Skip to main content

ဖိုက်တင်း ဖိုက်တင်း

တစ်ရက်တော့လူသတ်မှုတစ်ခုဖြစ်တယ်၊လူသတ်တဲ့သူကနာမည်ကြီးကစားသမား၊တရားရုံးက တရားသေလွှတ်ပေးလိုက်တယ်၊ခိုကိုးရာမဲ့ဆင်းရဲသားအသတ်ခံလိုက်ရတဲ့သူရဲ့မိသားစုဘယ်လောက် သနားစရာကောင်းလဲ၊အမှုလိုက်ဖို့ပိုက်ဆံမရှိ၊ငွေရှိဂုဏ်ရှိတဲ့သူတွေဆိုးချင်တိုင်းဆိုး၊လောကကြီး ကမတရားလိုက်တာ..
မကောင်းတဲ့သူတွေကိုတော့တိုးတက်အောင်မြင်၊ချမ်းသာသထက်ချမ်းသာ၊လူကောင်းလူရိုးတွေ ကျတော့ဖြစ်ပျက်နေလိုက်ကြတာ၊ ရုန်းကန်နေရလိုက်တာ၊ အခက်ခဲတွေကြားမှာခေါင်းတောင်မ
ဖော်နိုင်ဘူး။
ပတ်ဝန်းကျင်မှာမတရားတာတွေတွေ့နေရတယ်။ကိစမရ
ှိဘူး၊တစ်နေ့သူပြန်ခံရမှာဘဲ၊ငါကကောင်း အောင်နေတာဘဲ အဲလိုစိတ်မျိုးထားမလား..
ဒါမှမဟုတ်..သူတို့တွေတောင်ဒီလိုဆိုးသွမ်းမိုက်မဲနေတာအခုထိကောင်းစားနေတာဘဲ၊ငါကဘာ လို့ကြိုးစားကျင့်ကြံပြီးကောင်းအောင်နေထိုင်ရမှာလဲ
ဆိုတဲ့အတွေးမျိုးတွေးမလား..
ကိုယ့်ကတော့ချုပ်တည်းချိုးခြံပြီးစိတ်ထားကောင်းကောင်းကူညီရိုင်းပင်းတတ်တဲ့စိတ်လေးနဲ့ နေနေပေမယ့်တစ်ခါမှာကံကြမာကမျက်နှာသာမပေးတော့ဘူးလား..လောကကြီး..လောကကြီး မတရားလိုက်တာနော်..

သောကြာနေ့ကရုံးမှာ Health Director ရဲ့အမျိုးသမီး၊အန်တီတစ်ယောက်အင်မတန်ကိုခင်မင်စရာ ကောင်းပါတယ်။တွေ့လိုက်ရင်အမြဲတက်ကြွနေပြီးအလုပ်လုပ်တဲ့နေရာမှာတဲတိကျမှန်ကန်တယ်။ ကျမ်းမာရေးလဲလိုက်စားတယ်။ သတ်သတ်လွတ်စားတယ်။တစ်မိသားစုလုံးမှာသူကအကျမ်းမာ ဆုံး။ နှာစီးချောင်းဆိုးတောင်အင်မတန်ဖြစ်ခဲတယ်။ သူတို့တစ်ခြားနိုင်ငံတစ်ခုကိုပြောင်းရတော့ မယ့်အချိန် ဆေးစစ်တော့သူတစ်ယောက်ဘဲအဆုပ်ကိုမသင်္ကာလို့ဘိုင်အိုစီ လုပ်တဲ့အခါမှာ ထွက်လာတဲ့အဖြေက ကင်ဆာတဲ့။ အဆုပ်ကင်ဆာ၊ ဆေးလိပ်မသောက်တဲ့သူဘယ်လို အဆုပ် ကင်ဆာဖြစ်လဲ။ အသားမစားတဲ့အတွက် ကင်ဆာဆဲလ်တွေကိအားပေးခြင်းမရှိဘူး ဘာလို့ ကင်ဆာ ဖြစ်ရသလဲ။ကျွန်မတို့နားမလည်နိုင်ပါဘူး။ ဘာကြောင့်လူကောင်းတွေကိုဒီကို ရောဂါ ဆိုး မျိုးခံစားစေရတာလဲ။ အပြစ်မဲ့တဲ့ကလေးတွေ မွေးလာတာနဲ့ HIV ပိုးကပါလားပြီးသား.. သူတို့မှာ ဘာအပြစ်ရှိလို့လဲ
ဒီနေ့ကျွန်မအတွေးတစ်ခုဝင်လာလို့ဒီစာစုလေးကိုရေးမိတာပါ။တစ်ခါတစ်လေစိတ်ဓာတ်ကျလွန်း တယ်။ငါဒီလောက်တောင်ကြိုးစားတာ၊ငါဒီလောက်တောင်ကောင်းအောင်နေထိုင်တာဘာလိုများ ဒီလိုပြသနာတွေရင်ဆိုင်နေရတာလဲ။
ငယ်ငယ်တုန်းကကျောင်းမှာပထမရရင်မာမီကဘာဝယ်ပေးမယ်၊ပါးပါးကဘာဝယ်ပေးမယ်ဆိုတာ
နဲ့စာကိုအသည်းသန်ဖတ်တော့တာဘဲ၊ကိုယ်လိုချင်တာကိုဝယ်ပေးမှာကိုး။ဒီနေရမှာသားသမီးဘာ ကြိုက်လဲဆိုတာကိုမိဘကလဲသိတာပေါ့။အရုပ်လေးကြိုက်ရင်အရုပ်ဝယ်ပေးမယ်၊စက်ဘီးလေး ကြိုက်ရင်စက်ဘီးဝယ်ပေးမယ်စသည်ဖြင့်အမျိုးမျိုးစိတ်ထက်သန်အောင်ပံ့ပိုးပေးတတ်ကြပါတယ်
ကျွန်မငယ်ငယ်ကဘုရားကျောင်းမှာသီချင်းဆိုရင်၅ကျပ်ရတယ်။ဆိုတာပေါ့ခဏခဏ၊ဆိုပြီးစင်ပေါ် ကနေပြန်ဆင်းလာတာနဲ့လက်ကဖြန့်ပီးသား။ဆုကြေး၊ဒဏ်ကြေးဆိုတာတစ်ခါတစ်လေလူတွေရဲ့ စိတ်ကိုတွန်းအားပေးတာနဲ့တူတယ်။မှတ်မိသေးတယ်ကျွန်မ၅တန်းလောက်ရောက်တော့အမေတို့က
ပထမရရင်အဆင့်၁၊၂၊၃၀င်ရင်ဘာဝယ်ပေးမယ်ဆိုတာမရှိတော့ကျွန်မစာကိုမဖတ်တော့ဘူး၊ ကျွန်မစိတ်ထဲမှာဘာလို့ဖတ်ရမှာလဲ၊ဒါသူတို့အပူ၊ငါ့အပူမဟုတ်ဘူး။ကျချင်ကျအဲဒီတော့မှသူတို့သိ မယ်။အတန်းတော်တော်ကြီးလာတဲ့အထိအဲဒီစိတ်က၀င်နေခဲ့တုန်းပါဘဲ။ဒါပေမယ့်၁၀တန်းအောင်ပြီး
နောက်ပိုင်းမှာတော့ကိုယ်ကြိုးစားရင်ကိုယ့်အတွက်ဘဲ၊ဆုရရ၊မရရ၊ဒါကိုယ့်ဘ၀အတွက်မှတ် တမ်းတစ်ခုကိုကိုယ်ကိုယ်တိုင်ရေးနေရတာဘဲဆိုတာနားလည်လာတယ်။ဒါပေမယ့်စိတ်ဆိုတာက လဲပြောရခက်သားဘဲမဟုတ်လား။
ဒီကိုရောက်တော့ကျမ်းမာရေးအစီစဉ်တစ်ခုထဲကို အသင်းဝင်လုပ်တော့တစ်နေ့ကို ဘယ်နှနာရီ အိပ်လဲ၊ရေဘယ်လောက်သောက်လဲ။လမ်းလျှောက်လဲ။လေ့ကျင့်ခန်းလုပ်လဲ၊ကျမ်းမာရေးနဲ့ပတ်သတ်
တဲ့နေထိုင်စားသောက်မှုတွေကိုမှတ်တမ်းစာရွက်ထဲမှာအမြဲမှတ်ရတယ်။ အဲဒါကအမှတ် လေး တွေ ရတယ်၊ တစ်ရက်ကို ၈ နာရီအိပ်ရင် (၂) မှတ်၊ စသည်ဖြင့်ပေါ့။ နောက်၆လကြာတော့ မှတ်တမ်းစာ ရွက်ကိုသွားအပ်ရတယ်။ သူတို့ကအမှတ်လေးတွေစု၊ ပေါင်းပြီးတော့ဆုအနေနဲ့ ပိုက်ဆံကိုအကောင့် ထဲကိုထည့်ပေးတယ်။ ပျော်တာပေါ့၊ဒါနဲ့ဘဲဆက်ပြီးတော့ ကျမ်းမာရေး ညီညွတ်မျှတအောင်လေ့ကျင့်ပျိုးထောင်နေထိုင်ရေးစနစ်ကိုဆက်ပြီးပျော်ပျော်ကြီးကျင့်သုံးတာပေါ့။
နောက်(၆)လပြီးသွားတော့မှတ်တမ်းစာရွက်ကိုသွားအပ်တယ်။ပြီးတော့ စိတ်ထဲမှာဒီတစ်ခါလဲ ငါ့ကိုပိုက်ဆံဆုကြေးကိုအကောင့်ထဲလွှဲပေးအုံးမှာဘဲဆိုပြီးထင်နေတယ်။တစ်ပတ်ကြာသွာတယ်၊ပိုက်ဆံ
ရောက်မလာဘူး၊ သူတို့အလုပ်များလို့နေမှာပါ..ဆက်စောင့်တယ် နှစ်ပတ်၊ ပိုက်ဆံ ရောက်မလာဘူး၊ ကြာလာတော့ သူတို့မပေးတာသေချာနေပီဆိုတာနားလည်လိုက်တယ်။ သွား တောင်းရအောင်လဲဒီလိုနေထိုင်ပါ။လေ့ကျင့်ပါငါတို့ဒီလောက်ပေးမယ်လို့ပြောထားတာလဲမဟုတ်၊
ကဲကောင်းပြီ..ဒါဆိုရင်ကျွန်မနေချင်သလိုပြန်နေမယ်၊ လုပ်သင့်တဲ့လေ့ကျင့်ခန်းမလုပ်တော့ဘူး၊ အိပ်ချိန်ပြည့်အောင်လဲမအိပ်ဘူး။ အဟာရရှိမယ့်အစာတွေစားချင်မှစားမယ်။ဘာဖြစ်လဲ။ သူတို့ ကိုရွဲ့တဲ့အနေနဲ့ပေါ့. ငယ်ငယ်တုန်းကအမေတို့ဆုမပေးတော့ရင်စာမဖတ်ခဲ့သလိုမျိုးစိတ်ဓာတ် လေး ကပြန်ပေါ်လာတယ်။ ဘယ်သူထိခိုက်မလဲ
..အဖြေကတော့ရှင်းနေတာဘဲ..
တစ်ခါတစ်လေကျွန်မတို့ပြသနာဖြစ်တိုင်း၊အဆင်မပြေတိုင်း၊ အခက်ခဲတွေနဲ့ရင်ဆိုင်ရတိုင်း ကြောက်ကန်ကန်တယ်လို့ပြောမလား၊ ၀ါးလုံးရှည်နဲ့ရမ်းတယ်ပြောမလား။ အကုန်ပတ်ရမ်းတော့ တာဘဲ။အခက်ခဲတွေ့ရင်ဘယ်လိုရင်ဆိုင်မလဲဘယ်လိုအဖြေရှာမလဲဆိုတာထက် အရင်ဆုံးအ တွေးထဲကိုဝင်ပြီးပါးစပ်ကထွက်တာ..ဒါဟိုလူ့ကြောင့်၊ဒီလူ့ကြောင့်..ဒီလိုဖြစ်ရတာဆိုပြီးဒေါသစိတ် လေးကအလိုလျှောက်ထွက်နှင့်ပြီးသားပါးစပ်ကစက်သေနတ်ကိုတစ်ဒိုင်းဒိုင်းနဲ့တစ်စုံတစ်ယောက်ကို အကြိမ်ကြိမ်သတ်ပြီးသားဖြစ်နေပြီ။ စိတ်နဲ့ပြစ်မှားတာ၊ လက်နဲ့သတ်တာကအတူတူပါဘဲ။ ငယ်တုန်းကတစ်ခုခုဖြစ်ရင်သူငယ်ချင်းကိုအပြစ်တင်မယ်၊ မိဘကိုတင်မယ်။ ကြီးလာတော့ အမျိုးတွေထိပါလာမယ်။ပတ်ဝန်းကျင်ကသူတွေကိုအပြစ်တင်မယ်၊နောက်တော့ တစ်ဖြည်းဖြည်းနဲ့ကျယ်ပြန့်လာပြီးနိုင်ငံကိုအုပ်ချုပ်မင်းလုပ်နေသူတွေကိုအပြစ်တင်မယ်၊ နောက်တော့
ဘုရား
ဘာကြောင့်ဒီလိုဖြစ်နေတာတွေကိုကြည့်နေရလဲ..လစ်လျူရှုနေရလဲ.....
နှစ်ပေါင်းများစွာကရရှားမှာအာကသထဲကိုလွှတ်လိုက်တဲ့လေယဉ်မှူးတွေဟာပြန်ရောက်တဲ့အခါ လမ်းတောင်မလျှောက်နိုင်တော့ဘူး။ပျော့ချိနှုန်းခွေနေတာ၊ပြန်ထူထောင်ဖို့အကြာကြီးစောင့်ရ တယ်။ ဘာလို့လဲဆိုတော့အာကာသထဲမှာဆွဲအားမှမရှိတာ..ပေါ့ပါးနေတော့..ကြာတဲ့အခါလူက အားမရှိတော့ဘူး..မြေပြင်မှာနေရင်တစ်နေ့တစ်နေ့မြေကြီးရဲ့ဆွဲအားကိုတွန်းကန်ပြီးလမ်းလျှောက် နေရတာကို..ကျွန်မတို့ဒီကမ္ဘာမြေမှာမွေးလာတယ်..ဒီမြေကြီးရဲ့ဆွဲအားကို ရုန်ကုန်လျှောက်လှမ်း နိုင်ဖို့အတွက်ခနာကိုယ်ကအလိုလိုလေ့ကျင့်ပြီးသားဖြစ်နေပြီ..ဒါကြောင့်နောက်ပိုင်းမှာအာကာသ သွားမယ့်သူတွေအတွက် ပင်ကွင်းဝတ်ဆုံအလေးကြီးတွေကိုဝတ်ပြီး၊ အားနဲ့ရုန်းပျြီးမတ်ရတယ်၊ ပြန်ရောက်လာတဲ့အခါသူတို့သာမာန်လူတွေလိုဘဲဆက်လက်လျှောက်သွားနိုင်တယ်။
လူရယ်လို့ဖြစ်လာမှတော့အခက်ခဲတွေ၊ ပြသနာတွေ ကတွဲပြီးပါလာတာဘဲ။ ဒါတွေဖြစ်လို့ လောက ကြီးကမတရားလို့ ကိုယ်ကလဲနေချင်သလိုနေမယ်ဆိုရင်ဘယ်သူထိခိုက်မလဲ။ ထိုင်ပြီး တော့ လူတစ်ကာကိုအပြစ်လိုက်တင်နေရင်ရောဘာထူးလာမလဲ။
ကျွန်မဒီကိုဒီနေရာကိုပထမဆုံးခြေမချခင်ကလေယဉ်ပေါ်မှာမုန်တိုင်းရှိလို့တုန်ခါ..နိပ်လိုက်မြင့် လိုက်နဲ့
.ကျွန်မခေါင်းထဲကိုဒိုင်းကနဲဝင်လာတာအတွေးတစ်ခု..ကျွန်မလေယဉ်မယ်ကိုခေါ်လိုက် တယ် သူ့ကိုကျွန်မမေးလိုက်တယ်။ ဒီလေယဉ်မှူးက မုန်တိုင်းတွေကြားမှာလဲလေယဉ်မောင်းဖူး တဲ့သူလားလို့ဆိုလိုချင်တာ..မိုးလေထန်တဲ့မုန်တိုင်းထဲမှာခဏခဏမောင်းဖူးတဲ့ လေယဉ်မှူး ဆိုရင် ကျွန်မဘာဆိုးရိမ်စရာလိုလဲ.. သူကောင်းကောင်းရင်ဆိုင်ရဲနေပြီ..ကျွန်မတစ်ဖက်လှည့်ပြန် တွေးကြည့်တော့ ..သူငယ်ချင်းတို့နားလည်မှာပါနော်..
စိတ်ထဲရှိတာလေးတွေရေးချလိုက်တာအစီစဉ်ကျချင်မှလဲကျမယ်၊ဒါပေမယ့်ကျွန်မဆိုလိုချင်တာ လေးကိုနဲနဲလေးသဘောပေါက်ရင်ကျေနပ်ပါတယ်။

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ