Skip to main content

မဲပေးခဲ့ပါသည်

သံရုံးကမဲလာထည့်ပါလို့နာမည်အလုံးလိုက်တပ်ပြီးသူငယ်ချင်းတစ်ယောက်ကိုခေါ်ခိုင်းတုန်း
ကမသိဘာသာနဲ့လစ်လျူရှုပြီးနေလိုက်သေးတယ်။နောက်တော့expressmail နဲ့စာရောက်
လာမှယောင်ဝေေ၀နဲ့သွားမလား၊မသွားဘူးလား။ စနေနေ့မအားဘူး။ ဘုရားကျောင်းတက်
ရမယ်။တနင်္ဂနွေအလုပ်အချိန်ပိုရှိတယ်၊စာလုပ်ရမယ်၊ညီမ၀မ်းကွဲမိသားစုနဲ့ရေပူစမ်းသွား
ဖို့လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းကappointmentလုပ်ထားတယ်။တနင်္လာ၊ မဲပေးရမယ့်
နောက်ဆုံးနေ့။ရုံးကိုတော့ကြိုတင်အကြောင်းကြားထားတယ်in case သွားချင်သွားမယ်။
မနက် ၉ နာရီ၊ ၉ နာရီခွဲ..ယောင်နေတုန်းဘဲ..သွားမလား/မသွားဘူးလား...
ဆုံးဖြတ်မရတဲ့အဆုံးအကြံပေးအရာရှိဆီဖုန်းဆက်ပြီးသွားသင့်မသွားသင့်မေးလိုက်တယ်။
သူကသွားလိုက်လေ။ဘာဘဲဖြစ်ဖြစ်သွားသင့်ပါတယ်တဲ့။ အဲဒီနေ့တွေမတိုင်ခင်အင်တာနက်
ထဲမှာသတင့်တွေဖတ်ထားတော့ကြောက်လဲကြောက်တယ်။နောက်ဆုံးတော့ပြည်ထောင်စု
မြန်မာနိုင်ငံရဲ့သံရုံးကိုရောက်သွားခဲ့ပါတယ်။သံမှူးကကျွန်မနဲ့ခင်ပါတယ်။ဖော်လဲဖော်ရွေ
တယ်။ပထမဆုံးဒီနိုင်ငံရောက်ကာစကသတင်းသွားပို့တုန်းကသာတစ်ခါတွေ့ဖူးတယ်။ နောက်
ပိုင်းအခွန်ဆောင်တာ၊သက်တမ်းတိုးတာတွေကိုတော့သူငယ်ချင်းတစ်ယောက်ကသာလုပ်
ပေးပါတယ်။သံရုံးရောက်တော့နေ့လည်၁၂း၃၀။ အပေါ်တက်မယ်လုပ်တော့အစောင့်ကပေး
မတက်ပါဘူး။ထမင်းစားချိန်တဲ့။ သြော်ဟုတ်သားဘဲဒီမှာ ၁၂း၀၀-၁း၀၀ နာရီကနေ့လည်စာ
စားချိန်လေ။ အောက်မှာဘဲခုံမှာထိုင်ပြီးစောင့်နေတယ်။ မြန်မာတစ်ချို့တော့ထပ်ရောက်လာ
တယ်။အ၀င်ဝမှတော့ဒီနိုင်ငံကရဲသားတွေ၊သေနတ်ကိုယ်စီနဲ့စောင့်နေတယ်။စောင့်ရတဲ့အ
လုပ်ကိုစိတ်မရှည်တဲ့ကျွန်မနာရီတစ်ကြည့်ကြည့်နဲ့။ကွက်တိဘဲ ၁း၀၀နာရီလဲထိုးရောအပေါ်
ကိုတက်လို့ရပြီတဲ့။ အထပ်ပေါင်းများစွာဓာတ်လှေခါးနဲ့ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့တံခါး
ပွင့်တာနဲ့ချက်ချင်းတွေရတာကတော့Union of Myanmar Embassy လို့ခန့်ငြားထည်ဝါစွာ
ရေးထားတဲ့သံရုံးကိုရောက်ပါပြီ။ ရောက်တာနဲ့လက်ထောက်သံမှူးကပျူဌာစွာကြိုဆိုပါတယ်
ကျန်တဲ့မြန်မာတစ်ချို့ကရှိန်းတိန်းတိန်းနဲ့မ၀င်ရဲသလို..ကျွန်မကတော့ခေါ်တာနဲ့တန်းဝင်ပြီး
ဧည့်ခန်းဆိုဖာမှာထိုင်နေလိုက်ပါတယ်။အဲဒီမှာစားပွဲပေါ်ကြည့်လိုက်တော့အခြေခံမူကြမ်းစာ
အုပ်ချထားတာတွေ့ရပါတယ်။ သံမှူးကဖတ်ကြည့်ပါအုံးလို့ပြောတော့ကျွန်မကအင်တာနက်
ကဒေါင်းလုဒ်ပြီးဖတ်ပြီးသွားပြီလို့ပြောလိုက်တယ်။အမှန်ကတော့ဖတ်တယ်ဒါပေမယ့်နားမ
လည်ဘူး။...ဟိဟိ ဒါပေမယ့်တစ်သက်မှာတစ်ခါ ကိုယ့်နိုင်ငံအတွက်မဲပေးရတာနဲတဲ့အခွင့်
ရေးမဟုတ်ဘူးမဟုတ်လားနော်..ပထမ..တစ်ယောက်..ပြီးတော့ နောက်တစ်ယောက်ဆို
တာနဲ့ကျန်တဲ့သူတွေမထခင်ကျွန်မအမြန်ထပြီးသွားလိုက်တယ်...နောက်တစ်ဖက်ခြမ်းက
အခန်းထဲကိုသွားရတာ..ရောက်တာနဲ့ ချိတ်ထမိန်ဝတ်ထားတဲ့အမကြီးကနာမည်နဲ့ ပတ်စပို့
နံပတ်တွေသေချာ print ထုတ်ထားတဲ့စာရင်းစာရွက်မှာကျွန်မနာမည်ကိုချက်ချင်းရှာတွေ့
ပြီးဆိုင်းထိုးခိုင်းတယ်။ သူ့ကိုပတ်စပို့ပြလိုက်တယ်။ပြီးတာနဲ့နောက်ကောင်တာတစ်ခုအန်
ကယ်ကြီးတစ်ယောက်ထိုင်နေတယ်အဲဒီမှာအလှူခံဖြတ်ပိုင်းလိုတစ်ခြမ်းမှာကျွန်မနာမည်
အော်တိုရေးပြီးသား..ဆိုင်းထပ်ထိုးရတယ်။ပြီးတော့ဆိုင်းထိုးထားတဲ့စာရွက်တစ်ခြမ်းကို
ဖြတ်ပေးပါတယ်။ ထောက်ခံရင် အမှန်ခြစ် မထောက်ခံရင် အမှားခြစ်ပါဆိုတာကိုရှင်းပြ
ပါတယ်။ပြီးတော့စာအိတ်လေးတစ်လုံးပေးပါတယ်။ နောက်မှာတော့ အခန်းသီးသန့်ထဲ
ကိုထပ်ဝင်သွားရပါတယ်။ အဲဒီအခန်းမှာတော့စားပွဲတစ်လုံး၊ ကော်တစ်ဗူး၊ ဘောလ်ပန်
(၃)ချောင်း ဆိုဖာခုံလေးရှိပါတယ်။ အဲဒီထဲကိုဝင်သွားတော့တစ်ယောက်တည်းပါ။ဘယ်
သူမှမရှိဘူး။ ကျွန်မကိုပေးလိုက်တဲ့မဲပေးရမယ့်စာရွက်မှာလဲဘာမှမရေးထားဘူး၊ နေ့စွဲ
ဘဲပါမယ်ထင်တယ်။ ကျွန်မသေချာလှန်ကြည့်တယ်။ ဘာဆိုဘာမှမရှိဘူး။ ကြိုက်တာကို
မဲပေးနိုင်တယ်ဆိုတဲ့သဘော။ ကျွန်မလဲကိုယ်ကြိုက်တာလေးတစ်ခုကို ခြစ်ခဲ့ပြီး ပေးထား
တဲ့စာအိတ်အလွတ်ထဲထည့်၊ကော်နဲ့သေချာပြန်ပိတ် ပြီးအခန်းထဲကထွက်လာခဲ့တယ်။
ပြီးတော့ ထောင်ထားတဲ့ဗုံးထဲကိုစာအိတ်လိုက်ထည့်လိုက်ပြီး...သံမှူးကိုနှုတ်ဆက်ပြီး
ပြန်လာခဲ့တယ်။ ဒါပါဘဲ..အားလုံးအေးဆေးနဲ့ကိုယ့်ထည့်ချင်တဲ့ကိုယ့်ဆန္ဒကိုယ်လဲ
လွတ်လွတ်လပ်လပ်မဲပေးခွင့်ရပါတယ်။ ကျွန်မတော်တော်စိတ်ချမ်းသာသွားတယ်။ ဒါ
ကျွန်မနေတဲ့နိုင်ငံကိုပြောတာပါ။ တစ်ခြားနိုင်ငံကအကြောင်းတွေကျွန်မမသိသလို
အစိုးရဘက်လိုက်ပြီးပြောတာလဲမဟုတ်ပါဘူး။ ကျွန်မလက်ရှိကိုယ်တိုင်မြင်တွေ့ ကြုံတွေ့
ရတဲ့အခြေနေကိုရေးပြတာပါ။ အဝေးရောက်အခြားမြန်မာတွေကြုံတွေ့နေရတဲ့အခက်
ခဲတွေ၊ မဲပေးလို့မရတာတွေကျွန်မပုံတွေမြင်တွေ့၊ သတင်းတွေကြားနေရပါတယ်။သူတို့
အခက်ခဲကိုလဲနားလည်ပါတယ်။ ကျွန်မကတော့ကျွန်မနေတဲ့နိုင်ငံအနေထားမှာတော့
အေးဆေးလွပ်လပ်စွာလျို့ဝှက်မဲပေးခွင့်ရှိတဲ့အကြောင်းလေးကိုဝေဌချင်တာပါနော်။
ကျွန်မဘာထည့်လဲဆိုတာတော့ပြောပြ၀ူး...

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ငွေဆောင် အစားစာများ

ငွေဆောင်မှာတော့ ပထမရက် ဟော်တယ်ကဘဲအဆင်ပြေတာမှာစားတယ်၊ နောက်နေ့မှာတော့ ရွာထဲကိုသွားစားဖြစ်တယ်၊ စားစရာရယ်အထွေထူးမရှိပါဘူး။ မောင်လေးကတော့ ငါးကင်၊ ပုဇွန်ကင်နဲ့အလုပ်ရှုပ်နေတာ။ သူက ဂဏန်းစားချင်တာ အရမ်းဘဲ၊ ပါးပါးက ဗိုက်ပျက်မှာစိုးလို့ မစားခိုင်းဘူး။  ရိုက်ဖြစ်ခဲ့တဲ့အစားသောက်ပုံလေးတွေပါ။ ကျွန်မကတော့ ရောက်တုန်း ကျောက်ပွင့်သုပ်တော့ ထမင်းပွဲတိုင်းမှာစားတယ်။ ကြိုက်မှကြိုက်။   သတ်သတ်လွတ် ဘာဘီကယူးးးးး ငါးကင်  ငါးပုတ်ခြောက် - တစ်ကောင် ၅၀၀၀  ကြက်ဥထမင်းကြော်  ကျောက်ပွင့်သုပ်  ပင်လယ်ငါး ပဲငပိချက်  ငါးနီတူသုပ်  ကျောက်ပုဇွန်..  တစ်ကောင် ၁၀၀၀၀ ငါးခေါင်းချဉ်ရေ   ပင်လယ်ငါးမချက်မှီ  ပင်လယ်ငါးချက်  ငပိရည်တို့စရာ  ခေါင်းရွက်ဗျပ်ထိုးဈေးသည်ထံမှ မချက်ရသေးသောငါးများ ကြက်သားခေါက်ဆွဲကြော် (ရွာတွင်းထမင်းဆိုင်) ထမင်းဆိုင်မှကြောင်ကလေး..  ပါးပါးဦးထုပ်ကျသွားတာကိုသူက အဆင်သင့်ဝင်ထိုင်နေတာ။

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ...