Pages

Tuesday, April 22, 2008

ကျောက်ပွင့်သုပ်

ကျောက်ပွင့်သုပ်ကိုအရမ်းကြိုက်တယ်။ ကျောက်ပွင့်ပြောမှအရင်တုန်းကဆိုရင်ကျောက်ပွင့်
သုပ်စားချင်ရင်ဆေးပါလေတော့၁၀ခါမက၊ ရွေးလိုက်ရတဲ့အမှိုက်တွေ၊ကျောက်ခဲလေးတွေ
ခရုခွံတွေကလဲအများကြီး၊ အခုနောက်ပိုင်းတော့သန့်ပြီးသားအထုပ်လေးတွေsupermarket
တွေမှာရောင်းနေပါပြီ။အကြာကြီးဆေးစရာမလိုတော့ဘူးပေါ့။ ရေစိမ်ထားပြီး ၁ နာရီလောက်
ဆိုရင်သုပ်စားလို့ရပြီ။ကျောက်ပွင့်ကဆိုင်တွေမှာရောင်းတဲ့ကျောက်ပွင့်သုပ်ကအဖြူရောင်။
ဒါပေမယ်အရသာကအညိုရောင်ကျောက်ပွင့်ကပိုစားလို့ကောင်းတယ်။လည်ပင်းကြီးတဲ့သူ
တွေအတွက်ကျောက်ပွင့်ကဆေးတစ်မျိုးပေါ့။ကျောက်ပွင့်သုပ်ဖို့အတွက်ပြင်ဆင်ရမယ့်အရာ
တွေကတော့..
အာလူး (၂) လုံး - နူးနေအောင်ပြုပ်ထားပါ
မန်ကျီးသီးမှည့် - ရေစိမ်ထားပါ
မြေပဲလှော် - ထောင်းထားပါ
ကြက်သွန်ဖြူ/နီ - ဆီသတ်ထားပါ
(ဂေါ်ဖီကိုတော့ပါးပါးလေးလှီးထားပြီးကြိုက်ရင်ထည့်ပါနော်။ ကျွန်မကတော့ကျောက်ပွင့်သတ်
သတ်သုပ်စားရတာပိုသဘောကျတယ်)
ကျောက်ပွင့်တွေပွလာလို့ရေစင်စင်ဆေး၊ရေညှစ်ပြီးရင်တော့ကတ်ကြေးနဲ့အနေတော်ဖြတ်ပေး
ရပါတယ်။ပြီးရင်တော့အာလုံးပြုပ်ကိုအခွံနွှာ၊ ပါးပါးလှီးပြီးကန့်လတ်ဖြတ်ပြန်လှီးလေးထောင့်အ
တုံးလေးတွေထည့်ပါ။ ပြီးရင်ထောင်းထားတဲ့မြေပဲလှော်တွေကိုထည့်ပြီးတာနဲ့ကြက်သွန်ဖြူနီဆီ
သတ်ထားတာကိုလောင်းထည့်ပါ။ မန်းကျီးမှည့်ရေပျစ်ပျစ်ကိုထည့်၊ဆား၊အချိုမှု့န်နဲ့ ပဲငံပြာရည်
အနဲငယ်ထည့်ပြီးသမအောင်နယ်ပြီးရင်တော့ငရုတ်သီးစိမ်းလေးတွေကိုလှီးထည့်လိုက်ပါ။ ဒါဆို
ရင်စားကောင်းမှာသေချာတဲ့ကျောက်ပွင့်သုပ်ကိုရပါပြီ။
ကျောက်ပွင့်ကိုသုပ်စားတဲ့နေရာမှာတစ်ချို့ကပုဇွန်ခြောက်မှုန့်ကိုမြေပဲမှုန့်အစားထည့်တာရှိသ
လိုအခြားသုပ်ပုံသုပ်နည်းအမျိုးမျိုးရှိပေမယ့်ဒီနည်းကတော့ကျွန်မအလွယ်သုပ်စားနေကြနည်း
လေးတစ်ခုပါ။

3 Comments:

Perfumes said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Perfume, I hope you enjoy. The address is http://perfumes-brasil.blogspot.com. A hug.

အသက်လေးရဲ့ကိုကို said...

ကူကူးရေ
ကြက်သွန်ဖြူနီဆီသတ်တဲ့ အခါငြုတ်သီးအပွတောင့်ပါဆီထည့်သတ်
နောက်ပြီးခရမ်းချဉ်သီးထည့်သုတ်ယင် မန်ကျည်းမှည့်လျှော့အပေါ်ကနံနံ ပင်လေး အုပ်လိုက်
စားလို့လည်းကောင်းဓါတ်ပုံရိုက်ယင်လည်းလှသွားတာပေါ့

ဥဥ

မိုးယံ said...

အခု ဒီမှာ ၀ယ်လို့ရတဲ့ ကျောက်ပွင့်တွေက အစ်မပုံထဲကလို မဟုတ်ဘူးဗျာ.. အဖြူများ ဖြစ်နေမလားပဲ.. ပန်းပွင့်ပုံ အဆုပ်လိုက်ကြီးဗျ

အဲဒါကြီးကို ရေနွေးဖျောပြီး သုတ်စားတာ လွှတ်ကောင်းဗျာ..
နောက်တစ်ခါ ကျမှ အားလူးပြုတ်ပါ ထည့်ဦးမယ်

Post a Comment

ကူးကူးရေ...

 
Powered by Blogger