အချိန် တဖြတ်ဖြတ် ခပ်နေရုံပဲ :)

Rita said...

စိတ်ဝင်စားလိုက်တာ။ ကော်တော့ နဲနဲ များနေတယ်။
ကိုယ်က အဲလိုပဲ တခုခု စိတ်ဝင်စားတယ် ဆို အဲဒါပဲ လိုက်လုပ် လိုက်လုပ်။ ပြီးရင် ပြီးသွားပြန်ရော။

ဥပမာ လက်သဲဆိုးဆေးဆို အဲဒါပဲ အမျိုးမျိုး ၀ယ်။ သူများကိုကြည့်လဲ လက်သဲဘာရောင်ဆိုးထားလဲပဲ တန်းမြင်တယ်။ ဖိနပ်ဆီ စိတ်ရောက် သွားပြန်ရင် ခြေထောက်ပဲ မြင်တယ်။ ကြည့်တယ်။

ပုံမှန်ကတော့ အလှပြင်ဖို့ ပျင်းတယ်။ မျက်နှာပြောင်နဲ့ နေတာများတယ်။

Post a Comment

ကူးကူးရေ...

 
Powered by Blogger