Skip to main content

Pain >>aching>>> ??

ဒီဇင်ဘာရောက်တော့မယ်။ အိမ်ပြန်ဖို့ရက်လဲနီးလာပြီလေ။ အခုတစ်လော နှစ်ရှည်ဝေဒနာ တစ်ခုပြန်ဒုက္ခပေးလို့ ဆေးရုံနဲ့အိမ် နှစ်ပါးသွားနေရတယ်။
အထူးသဖြင့်ရုံးမှာ တစ်နေကုန်နီးပါးထိုင်တဲ့သူတွေ၊ ကွန်ပြူတာရှေ့မှာ ထိုင်စာရေး၊ စာဖတ် မလှုပ်မယှက်နေတဲ့သူအများစု ခံစားရတဲ့ဝေဒနာနဲ့စပ်ဆက်နေတယ်။
လည်ပင်းအနောက်၊ ပုခုံး၊ နောက်ကြောဘက်တွေမှာ မခံမရပ်နိုင်အထဲက ဆွဲ ဆိတ်နေသလို ခံရတာ။
လေ့ကျင့်ခန်းလုပ်လဲ မထူးလာဘူး၊ အရမ်းကိုက်နေတာ တစ်ခါတစ်လေ အိပ်မရဘူး။ တစ်နှစ် ကျော်လောက် သတိထားမိတာ ဆေးရုံသွားတော့ ဆေးတွေပေးလိုက်ရော။ ဒါနဲ့ အဲဒီဆေးတွေက allergic ဖြစ်ပီး အဲဒါကိုပြန်ထပ်ကုရတာ နောက် ၃ ပတ်၊ အဲနောက်ခရီးသွားတော့ မေ့နေရာက တစ်ရက်ပစ္စည်းနဲနဲလေးတာသယ်မိရာကနေ ထပ်ပီးကိုက်လိုက်တာ မခံမရပ်နိုင်ဖြစ်ရော။ ဒါနဲ့ ဟိုတယ်က အမကြီးက တရုတ်ဆေးဆရာကောင်းတယ်ညွှန်းတာနဲ့ တရုတ်ဆေးဆရာရှာတာ မတွေ့ဘဲ နောက်ဆုံး body relax spa ရောက်သွားပါလေရော။ အဲဒီက ကောင်မလေး နှိပ်ပီး ပြန်ရောက်တာနဲ့ အရမ်းကိုအိပ်ချင်တာ၊ အိပ်ရာလဲနိုးရော တစ်ကိုယ်လုံးလှုပ်မရတော့ဘူး။
ကြိုးစားပီး ဟိုလှည့်ဒီလှည့်လုပ်တော့ တစ်ခြမ်းက ရသေးတယ်၊ ကျန်တဲ့တစ်ခြမ်းက ခေါင်းလဲလှည့် မရ၊ လူက စက်ရုပ်လိုဖြစ်နေတာ၊ ညသန်းခေါင်ကြီးဆေး၇ုံရောက်ပါလေရော။
ဆရာဝန်ကပြောတယ်၊ ဒီနိုင်ငံထဲရှိတဲ့အချိန်အတွင်းထိဘဲ ဆေးပေးကုသနိုင်တယ်၊ နေတဲ့ နိုင်ငံရောက်ရင် သေချာဆရာဝန်နဲ့ပြန်ပြပါ၊ အခြေနေတော်တော်မကောင်းဘူးပြောတာဘဲ။
ဒါနဲ့ တစ်ပတ်လောက်နေပီး ပြန်ရောက်တဲ့အခါ ခေါင်းနဲ့ ကိုယ်တစ်ခြမ်းနဲနဲလှုပ်လို့ရလာလို့ ဆေး၇ုံ ပြန်သွားဖို့မေ့နေတာ... ၄ လကျော်ပီ။ အခုနောက်ပိုင်းပိုပိုပြီးပြန်ဆိုးလာတော့ ရှောင်ကွင်း မရ။ ဆေးရုံတန်းတန်းမတ်မတ်ရောက်သွားရပါတယ်။
ဆရာဝန်က လည်ပင်းရိုးနဲ့ နောက်ကြောကို ဓာတ်မှန်ရိုက်ခိုင်းတယ်။ နောက်ပြီး physical therapy အတွက် နေ့တိုင်းလာရမယ်တဲ့။ မအားဘူးလေ၊ အလုပ်တစ်ဖက်နဲ့ဆိုတော့ တစ်ပတ် နှစ်ခါလောက်ဘဲလာလို့ရပါမယ်ဆိုတဲ့အကြောင်းနဲ့...
ဖြစ်ပုံက ကျွန်မသွေးတိုးရှိတယ်၊ မွေးရာပါဆိုပါတော့၊ ၂၂၀ လောက်ဆို အေးဆေးလျှောက်သွား နေတုန်းဘဲ၊ ၂၄၀ လောက်ထိတက်ရင်တော့ ခေါင်းနဲနဲမူးတယ်.. နားထဲက လေထွက်သလိုခံစား ရတယ်။ ၂၂၀ အောက်ဆို သွေးတိုးနေမှန်းတောင်မသိဘူး။ ဒါကြောင့် ကျွန်မဆရာဝန်က သိပ် စိုးရိမ်တယ်။ လေဖြတ်သွားမှာ။  တစ်ခါတစ်လေ သွေးတိုးရင် ဘယ်လောက်ဆေးပြန်သောက် သောက် မကျဘူး၊ ထိုးဆေးလဲမရဘူး။ ကျွန်မက တော့ အကျင့်ဖြစ်နေပေမယ့် ကိုယ်တစ်ပိုင်း တော့ လေမဖြတ်ချင်ဘူးလေ။ အခု ဖြစ်တဲ့ လည်ပင်း၊ မျက်နှာနဲ့ နောက်ကြော၊ ပုခုံးတစ်ခြမ်း ကိုက်ခဲနေတဲ့ ဝေဒနာကို ဆရာဝန်က သွေးတိုးရောဂါနဲ့စပ်စပ်ပြီးသူက စိတ်ပူနေတယ်။
ကိုယ်တစ်ခြမ်းထဲကို သွေးအလုံအလောက်မစီးဘူး၊ အကြောတွေကကျဉ်းပီး ပိတ်သလိုဖြစ်နေ တယ်တဲ့၊ အေးတဲ့အခါတို့ဆိုရင် ပိုဆိုးတယ်ပြောတယ်။ ဒါကြောင့်ကျွန်မ မျက်လုံးတစ်ဖက် က ရောင်လေ့ရှိတယ်၊  အဲလိုရောင်နေတဲ့မျက်လုံးမှ ပိုပီး sexy တယ်ပြောတဲ့သူရှိသေးတယ်။   ကျွန်မဘလော့စရေးတဲ့နေမှာ မျက်လုံးရောင်နေလို့ အပြင်မသွားနိုင်လဲ အိမ်မှာရှိနေတဲ့အချိန် မျက်လုံးကိုဓာတ်ပုံရိုက်ပြီး profile မှာတင်ထားတာ၊ အခုထိဘဲဆိုပါတော့။ 
သွေးကျဆေးတော့ ပုံမှန်သောက်နေပေမယ့်မနှစ်တုန်းက သွေးပေါင်ချိန် ဆောင့်ဆောင့်တက် တာမျိုးရှိတယ်၊ မျက်လုံးထဲက သွေးကြောလေးတွေလဲ ခဏခဏပေါက်ပီး နီရဲနေတယ်။ ဒါပေမယ့် ဒီနှစ်တော့ အဲလိုမျိုးမရှိတော့ဘူး။ owell လေးတစ်ခုတော့ ၀တ်ထားတယ်။

သူများတွေကပြောတယ် အယုံကြည်မရှိဘူးတဲ့။ ဒါပေမယ့် ကျွန်မစိတ်ထင် တစ်နည်းတစ်ဖုံ အထောက်ပံ့ပေးတယ်လို့ တစ်နှစ်ကျော် ကိုယ်ပိုင်အတွေ့ကြုံအရတော့ ထောက်ခံတယ်။
တစ်ခေါက် PT သွားရင် အကြောအထဲထိအပူပေးတဲ့ဟာနဲ့နှိပ်တယ်၊ အကြောတွေကို တုန်ခါ လှုပ်တဲ့ ဓာတ်ကြိုးလေးတွေတပ်ပီးလှုပ်တယ်၊ ရေနွေးအိပ်ကပ်တယ်၊ လက်နဲ့ကိုယ်တစ်ခြမ်းကို နှိပ်တယ်၊ လေ့ကျင့်ခန်း စနစ်အတိုင်းလုပ်ရတယ်၊ ခေါင်းနဲ့လည်ပင်းကို စက်နဲ့ထိမ်းပြီး ဆွဲဆန့် တယ်။ အားလုံး ၂း၃၀ လောက်ကြာတယ်။
ဒါကြောင့် ကိုယ်ခန္တာကိုက်ခဲနေတာဖြစ်ဖြစ်၊ ပုခုံးအကြောတွေတင်းနေတာ၊ နောက်ကြောတွေ နာနေတာတွေရှိရင်မပေါ့ကြပါနဲ့လို့။
အထူးသဖြင့် ကိုယ်လုပ်နေရတဲ့အလုပ်က ထိုင်နေရတာများရင် ၂ နာရီတစ်ခါ မှန်ကန်တဲ့ လေ့ကျင့်ခန်းပုံ မှန်လုပ်ပေးပါ။ နောက်ကြောတက်တယ်ဆိုပီး သူများကိုနှိပ်ခိုင်းရင် လွယ်ပေမယ့် တစ်ကယ်တမ်း တစ်ခုခုဖြစ်လာရင် အချိန်မှီကုသနိုင်မှ တော်ရုံကျပါတယ်။
ကျွန်မဆရာဝန်ကိုမေးပါတယ်၊ ကျွန်မအမြဲသတိထားလေ့ကျင့်ခန်းလုပ်ရက်နဲ့ဘာကြောင့်ဖြစ်ရသ လဲဆိုတာ၊ ဆရာဝန်က လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ မှန်ကန်တဲ့လေ့ကျင့်ခန်းဖြစ်ဖို့လိုတဲ့ အကြောင်းပြောပြပါတယ်။  အခုတော့ သူတို့ပြောတဲ့နည်းအတိုင်းလိုက်လုပ်နေရတယ်။
လေ့ကျင့်ခန်းလုပ်နည်းကိုအကြမ်းဖျင်းပြောပြပါ့မယ်။ စိတ်ဝင်စားတဲ့သူရှိရင်ပါ။

လေ့ကျင့်ခန်း
၁။  ခုံတွင် မတ်မတ်ထိုင်ပါ၊ ဘယ်ဘက်လက်ဖ၀ါးကို ညာဖက် ပေါင်အောက်ကို ဖြန့်ထည့်ပါ။

ညာဖက်လက်ဖ၀ါးဖြင့် ခေါင်းကိုကိုင်ပီး ညာဖက်သို့ဖိချပါ၊ (၁-၁၀) ထိရေပါ။  ပေါင်အောက်မှ လက်ဖ၀ါးပေါင်ကိုကိုင်ပီးအားယူပါ။
၂။ ခေါင်းကိုမတ်မတ်ပြန်ထားပါ..
၃။ နံပတ် (၁) အတိုင်းပြန်လုပ် ပါ...  စုစုပေါင်း (၅) ခါ အကြိမ် (၅၀)
မပြီးသေးဘူး
(စာနဲ့ရေးရတာခက်တယ်.. ပုံရိုက်ပီပီး နောက်တင်ပေးပါ့မယ်)

Comments

  1. take care မမကူး
    ထောကိုပြောပြပါလား
    လေ့ကျင့်ခန်းဘယ်လိုလုပ်ရတယ်ဆိုတာကို
    မမကူး အမြန်နေကောင်းပါစေ

    ReplyDelete
  2. အားပါး ...... ဘယ်နှယ့်.... ဂရုစိုက်လေဗျာ... မပေါ့သင့်ဘူး... သွေးပေါင်ချတဲ့ နည်းတွေ အများကြီးပါဗျာ.... သေချာလုပ်ပါဦး..

    ReplyDelete
  3. Take care of yourself and do share the exercises, as my other half suffers the same. Thanks in advance!

    ReplyDelete
  4. လေ့ကျင့်ခန်းလေးတွေ သိချင်ပါတယ်... ဒန့်ဒလွန်သီးမုန့် ခဏခဏ စားလေ..ကူး

    ReplyDelete
  5. ကိုယ်လည်း သွေးတိုးရှိတယ်
    ဒါပေမဲ့ ထခါမှတော့ အဲ့လောက်မရောက်ဖူးဘူး
    ၁၅၀/၉၀ လောက်ဆို မခံနိုင်တော့ဘူး။
    အဲ့လောက်အထိပဲ တိုးဖူးသေးတယ်။
    ဂရုစိုက်ပါ။ လေခိုတာလား ? လေလျှိုတာလား
    မပြောတတ်ဘူး။ အဲ့ဒါဖြစ်ရင်လည်း အဲ့လိုဖြစ်တတ်
    တယ်နော်။ တခါတခါ ဆရာဝန်ကုလို့ မရတဲ့ရောဂါတွေ
    ဘာမှ မတတ်တဲ့ ဘေးလူတွေကြောင့် ပျောက်သွားတတ်
    တယ်။ အတွေ့ အကြုံပေါ့။ ကိုယ်ကြုံတွေ့ နေရတာ
    ညနေပြန်လာရေးမယ်။ အခုမအားလို့ပါ။

    ReplyDelete
  6. မမကူးရေ...ဂရုစိုက်ပါနော်။ မပေါ့ပါနဲ့။ အယ်...အဲ့လောက်ြ့ကီးတောင် သွေးတိုးတယ်လား။ များလိုက်တာ အစ်မရယ်...။ ရို့စ်လည်း အုန်းနို့ စားပြီးရင် ခေါင်းထဲမှာ ရိပ်ရိပ်နဲ့ မူးတတ်တယ်။ ကိုယ်က ငယ်သေးလို့ သွေးတိုးတာ မပာုတ်ဘူးလို့ ထင်နေတာ။ ရို့စ်က ခါးနာတာ အစ်မရေ... အိမ်က အိပ်ရာကြောင့် ထင်တာပဲ။ အရမ်း ပျော့အိစက်နေတဲ့ မွေ့ရာကြောင့် ခါးနာတာ။
    မမ သေချာဂရုစိုက်ပါနော်။ မမ အမြဲ နေကောင်း ကျန်းမာပြီး ရွှင်လန်း ပျော်ရွှင်ပါစေ။

    ReplyDelete
  7. ဂရုစိုက်ပါနော်။ မပေါ့နေပါနဲ့ ဆရာဝန်နဲ့ အချိန်ယူပြီးပြပါ။
    ကျန်းမာပျော်ရွှင်ပါစေ....

    ReplyDelete
  8. ကျေးဇူးများကြီးတင်ပါတယ်..
    ဒန့်သလွန်ဆို အပင်တောင်စိုက်ထားတာ.. အမြဲပြုပ်သောက်ဖြစ်တယ်။
    မဟော်ဂနီသီးဆိုလား.. တစ်အားခါးတယ်..အဲဒါလဲစားတာဘဲ...

    ReplyDelete
  9. ကူးကူးရေ
    ကျန်းမာရေးကအရေးကြီးတယ်နော်၊သေချာဂရုစိုက်ပါ၊
    မပေါ့ပါနဲ့ ဆရာဝန်နဲ့ အချိန်ယူပြီးပြပါ။
    ကျန်းမာပျော်ရွှင်ပါစေနော်။

    ReplyDelete
  10. သွေးအားတိုးဆေးတောင် သောက်ဖို့မလိုပါလား...
    အဲလောက်ကြီးသွေးတိုးတတ်တာတော့ အမြဲဂရုစိုက်နေမှ...

    ReplyDelete
  11. မကူးကူး
    အသက်ငယ်ငယ်နဲ.အဲ.လောက်သွေးတိုးတာမကောင်းဘူးနော်။
    ကြာရင်ကျောက်ကပ်ထိခိုက်လာတတ်တယ်။ စစ်ကြည်.ပါဦးလား။
    မပေါ.နဲ.နော်။ သွေးတိုးတာကို၂၂၀လောက်ထိတိုးတာကိုဘာမှမခံစားရဘူးဆိုတာလဲကြောက်ဖို.ကောင်းတယ်နော်။တချို.ဆိုပုံမှန် ၁၂၀၊၈၀ ထက်ကို နည်းနည်းပိုနေပြီဆိုရင်ကိုဘဲ ခေါင်းမထူနိုင်အောင်မူးတာ၊ ခေါင်းကိုက်တာမျိုး sign ပြတတ်တယ်လေ။အခုမကူးကူးက ၂၀၀ကျော်ထိအေးဆေးဘဲဆိုတော. ဒိုင်းခနဲဆောင်.တိုးမှာကြောက်ရတယ်။သတိထားပါနော်။
    ဆရာလုပ်တာမဟုတ်ဘူးနော်။ သတိထားဖို.ရာပါ။

    ReplyDelete
  12. လေ့ကျင့်ခန်းလေးသိချင်တယ်ကူးရေ... ဒို့လည်း အကြောတက်ဇက်ညောင်းအမြဲဖြစ်တတ်လို့

    ReplyDelete
  13. တို့လည်း ဒူးရောင်ဘူးတယ်၊ ဆေးရုံကို wheel chair နဲ့ပြေးလိုက်ရတယ်၊ အပ်နဲ့အရည်စုပ်ထုတ်တယ်တဲ့၊ လမ်း နည်းနည်းတောင် လေးလျှောက်မရသလိုဖြစ်တာ၊ ဘာမှတော့ ရောဂါအထူးအဆန်းမဟုတ်ပေမဲ့ ဒီလိုဖြစ်တာ ဒီအရွယ်နဲ့စောတယ်တဲ့၊
    လေ့ကျင်ခန်းလေးသိချင်လိုက်တာ၊
    အမြန်ဆုံး ပိန်းကြာရွက်တွင် ရေမတင်သလို ကျန်းမာရွှင်လန်းပါစေ
    ခင်မင်တဲ့

    ReplyDelete
  14. ဂရုစိုက်ပါဦးဗျ.....ကူးကူးရ....။
    စိတ်ပူစရာကြီးရယ်......။

    ခင်မင်ခြင်းအားဖြင့်......
    ဏီလင်းညို

    ReplyDelete
  15. Please post the picture of exercise. I also have to sit in front of computers for hours at work and also at home to study. And I know exactly the kind of pain you are talking about.

    Take care of yourself.

    ReplyDelete
  16. ညီမလေးေ၇ အမဖြစ်တာနဲ့ အတူတူဘဲမို့ လို့ -
    အမ က ဂုတ်ကျီးပေါင်းတက်တာ၊သွေတိုးတော့မ၇ှိဘူး။
    တော်တော်ဆိုးတယ်၊ လေ့ကျင့်ခန်းလုပ်နေတာ ၄ လ၇ှိသွားပြီ၊ မသက်သာသေးဘူး။ MRI Scan ၇ိုက်၇ဦးမယ်။ အခြေအနေသိပ်ဆိုးနေ၇င် Reconstruction လုပ်၇မယ်ပြောတယ်။
    ညီမလေးလည်း ဂ၇ုစိုက်နော်။

    စာဖတ်သူတဦး

    ReplyDelete
  17. Hello

    ku ku yay
    I want to suggest to you.you should eat 2 lime leaves.
    Take care well and I pray for u good health soon.

    Reader

    ReplyDelete
  18. Hello

    ku ku yay
    I want to suggest to you.you should eat 2 lime leaves.
    Take care well and I pray for u good health soon.

    reader

    ReplyDelete
  19. Hello

    ku ku yay
    I want to suggest to you.you should eat 2 leaves of lime per day.
    Take care well and I pray for u good health soon.

    ReplyDelete
  20. Hello

    ku ku yay
    I want to suggest to you.you should eat 2 leaves of lime per day.
    Take care well and I pray for u good health soon.

    reader

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ