Pages

Sunday, January 18, 2009

ကြက်ဟင်းခါးရွက်ငုံကြော်

အရင်အပတ်ရောက်ကတည်းကအခါးစားချင်တာဈေးမသွားနိုင်သေးတော့စိတ်ကိုခဏထိမ်းထားရ
တယ်။ အခါးရွက်၊ ကြက်ဟင်းခါးရွက်ကလဲဈေးနေ့တွေမှာသာဈေးမှာဝယ်လို့ရတယ်။ supermarket
တွေမှာမရောင်းဘူး။ ဒီနေ့မနက်တော့ဈေးထဲသွားပြီးအရွက်တွေတော်တော်များများဝယ်ခဲ့တယ်။
အရင်အပတ်ကသွေးတက်နေတော့အမြင်တွေေ၀၀ါးနေတာအရွက်တွေဘဲပြုပ်စားဖြစ်တော့အရွက်
မပါရင်မစားတတ်အောင်အရသာတွေ့နေပီ။ အရင်ကတော့ကြက်ဟင်းခါးရွက်ကိုဟင်းချိုချက်သောက်
ပေမယ့် http://loveluvv.blogspot.com/2008/11/blog-post_1527.html ဒီနေ့တော့ ပဲနီလေး
ဟင်းရည်ချက်ပီးသားမို့အရဲစွန့်ကြော်စားဖြစ်တယ်။ ကြက်သွန်ကိုတော့လတ်လတ်ဆတ်ဆတ် အနီဥ သေသေးလေးတွေ (ပုံတွင်ရှု)များများသုံးကြော်တယ်။ ချိုတာအရမ်းဘဲကောင်းလဲကောင်းတယ်။
ကြက်သွန်နီ ဥကိုလှီးပီးဆီပူထဲထည့်၊ ကြက်ဟင်းခါးရွက်ချွေထားတာကိုထည့်ဆားနဲနဲ၊အချိုမှုန့်နဲနဲ
ထည့်ပြီး အရွက်မနွမ်းခင်မှာကြက်ဥဖောက်ထည့်လိုက်ပြီးမွှေရင်းနဲ့ကျက်လောက်တဲ့အခါကြက်ဥ
အသားလေးတွေကကြက်ဟင်းခါးရွက်လေးတွေငုံထားသလိုဖြစ်ပြီးစားလိုက်ရင်ခါးသက်သက်စိမ့်
့ပြီးအားလုံးကြိုက်မယ့်အရသာလေးပါ။ နောက်လဲခဏခဏကြော်စားဖြစ်မှာကျိန်းသေတယ်။

2 Comments:

subuueain said...

ကြက်ဟင်းခါးရွက်ကိုကြော်မစားဖူးဘူး။ကျေးဇူးနော်

khin oo may said...

မြင်တောင်မမြင်ဘူးဘူး

Post a Comment

ကူးကူးရေ...

 
Powered by Blogger