Skip to main content

ကောက်ကွေးညွန့် ငါးနီတူကြော်

ကျွန်မတို့အဖွားရွာမှာတော့ ကောက်ကွေးညွန့်လို့ခေါ်တဲ့ Fern ကို ဒီမှာလဲတစ်ခါတစ်လေရတတ် တယ်။  ဈေးမှာ ရောင်းတာကတော့ ဈေးနေ့၊ မိုးတွင်းလိုအချိန်မျိုးမှာ အသည်တစ်သည်က လာရောင်းလေ့ ရှိတယ်။  ဈေးနေ့က တနင်္ဂနွေမနက်စောစော မှ စုံတာမို့ ထဖို့ပျင်းတဲ့နေ့မျိုးဆိုရင် တစ်ပတ်လွတ်ရော။  အခုတစ်လောခေတ်စားနေတာ မျှစ်တွေ၊  အတုံးလိုက်ကိုချရောင်းတာ၊  ၁ ဒေါ်လာဆို ၁တုံးရတယ်။ ၀ါးပိုးဝါး မျှစ်ဆို့ကြီးတွေ။ ပြန်ခုတ်ဖြတ်ရတာတော့မသက်သာလှဘူး။  ကောက်ကွေးညွန့်ကိုတော့ ခြံစိုက်စားတဲ့ ကောင်လေးတစ်ယောက် လာလာပေးလို့စားရတယ်။  အစိမ်းသက်သက် ငပိချက်လေးဖြစ်ဖြစ်၊ ငံပြာရည်ချက်လေးနဲ့ဖြစ်ဖြစ် တို့စားရင် အရမ်း အရသာရှိတာမို့ သူ့ကို ရှိရင်လာရောင်းပါလို့ မှာထားတယ်။  လက်တစ်ဆုပ်စာ အစည်းတစ်စည်ကို .5 ဒေါ်လာလောက်ဘဲပေးရတယ်။  ၂၀၀၉ တုံးက ဈေးမှာတစ်ခါရလို့ သုပ်စားဖူး တယ်။   ကောက်ကွေးညွန့်သုပ်၊ ဒီတစ်ခါတော့ စာဘား (sabah) က အန်တီတစ်ယောက်က သူတို့ဆီမှာ ဘလချောင်နဲ့ဖြစ်ဖြစ်၊ anchovies နဲ့ဖြစ်ဖြစ်ကြော်စားကြတယ်လို့ပြောပြလို့  ချက်ချင်းဘဲ စမ်းကြည့် လိုက်တယ်။  ကောင်းလွန်းလို့ ကိုယ့် version လေးကိုဒီပေါ်မှာ ထပ်တင်ထားလိုက်တယ်။

ကောက်ကွေးညွန့် တစ်စီး
ငါးနီတူခြောက် အနည်းငယ်
ငပိစိမ်းစား နည်းနည်း.
တား အနည်းငယ် ...
ကြက်သွန် နီ၊ ကြက်သွန်ဖြူ ကို ပါးပါးလှီးပြီး ဆီပူထဲထည့်ကြော်ပါ။
ငပိစိမ်းစားလေးနဲနဲထည့်ပါ။
မွှေးလာရင် ငါးခြောက်လေးတွေရေဆေး၊ ရေစစ်ပြီးထည့်။
ငါးခြောက်လေးတွေကြွပ်လာပီဆိုရင်တော့ ရေဆေးလှီးဖြတ်ထားတဲ့ ကောက်ကွေးညွန့်လေးတွေထည့်ပါ။
ဆားထည့်လိုက်ပြီး မီးဖိုမီးကိုပိတ်လိုက်ပါ။
ပြီးရင်တော့ အားလုံးသမအောင်မွှေလိုက်ပါ.. အရွက်လေးတွေစိမ်းစိမ်းလေးနဲ့ ဒယ်အိုးအပူနဲ့တင်ကျက်သွား မှာပါ။
ထမင်းပူပူလေးရယ်... ကောက်ကွေးညွန့် ငါးနီတူ ကြော်လေးရယ်...  ချဉ်ပေါင်ဟင်းချိုလေးရယ်.. သိပ်ကို လိုက်ဖက်ပါတယ်။  စိတ်ဝင်စားရင်၊ fern လဲ ရှိရင်.. ကြော်စားကြည့်နော်။
ဒါကတော့ ချိုးဆိတ်ပြီးရေစိမ်ထားတဲ့ ကောက်ကွေးညွန့်လေးတွေပါ။

အသုပ်စားချင်ရင်တော့ ဒီမှာပါ။
ကောက်ကွေးညွန့်သုပ်

Comments

  1. အိုး ကောက်ကွေးညွှန့်ဆိုတာ နာမည်ကြားဖူးနေတာ ကြာပြီ ဘယ်လိုမျိုးမှန်းမသိဘူး
    ခုမှ ဋရင်ကောက်မှန်းသိရတယ်
    ကြိုက်တယ်

    ReplyDelete
  2. အဲ့ဒီ အရွက် မြန်မာပြည်မှာ ရှိစဉ်ကလည်း မစားဖူးဘူး။ အခုတော့ ၀ယ်လို့ရမှာ မဟုတ်ဘူး။ အရွက်စိမ်းစိမ်းဆို အကုန်ကြိုက်တယ်း) စားချင်တာာ

    ReplyDelete
  3. ဋရင်ကောက် လေးတွေ စားချင်လိုက်တာလွမ်းသွားပြီ

    ဆောင်း

    ReplyDelete
  4. rose ရေ အဲဒီအရွက်တွေကို ကချင်ပြည်နယ်ဘက်မှာ ဘဲ စားဖူးတာ ရန်ကုန်မှာ မရှိဘူး

    အခုတော့ ရန်ကုန်ထိ ရောက်အောင် ရောင်းမရောင်း မသိဘူး
    ဆောင်း

    ReplyDelete
  5. ဟုတ်တယ် အချို့ကလည်း ဍရင်ကောက်ညွှန့်  လို့  ခေါ်တယ်ထင်တယ်..။ ကျနော် ရှမ်းပြည်နေတုန်းကတော့ အဲ့သာကို ကောက်ကောက်ညွှန့်  လို ခေါ်ပါတယ်။ အမုန်းကို စားဖူးပါတယ်။ ဒါပေမယ့် သိပ်တော့ ရိုးမသွားတဲ့ အရွက်တစ်မျိုးပါပဲ။ အဲ..... တောထဲမှာ ကိုယ်တိုင် ဆင်းခူးကြည့်တဲ့ခါ ကျောက်လက်ဝါးညွှန့်  (တောက်တဲ့လက်ဝါးလားပဲ) နဲ့  မှားခူးတတ်ပြီး အဆိပ် သင့်တဲ့ အရွက်တွေ ဖြစ်နေတတ်တာ ကြောင့် သူများ ခူးပေးတာနဲ့  ဈေးက ၀ယ်တာပဲ စားဖြစ်ပါတယ်။

    မကူးရေ..... လွမ်းထှာ ရှမ်းပြည်ကိုဗျာ။

    ReplyDelete
  6. ကြိုက်ပြီးသား ကူး ချက်တာဆို။
    အိုင်အိုရာ

    ReplyDelete
  7. အဲဒီအရွက်လေးတွေကို ဟင်းချိုချက်စားဖြစ်တယ် ကောက်ကွေးမှန်းမသိဘူး။ ဒီတစ်ခါမှ ထပ်ချက်စားအုံးမယ်

    ReplyDelete
  8. အဲဒီအရွက်မျိုးငယ်ငယ်တုန်းက စားဖူးတယ်...။ ရှမ်းပြည်မှာ ခရမ်းချဉ်သီးနဲ့ကြော်စားတယ်...။ မုန်ညင်းစောလိုလဲ အရည်နဲ့လုပ်စားကြတယ်...။ ကြိုက်တယ်...။

    ReplyDelete
  9. ကောက်ကောက်ညွန့်ကို တစ်ခါမှ မစားဖူးဘူး။ အဲလိုစိမ်းစိမ်းလေး ကြော်ထားတာလေးကတော့ စားချင်စဖွယ်။
    ငနီတူကို ဘာအရွက်နဲ့ ကြော်စားရင်ကောင်းမလဲ စဉ်းစားနေပြီ။း)

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ