Pages

Saturday, January 31, 2009

ငါး ဖုတ် (ကင်)



တလားပီးယား ငါးကိုလတ်လတ်ဆတ်ဆတ်ဝယ်..ပြီးဖုတ်စားကြည့်တယ်။ ကောင်းသားဘဲ။
ကြက်သွန်ဖြူနီ၊ ဂျင်း၊ ခရမ်းချဉ်သီး၊ ငရုတ်သီအစိမ်းတောင့် ကို blender နဲ့မွှေလိုက်ပီးတော့
ငါးကိုဗိုက်ခွဲသေချာရေဆေးထားနဲ့အထဲကို မွှေထားတဲ့အစာပလာတွေကို ဆား၊ငံပြာရည်၊
နနွင်း၊ အရောင်တင်မှုန့်ထည့်နယ်ပြီး ငါးကိုယ်ထဲကိုရောမွှေထည့်လိုက်တာပါ။ ကိုယ်လုံးကို
လဲဓားနဲ့သုံးချက်လောက်မွှန်းပြီးအထဲကိုအနှစ်တွေသိပ်ထည့်ပြီး ဖုတ်လိုက်ရုံပါဘဲ။ ကျက်နိုင်
လောက်တဲ့အနေလောက်ကိုမှန်းပြီးတော့ ကျွန်မကတော့ ၃၀မိနစ်လောက်ဖုတ်လိုက်တဲ့အခါ
မှတော့မွှေးကြိုင်ပြီး ချိုနေတဲ့ငါးဖုတ် (ကင်)လေးရလာပါပြီ။ (ပုံတင်တာငါးကဇောက်ထိုးဖြစ်
နေတယ်နော်၊ ပြန်တည့်အောင်မလုပ်တတ်ဘူး..း(
ဆီမထည့်ပေမယ့်ငါးကအဆီထွက်လာတယ်။

1 Comments:

ှဇင်ဇင် said...

ဘာနဲ့ဖုတ်လဲ။ Microwave နဲ့လား။ ဘယ်လိုဖုတ်လဲဟင်။ လုပ်စားချင်လို့ မီးသွေးမီးဖိုရှိဘူး

Post a Comment

ကူးကူးရေ...

 
Powered by Blogger