Skip to main content

rigatoni pasta (sandakuu-made)

ဒီအပတ်တော့ Potluck ရှိတာနဲ့ Pasta လက်တည့်စမ်းဖို့စဉ်းစားမိတယ်။
အမှန်တော့ Korea ဇတ်လမ်းတွဲ Pasta ဆိုတဲ့ကားကြည့်ပီးကတည်းက လက်ယားနေတာ..
ကိုယ်လုပ်ပီးစားမယ့်သူမရှိ ကောင်းကောင်းမကောင်းကောင်းတစ်ယောက်တည်းစားရမှာမို့ မလုပ်ရဲသေးတာ ရယ်ကြောင့်ပါ။ ဒီရုံးပိတ်ရက်မှာတော့ အတော်ဘဲ..
ဘုရားကျောင်းပီးရင် Potluck ရှိမယ်ပြောလိုက်တာနဲ့ အတွေးထဲမှာ ငယ်ငယ်က ကာတွန်းစာအုပ်လိုခေါင်းမှာ မီးလေးဖျတ်ကနဲ့လင်းသလို Pasta လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒီမှာPotluck တိုင်းက သတ်သတ်လွတ်ဘဲ၊ အသား/ငါးမပါဘူး။ ဒါကြောင့်တော်ရုံကျွန်မလဲ မသွားဘူး။
မြန်မာတွေစုပီး Potluck ရှိမယ်ဆိုရင် ထိပ်ဆုံးကရောက်နေတတ်တယ်။း)
Pasta လားဘာလားတော့မသိဘူး၊
အရင်အပတ်က Green-hills ရောက်တော့ သူငယ်ချင်းနဲ့ Italian ဆိုင်မှာ မမှာစဖူး pasta chicken နဲ့မှာစား သေးတယ်။ အခုကျွန်မလုပ်အလိပ်လေးတွေနဲ့ပါ။ မှာပီးလဲမစားနိုင်ပါဘူး၊ လုပ်တတ်အောင်စားကြည့်တာ၊
ကျွန်မသူငယ်ချင်းအမကြီးနဲ့ အန်တီတစ်ယောက်က တအံ့တသြကြည့်နေပါတယ်။
ကျွန်မအပြင်ထွက်တိုင်းအဲဒါတွေမစားပါဘူး၊ ထမင်းဖြူလေးပါရမှ ဗိုက်ပြည့်တတ်တာကြောင့် သူများမှာလဲ
ကိုယ်ကဘာမှမစားဘဲအအေးဘဲထိုင်သောက်နေတာများတယ်။ နောက် ကျွန်မစားမယ့်နေရာရောက်ရင် သူတို့ထိုင်စောင့်ပေါ့။
Pro အဆင့်တော့မဟုတ်ပါဘူး၊ အဲဒီဂျုံလိပ်လေး(rigatoni)တွေရယ်၊ မှို ဆော့ ရယ်၊ သံလွင်ဆီရယ်၊ မုန်လာဥနီအရွက် လေးတွေလားမသိ(parsley leaves)  တွန့်တွန့်တက်တက်လေးတွေရယ်ဝယ်လာခဲ့တယ်။ မြန်မာလိုဘာအရွက် ခေါ်လဲမသိဘူး အနံ့လေးက ရှိန်းတိန်းတိန်းလေးပါ။
မှိုဆော့စ် ထဲမှာ မှိုဖတ်လေးတွေလဲပါလို့ မှိုသတ်သတ်မထည့်တော့ပါဘူး။
cheese လဲမစားတဲ့သူများတာကြောင့်ဖယ်ထားခဲ့ပါတယ်။
ပထမဆုံး ရေနွေးအိုးကြီးမှာ ပွက်ပွက်ဆူအောင်တည်၊ ဆားထည့် သံလွင်ဆီနဲနဲထည့်ပီး ခေါက်ဆွဲတိုလေး တွေကိုပြုပ်ပါတယ်၊ အရမ်းမနူးအောင်သတိထားရပါသေးတယ်။ ကျက်လောက်ပီဆိုရင်တော့ ရေစစ်ထားပါ။
ဒယ်အိုးအပြားထဲမှာ သံလွင်ဆီထည့်ပီး ကြက်သွန်ဖြူပါးပါးအရှည်လေးတွေလှီးပီဆီသတ်ပါတယ်။
အရမ်းကြွပ်ဖို့မလိုပါဘူး၊ ပီးရင်တော့ မှို ဆော့စ့်တွေထည့်၊
ခရမ်းချဉ်သီးအခွံနွှာပီး အစေ့ထုတ်၊ ပါးပါးလှီးထည့်
ငရုတ်သီးအနီကိုလဲအစေ့ထုတ်၊ပါးပါးလှီးထည့် (အာဝါးသီးဆိုတော့စပ်တယ်..အတော်ပါဘဲ)
သီဟိုစေ့လေးတွေမညက်တညက်ကြိတ်ထားတာပါထည့်လိုက်ပီး..
ခေါက်ဆွဲတိုလေးတွေထည့်ပီး သမအောင်မွှေပါတယ်။  ဒယ်အိုးမဆန့်တော့တာမို့ ခေါက်ဆွဲထည့်ထားတဲ့
ဇလုံထဲမှာထည့်ပီး အားလုံးသမအောင်မွှေတဲ့အချိန်မှာ အရွက်စိမ်းလေးတွေထည့်လိုက်ပါတယ်။ ငရုတ်ကောင်းမှုန့်လည်းထည့်။
ပိုမွှေးလာပီးစိမ့်နေတာဘဲ။ ခါကြက်ဥနီလေးတစ်ပိုင်းကို သေးသေးလေးခြစ်ပီးထည့်လိုက်ပါသေးတယ်။
စားတဲ့အခါတော့မွှေးပီးစိမ့်နေတဲ့အရသာနဲ့အတူ ခါကြက်ဥလတ်လတ်ဆတ်ဆတ် အရသာလေးပါ ပိုတိုးလာ ပါတယ်။  ကျွန်မ pasta ကိုကြိုက်ကြလို့ ဟီးဟီး..  အပြန် နဲနဲကျန်တာတောင် သူများကတောင်းသွားလို့ ခွဲဝေ ပီး ပေးခဲ့ရသေးတယ်။း))))

Comments

  1. ညီမ ကူး ရေ

    လာစားသွားပါတယ်နော်.. အရင်ဆုံးစားတော့ မဝမှာ မပူရတော့ဘူးနော်..

    စားချင်စရာလေး.

    ရွှေစင်

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ငွေဆောင် အစားစာများ

ငွေဆောင်မှာတော့ ပထမရက် ဟော်တယ်ကဘဲအဆင်ပြေတာမှာစားတယ်၊ နောက်နေ့မှာတော့ ရွာထဲကိုသွားစားဖြစ်တယ်၊ စားစရာရယ်အထွေထူးမရှိပါဘူး။ မောင်လေးကတော့ ငါးကင်၊ ပုဇွန်ကင်နဲ့အလုပ်ရှုပ်နေတာ။ သူက ဂဏန်းစားချင်တာ အရမ်းဘဲ၊ ပါးပါးက ဗိုက်ပျက်မှာစိုးလို့ မစားခိုင်းဘူး။  ရိုက်ဖြစ်ခဲ့တဲ့အစားသောက်ပုံလေးတွေပါ။ ကျွန်မကတော့ ရောက်တုန်း ကျောက်ပွင့်သုပ်တော့ ထမင်းပွဲတိုင်းမှာစားတယ်။ ကြိုက်မှကြိုက်။   သတ်သတ်လွတ် ဘာဘီကယူးးးးး ငါးကင်  ငါးပုတ်ခြောက် - တစ်ကောင် ၅၀၀၀  ကြက်ဥထမင်းကြော်  ကျောက်ပွင့်သုပ်  ပင်လယ်ငါး ပဲငပိချက်  ငါးနီတူသုပ်  ကျောက်ပုဇွန်..  တစ်ကောင် ၁၀၀၀၀ ငါးခေါင်းချဉ်ရေ   ပင်လယ်ငါးမချက်မှီ  ပင်လယ်ငါးချက်  ငပိရည်တို့စရာ  ခေါင်းရွက်ဗျပ်ထိုးဈေးသည်ထံမှ မချက်ရသေးသောငါးများ ကြက်သားခေါက်ဆွဲကြော် (ရွာတွင်းထမင်းဆိုင်) ထမင်းဆိုင်မှကြောင်ကလေး..  ပါးပါးဦးထုပ်ကျသွားတာကိုသူက အဆင်သင့်ဝင်ထိုင်နေတာ။

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ...