Skip to main content

ရေကန်နှစ်ခုကြားမှမီးတောင်

ဒီတစ်ခါတော့ အရင်လ က သတိပေးချက်ထုတ်ထားတဲ့မီးတောင်ရှိတဲ့ ကျွန်းကို မောင်လေးနဲ့အတူ သွားလည် ခဲ့ပါတယ်။ သူက ခရီးသွားလုပ်ငန်း လုပ်နေတော့ ငြိမ်ငြိမ်မနေနိုင် ဘူး။ တစ်နေရာမဟုတ်တစ်နေရာ သွားမယ်ဆိုတာချည်းဘဲ။  လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ကျွန်မ တစ်ခေါက်ရောက်ခဲ့ဖူးသေးတယ်၊ ဒါကတော့ ဒုတိယအကြိမ်ပေါ့။  မောင်လေးအတွက် တော့ ပထမအကြိမ်ပါ။ သူက မီးတောင်ဆို ပုပ္ပါးဘဲရောက်ဖူးတော့ သူ့အတွက် အထူးဆန်းဖြစ်နေတာ။ အဲဒီကိုသွားဖို့က ဈေးကြီးတယ်၊ ကိုယ်တစ်ယောက်တည်းဆိုဘယ်တော့မှမသွားဘူး။ ဒါကြောင့် ချွေတာရေးနဲ့ သူ့နောက်ကပ် လိုက်တာလေ။ လျှောက်လည်လို့ရတဲ့နေရာလေးတွေကို လေဆိပ်ကရလာတဲ့စာအုပ်မှာကြည့်၊ မြေပုံကိုင်ပြီး လျှောက်သွားကြတာ.. ခရီးစဉ်ကိုဖြတ်ပြောရမယ်ဆိုရင်တော့ မီးတောင်နဲ့ ရေအိုင်ကြီးကို အပေါ်စီးက လှမ်းမြင်ရတဲ့ မြို့လေးပေါ်မှာ ကားရပ်တာနဲ့ ကျွန်မတို့ဆင်းပြီးတော့ တောင်အောက်ခြေကိုဆင်းဖို့ ကားစောင့်ရပါတယ်၊ ကားကလဲရှား နေတာမို့ မော်တော်ဆိုင်ကယ်လို အသေးစားလေးကိုစီးပီး တောင်အောက်ခြေဇောက်နက်အထိ ၂ နာရီ လောက်ကြာအောင်ဆင်းရပါတယ်။  သူငယ်ချင်းအမကြီးတစ်ယောက်ကိုအကူညီတောင်းထားလို့ သူက မော်တော်ဘုတ် ဌားတဲ့ resort တစ်ခုက အန်တီတစ်ယောက်ဆီဆက်သွယ်ထားပေးတာနဲ့ တောင်အောက်ခြေ ရောက် ရောက်ချင်းဘဲ မော်တော်ဘုတ်နဲ့ ၁ နာရီလောက်စီးပြီး အိုင်အကြီးကြီးအလယ်က မီးတောင်ခြေထိ အရောက် သွားခဲ့တယ်။ ခရီးစဉ် ၁-၂-၃-၄ ပေါ့။
အင်တာနက်ပေါ်ကပုံရှာပီး လမ်းထွင်ထားတယ်။
 မီးတောင်ပေါ်မှမြေပုံ
ရေက ကြည်ပီးအေးနေတာ၊  ရေမှော်စိမ်းစိမ်းလေးတွေလဲ အများကြီး။  မောင်လေး ကတော့ မော်တော်ထိပ်မှာထိုင်ရင် ပုံတွေရိုက်ရင်း ပျော်နေတာဘဲ။  ၄၅ မိနစ်ကျော်ကြာတော့ အိုင်အလယ် က မီးတောင်ခြေရင်းအိုင်စပ်နားကိုရောက်တော့ ဆင်းပြီး  မြင်းထပ်စီးရပါတယ်။  အချို့တွေကတော့ လမ်း လျှောက်ကြတယ်၊ ဒါပေမယ့် မီးတောင်က ထွက်တဲ့အငွေ့နဲ့၊ ဖုန်နဲ့..အပူဒဏ်ခံဖို့တော်တော်မလွယ်လှဘူး။  မြင်းတစ်ခါမှမစီးဖူးပေမယ့် မြင်းလေးတွေက လိမ္မာကြပါတယ်။  အနားမှာ အထိမ်းတစ်ယောက်တော့ ရှိတယ်။  လိုအပ်ရင်ထိမ်းဖို့၊ မလိုရင်တော့ လွှတ်ထားပေးတာဘဲ။  မြင်းတွေက တော်တော်လှတယ်၊  အခုမှ အနီးကပ်တွေ့ဖူးတာ။ မန္တလေးက မြင်းတွေက ဗိုက်ပူပူ အမွှေးကျဲကျဲနဲ့.. အရှေ့က ဆံပင်တစ်ဖုတ် လေးကလဲ ကျိုးတို့ကျဲတဲ... အခုမြင်းတွေကတော့ တော်တော်လှကြတယ်။
ဒီမီးတောင်က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က တစ်ခေါက်ပေါက်ပီးသွားပီ။ အခုလဲအငွေ့တွေ ထွက်တုန်းဘဲ ထူးခြားတာက ဒီမီးတောင်က ရေအိုင်အကြီးကြီးအလယ်မှာရှိပြီးတော့ မီးတောင် အလယ်မှာလဲ နောက်ထပ် ရေအိုင်ထပ်ရှိနေတာဘဲ။ မီးတောင်အပြင်က ရေအိုင်ကြီးက အေးပြီး စိမ်းနေသလောက် မီးတောင် အလယ်ကရေအိုင်က ပွက်နေတယ်။ မီးတောင်အလယ် ဆိုပေမယ့် အနက်ကြီးမို့ အပေါ်ထိအပူဒဏ်မရောက်ဘူး။
ဘာတွေ့ခဲ့လဲသိလား၊ ရေယိုရွက်၊ ဘောစကိုင်းရွက်၊ ပေါက်ပန်းဖြူ ရွက်။  ခူးလာခဲ့သေးတယ်။ ပေါက်ပန်းဖြူ တော့ သူတို့အလှစိုက်ထားတဲ့အပင်မို့ မခူးခဲ့ဘူး။  ပြန်လာတော့ ငါးလေးတွေ အတွက် ရေအိုင်ကြီးထဲက ရေမှော်ပင်လေးတွေလဲ ယူလာခဲ့တယ်။ အရင်လက လဲ သတိပေးချက် ထုတ်လို့ မီးတောင်နားတစ်ဝိုက်လူတွေ ထွက်ပြေးရသေးတယ်.. ဒါပေမယ့် အဲတုန်းက မပေါက်ဘူး။

ဒါကတော့ ပေါက်ပန်းဖြူပင်၊ ပေါက်ပန်းဖြူ ပန်းဆီရောင်လေးတွေပါ။
ဒါကတော့ ကမ်းစပ်ကအခွာ.. ကမ်းစပ်ကို လှည့်ရိုက်ထားတာ။
တောင်တန်းတွေအလယ်က မီးတောင်ဆီက ပြန်လာတဲ့ မော်တော်ဘုတ်လေးတစ်စီး။
မီးတောင်ဆီကိုပို့ပေးတဲ့ မော်တော်ဘုတ်လေးတွေစီတန်းရပ်နေတာပါ။
ဒါကတော့ မြို့လေးက နေ တောင်အောက်ဆင်းတဲ့လေး စောက်မတ်မတ် ကိုလှမ်းရိုက်ထားတာ။
ရေကန်အလယ်မှ မီးတောင်ရှိရာသို့


တောပုန်းကြီးစံဖဲ မောင်လေး ပါ။
ကျွန်မစီးတဲ့မြင်း..
မီးတောင်တက်ရာလမ်းတစ်လျှောက်

မီးခိုးတွေတစ်လူလူထွက်နေတဲ့ကျောက်ကြား... အချို့များ ကြက်ဥတောင်ပြုပ်စားသေးတယ်..
မီးတောင်ထိပ်က လင့်စင်
မီးတောင် အမြင့်ဆုံးနေရာ..
မီးတောင်ထိပ်ကနေ မီးတောင်အထဲ မှ အလယ်ရေကန်
မီးတောင် အောင်ခြေကနေ မီးတောင်ထိပ်ထိ တက်လာတဲ့လမ်းကြောင်း။ ကျွန်မတို့ ဖြတ်လာတဲ့ မီးတောင်အပြင်က ရေအိုင်ကြီးတွေ့လား.. 
အခုတော့ ဘယ်လိုသွားရသလဲ နဲ့ခရီးစဉ်အဆင့်ဆင့်ကျွမ်းကျင်သွားပြီ။ သွားလည်ချင်သူ များ အတွက် tourist guide ဌားချင်ရင် ကူးကူးကိုခေါ်လို့ရပါသည်။ guide ခ မယူပါ၊ လမ်းစရိတ်စိုက်ပေး မုန့်သာဝယ်ကျွေးရန်လိုသည်။ hahahahah...

Comments

  1. ပင်နာတူဘို ဆိုတာကြီးလား။ :)

    ReplyDelete
  2. မီးတောင်နှုတ်ခမ်းပေါ်က KuuKuuhere က ဘာအပင်တုန်းဟင် :D မခူးခဲ့ဘူးလား ........ မီးတောင် အလယ်က ရေကန်ကို သေချာ ကြည့်ချင်လိုက်တာ.. နဂါးတွေ ဘာတွေ ထွက်လာမလားလို့  ....... :P

    ReplyDelete
  3. တို့လည်း သွားချင်တယ်
    အပေါ်ပုံက မောင်လေးဆိုတော့
    အောက်ပုံက ကူကူးလား ထင်နေတာ
    အိပ်ချင်မူးတူးနဲ့ သေချာ ကြည့်ရတယ်
    ကူကူး မဟုတ်ဘူး မြင်းဂေါင်းကြီး ဖြစ်နေတယ်

    Baby taster

    ReplyDelete
  4. လှေအဆင်းမြင်းအတက်တဲ့..
    လှေကလဲဆင်းရော မြင်းပေါ်တက်ရတာပြောတာနေမှာ..
    google ကနေ ဒီမီးတောင်ကို ကြည့်ပြီးပြီ..ခုမှ ကိုယ်တိုင်သွားသူတွေ ကိုယ်တွေ့ဖတ်ရတော့တယ်

    ReplyDelete
  5. သွားချင်လိုက်တာ ကူးရယ်..
    ကူကူးစီးတဲ့မြင်းက အမောက်လေးနဲ့တော့...
    ပန့်ကေညှပ်ထားတာ ထင်တယ်နော်..ဟီး

    အမရဲ့ မွေးနေ့ကျရင် လာဖြစ်အောင်လာခဲ့အုံးနော်...

    ReplyDelete
  6. နတ်သမီး ပြောတာ ရီရတယ် ကူးကူးရေ ပျော်စရာကြီး

    သွားချင်တယ်

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  7. ရှုခင်းလေးတွေ လှလိုက်တာ
    သွားချင်တယ်သွားချင်တယ်
    လာလည်မယ်ဆို ပို့ပေးရမယ်နော်
    ဟိဟိ
    ထီထိုးဦးမယ် ထီပေါက်ရင်လာခဲ့မယ်..
    မော်တော်ဘုတ်လဲ စီးချင်သေး
    မြင်းလဲ စီးချင်သေး
    မောင်လေးကိုလဲ ပါအောင်ခေါ်ခဲ့နော်း)

    ReplyDelete
  8. ပို့ စ်လေး ရေးပေးလို့ ကျေးဇူးဘဲ ကူးကူးရေ..

    စိတ်ချ မုန့် အပြင် မန်မန်းပါကျွေးမယ်

    ReplyDelete
  9. စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်လေးတစ်ခုပေမယ့် တင်ပြချက်ကတော့ တော်တော်လေးကို ညံ့ဖျင်းလွန်းလှပါတယ်၊ သွားရောက်ခဲ့တဲ့ နေရာက ဘယ်နေရာ၊ ဘယ်ဒေသနဲ့ ဓာတ်ပုံတွေမှာကအစ ပို့အစအဆုံး ရှာပေမယ့် မတွေ့တာ တော်တော်လေးကို ဆိုးဝါးလှပါတယ်၊ ဒီလိုရေးလို့ စိတ်မဆိုးပါနဲ့၊ ငါ့ဘလော့ဂ်ဘယ်လိုဘဲ ရေးရေးပေါ့ လို့ ပြောရင်လည်းရပါတယ်၊ တခုရှိတာက ဘလော့ဂ်က public လုပ်ထားရင်တော့ မည်သူမဆို ရောက်လာပြီး ဖတ်ကြမှာပါဘဲ။ ဆန်ကောင်းလိုချင်ရင် နာနာဖွတ်ရတယ်တဲ့၊ စိတ်စေတနာအရင်းခံဖြင့် ဝေဖန်ပေးသွားတာပါ၊

    ပုည

    ReplyDelete
    Replies
    1. အမှန်ပဲဗျာ ဘယ်နေရာ ဘယ်ဒေသမှန်းမသိဘူး.. ရေးသားပုံ အတော်ဆိုး၀◌ါးတယ်

      Delete
  10. ဟုတ်တယ်.. ကူးကူးက အဲလိုဘဲ ညံ့တယ်..
    ရေးတာလဲရှေ့နောက်စာစီတာမညီဘူး..
    ကြိုးစားလဲမရဘူး... ဒါတောင် နှစ်ခါလောက်ရေးပြီး ပြန်စစ်တာ တစ်ပတ်ကြာတယ်.. တစ်မင်လုပ်တာမဟုတ် သလို ရေးချင်သလို ဖြစ်သလိုရေး တာလဲမဟုတ်ပါဘူး။ နဂိုကတည်းကိုက ညံ့တာပါ။ ကျေနပ်ပီလား။
    စိတ်ရင်းစေတနာနဲ့ဝေဖန်သွားရင် ဆက်သွယ်ဖို့လိပ်စာလေးတော့ ချန်ထားပေးလေနော်။ ဘယ်ဒေသ၊ ဘယ်နေရာ ရှာမရတဲ့ကူးကူးလို မညံ့ဖျင်းစေချင်လို့ပါ။

    ReplyDelete
  11. အမ်....

    မလေး ကွန့်မင့်ရေးမလို့ စီထားသော အတွေးလေး ပျောက်သွားတယ်.. အဟွန်း..
    ဟိုဟာလေ...
    ကျမစီးသော မြင်းဆိုတဲ့ ပုံကလေးကို ချစ်လိုက်တာလို့ ပြောမလို့။ ပထမ ဘာပုံလည်းဟဲ့ ဆို မနည်းကြည့်နေတာ.. နောက်မှ မြင်းခေါင်း။

    နောက် အခြားဟာတွေလည်းပြောမလို့ မေ့ကုန်ဘီ၊ သွားဘီနော် :D

    ချစ်သော..
    မလေး

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ