Pages

Thursday, April 3, 2008

ကျေနပ်ပါတယ်

ငါခေါင်းတွေပွင့်ထွက်တော့မယ်
ဖြစ်နိုင်ရင်ဆံပင်တစ်ချောင်းခြင်းကိုဆွဲနှုတ်ချင်တယ်
ခံစားရတာများသက်သာလေမလား
ကတုံးမဘဲဖြစ်သွားမလား

အစာနဲ့ဆေး
ပမာဏအချိုးမှာ
အာခေါင်ကိုဖြဲ
ဗိုက်ထဲကိုလှမ်းကြည့်ရင်တောင်
ဆေးတွေဘဲတွေ့ရမယ်

သူများတွေပျော်မြူး
အလည်ကျုးတော့ကိုယ်လဲပါချင်
စိတ် က ကိုယ်ကိုဆောင်တယ်တဲ့
နောက်နေ့ခံလိုက်ရတာအသေလဲ
ဆိုးလှတဲ့ဘ၀လို့
ကံကိုမပုံချရက်ပါ
ခုန်ကျော်လို့မရတဲ့
ဘ၀အစိတ်ပိုင်းတစ်ခုအနေနဲ့
ကျေနပ်စွာခံယူလိုက်ပါ့မယ်။
................**..................

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger