Skip to main content

အင်ဒို ပဲပုပ် (tempe)

ဒီနေ့အိပ်ရာထတာစိတ်ကမကြည်ဘူး။ အခုတစ်လောအလုပ်များ၊ စိတ်ပင်ပန်းတော့ ရှိသမျှအစားစာတွေ တရစပ် စားတာနဲ့ ဗိုက်ကြီးကလဲ ပူ၊ ခါးလဲတုတ်၊ မာမီက vzo ကနေတွေ့တော့ ယောကျာ်းတောင်မရသေးဘူး အဲလောက် ဗိုက်ပူနေရင်ဘယ်လိုလုပ်မလဲတဲ့လေ။ လေ့ကျင့်ခန်းလေးလုပ်ဖို့စဉ်းစားပါတယ်၊ လုပ်တဲ့အဆင့်ထိမရောက်ခင် အိပ် ပျော်ပျော်သွားလို့ခက်နေတာ။ ချစ်သူကတော့အားပေးရှာပါတယ်၊ သူလဲဗိုက်ပူတယ်တဲ့ အတူတူဘဲ ဆိုပီး ရီနေပါသေးတယ်။ အပြင်ထွက်ဆိုင်မှာစားရအောင်လဲ ညနေ ၆ နာရီ ရုံးကပြန်ရောက်ရင် မှောင်ရီသန်းနေပီ။ ခြံထဲလမ်းလျှောက်ဖို့ စိတ်ကူးရလိုက်ပေမယ့် ပြန်ရောက်တာနဲ့ ဗိုက်ကြီး ကဆာ၊ စားဖို့သောက်ဖို့ ဘာချက်ရင်ကောင်မလဲကြံစည်တာနဲ့၊ ရေမိုးချိုးပီး အပြင်လှမ်းကြည့်လိုက်ရင် မိုးစုန်းစုန်းချုပ်နေပီလေ။ ဒီတော့ ထမင်းလေးစား tv လေးကြည့်ပီး မနက်ဖြန်မှစောစောထ ပြေးတော့မယ် စဉ်း စားလိုက်ပေမယ့် နှိုးစက်ဆူညံသံကြောင့်နိုးတော့ အချိန်ကမိနစ် ၃၀ ဘဲလိုတော့တယ်၊ အဲဒီအတွင်းမှာ ရေချိုး၊ အလှပြင်၊ အ၀တ်လဲပီး ပြေးမှ ရုံးကိုအချိန်မှီလေးရယ်။ ရုံးမှာလဲ တစ်နေကုန် ထိုင်နေတာ၊ မ၀ဘဲနေနိုင် တော့ မလားလေ။ ခရီးသွားရင်လဲ အစားသောက်ကောင်းတဲ့ နေရာဆို ၀ါးပီဘဲ။ ပင်ပန်းလို့ ပိန်မလားမှတ်တယ်၊ ပို၀၀ လာလို့ခက်နေတာ။ အစားသောက်တော့ မလျှော့နိုင်ဘူးလေ... မချက်ဖူးသေးတာတွေ၊ မစားဖူးသေးတာ တွေ နဲတာမှမဟုတ်တာ။ စားချင်တာလေးတွေ၊ စားသင့်တာလေးတွေလဲ ပျက်လို့မဖြစ်ဘူးမဟုတ်လား...
ကဲဒီတော့ ဒီနေ့ ဒီလို ချက်ဖြစ်တာလေးပြန်ပီး ဝေမျှလိုက်ပါတယ်။
တန်းပဲ Tempe လို့ခေါ်တဲ့ အင်ဒိုနီးရှား လူမျိုးတွေရိုးရာစာ ကျွန်မတို့ ပဲပုပ်နဲ့ တူပါတယ်။ ကျွန်မတို့ ပဲပုပ်က အနံ့ ပြင်းပီး အရသာ လေးလေးပင်ပင်ရှိပေမယ့်၊ သူတို့ ဟာကတော့ စိမ့်စိမ့်လေးနဲ့ ဆားလဲမငံပါတယ်။ အရင်က တော့ သူတို့ဆီမှာလဲ ပဲပုပ်ရှိမှန်းမသိပါဘူး။ ဒီက အင်ဒိုတွေအစားသောက်ကိုခဏခဏစားဖူးပေမယ့် သူတို့က ကျွန်မအနံ့မကြိုက်မှာစိုးလို့မကျွေးဘူး။ နောက်မှ ကိုအန်ဒီ့ ဘလော့မှာ Tempe အကြောင်းရေးထားလို့ သူတို့ကိုမေးတော့ သူတို့က ရှိတဲ့အကြောင်းနဲ့ ဆိုင်မှာရောင်းတာထက် သူတို့ကိုယ်တိုင်လုပ်တာ ပိုလတ်ဆတ် ကြောင်း၊ ဒါနဲ့ပဲ စားဖြစ်ခဲ့တာပါ။ အရသာကစိမ့်စိမ့်လေးမို့ ကျွန်မလဲအရမ်းကြိုက်တယ်။ တစ်ပတ်ကို နှစ်ထုပ် ၀ယ်ဝယ်ထားတယ်။ ပဲပြားလိုအတုံးလေးတွေတုံးပီး ဒီတိုင်ကြော်စားလဲကောင်းတယ်၊ သေးသေးတုံးပီး ဘလချောင်ကြော်သလိုမျိုး ကြော်စားလဲကောင်းတာပဲ။ စွပ်ပြုပ်တွေမှာလဲထည့်ကြတယ်၊ ဟင်းချိုလဲလုပ်လို့ ရတယ်။ စားပီးရင်းစားချင်၊ အရန်ဟင်းအဖြစ် အမြဲကိုစားနေတော့တာ အခုထိပါဘဲ။ ကိုအန်ဒီ ကိုကျေးဇူးထပ် တင်လိုက်တယ်။ သူရေးထားတဲ့ ဘလော့ ပိုစ့်ရှာမရတော့လို့ လင့်ခ် မပေးတော့ဘူး။
ပဲကိုရေစိမ်ပီး၊ တဆေးတစ်မျိုးနဲ့ ရောထားပီး နှစ်ရက်လောက် သတ်မှတ်ထားတဲ့ရာသီဥတုအနေထားမှာ ထားရင် တန်းပဲ ဖြစ်လာပါတယ်။ တဆေးကလဲ သူတို့နိုင်ငံထုတ် tempe အတွက် သီးသန့်အထူးလုပ်ထား တဲ့ တဆေး (yeast) လို့ပြောပါတယ်။ ကူးကူးကတော့ လတ်လတ်ဆတ်ဆတ်လေးရတာနဲ့ အတုံးလေးတွေ လှီး ပီး ငရုတ်သီး စပ်စပ်နဲ့ ကြော်ထားလိုက်ပါတယ်။ တစ်ပတ်စာပေါ့။ အနံ့လဲမပြင်းသလို စားလို့လဲအရမ်းကောင်းလို့ မစားဖူးသေးတဲ့ သူတွေကို ထပ်ပီးလမ်းညွှန်လိုက်ပါတယ်နော်...

Comments

  1. စားချင်စရာလေးကူးကူးရဲ့။ ငရုတ်သီးတောင့်လေးနဲ့ချက်စားလဲကောင်းမှာဘဲ။
    မစားဖူးဘူး။:((

    ReplyDelete
  2. စားလို့ကောင်းတယ်.. နို့ခဲ လိုမျိုး..စိမ့်စိမ့်လေး..

    ReplyDelete
  3. ဘယ်လိုလုပ်စားစား အစိမ့်လေးဆိုတော့ စားကောင်းမှာသေချာတယ်.... ကူးကူးချက်တာလေးကတော့ ပိုစားကောင်းမှာပေါ့

    ReplyDelete
  4. အဲဒီပဲပုပ်က ဒို့ဖက်မှာ ၀ယ်လို့တော့ မရဘူး၊ ဒါပေမဲ့
    မှတ်တော့ ထားပါတယ်။ အားပေးလျက်။

    ReplyDelete
  5. နို့ခဲလိုမျိုးဆိုတော့ ကြိုက်တယ်။ အချိုကလွဲရင် ကျန်တဲ့ အစားအသောက်တော်တော်များများကိုတော့ကြိုက်ပါတယ်။

    ReplyDelete
  6. ပဲပုပ်လိုရယ်၊ ဆိမ့်တယ်ဆိုတော့ ကြိုက်မှာပါ။ လုပ်ထားတာလည်း စားချင်စရာပဲ။

    ReplyDelete
  7. ဗိုက်ပူအဖွဲ့ဖွဲ့ကြမယ်လေ........:P

    ReplyDelete
  8. ကူကူးးးးစ်
    ပဲပုပ်အရမ်းကြိုက်တာပဲသိလား
    မြန်မာပြည်မှာဆို ဗိုက်မပူရင် ခေတ်မမှီဘူးဆို
    ဟုတ်ဖူးလားဟင်
    ဒါဆိုကူးလေးက ခေတ်မှီတာပေါ့နော်

    ReplyDelete
  9. ကူးကူးရေ

    တို့ လဲ မန်ဘာဝင်မယ်နော်။ ဗိုက်ပူအဖွဲ့ ထဲ ။
း)

    ကြွေးစပ်ပြီးပြီနော်။

    ပြီးတော့ ကူးကူးတင်ထားတာလေးလဲစားချင်တယ်။ စိမ့်တယ်ဆိုလို့ 
း)

    ReplyDelete
  10. ချစ်သူတွေများနေပြီ ဟိဟိ။

    ReplyDelete
  11. ထငိသားဘဲ.နားလည်မယ်မထင်ဘူးလို့။ ရှင်းပြရမယ်ဆိုရင် “ဟိုပိုစ်မှာလဲ ချစ်သူကလလေ. ဒီပိုစ်မှကလည်း ချစ်သူကလေ နဲ့ ချစ်သူအကြောင်းထည့်ပြောတာများနေပြီလို့ အတင်းလာပြောတာပါ။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ