Skip to main content

သင်္ကြန်ရောက်ပြန်ပြီ

မနေ့က ဘုရားကျောင်းတက်နေတဲ့အချိန်မှာမိုးသဲသဲမဲမဲ အကြီးကျယ်ကိုရုတ်တရက်ရွာချလိုက်တယ်။
သောကြာနေ့ကတည်းကမိုးဖွဲဖွဲရွာနေတာ၊ဘုရားကျောင်းပြီးတဲ့အချိန်ထိမိုးမတိတ်လို့အကြာကြီးစောင့်
နေရသေးတယ်။အိမ်ပြန်ရောက်တော့ကားပေါ်ကနေလှမ်းကြည့်လိုက်တော့ခြံထဲကပန်းတောက်ပင်က
အပွင့်တွေဝါထိန်နေတာဘဲ။အတော်ဘဲပန်းတောက်ပန်းလာခူးအုံးမှလို့တွေးပြီးအိမ်ထဲပြန်ဝင်တာနဲ့အိပ်
ပျော်သွားလို့နိုးတော့လဲညနေ၆နာရီရှိနေပြီ၊ဧည့်သည်ဆရာနှစ်ယောက်နဲ့ကျောင်းကဆရာ့ကတော်
အားလုံး ၄ယောက်shopping mall တွေလိုက်ပြပေးတယ်၊ပြန်ရောက်တော့၁၀နာရီကျော်နေပြီ။
ပန်းတောက်ပန်းကိုတော့မမေ့သေးဘူးခူးမလို့စဉ်းစားသေးပေမယ့်မြွှေနဲ့တောင်ကီကိုခပ်ကြောက်
ကြောက်၊မနက်ဖြန်တော့စောစောထပြီးခူးမယ်လို့ကြံစဉ်ပြီးဒီနေ့ရုံးပိတ်ရက်ဖြစ်ပေမယ့် alarm ပေးပြီး
တော့ကိုအိပ်တာပါ။၆း၁၅ထ၊မျက်နှာသစ်ပြီးတာနဲ့ပန်းခူးဖို့သွားတာ.အဝေးကနေလှမ်းပြီးမှန်းကြည့်ရ
သေးတယ်။အောက်ဆုံးအကိုင်းကငါလှမ်းခူးရင်မှီပါ့မလား၊ခုန်နိုင်ပါ့မလား၊အစမ်းခုန်ကြည့်သေးတယ်.
လေးငါးခါလောက်မြင့်မြင့်ခုန်ကြည့်ပြီးမှမြက်ခင်းအကျယ်ကြီးကိုဖြတ်၊ပန်းတောက်ပင်ဆီကိုသွား၊
အောက်ဆုံးကိုင်းကိုလှမ်းခုန်ပြီးဆွဲတာ၊ ပါလာပါတယ်ဟိဟီး၊အရွက်တစ်ရွက်လမ်းမပေါ်ခုန်ကျင့်
တုန်းကတော့ဟုတ်ပါတယ်။ အခုကမြက်ပင်ရေစိုစိုပေါ်မှာခုန်ရတာမလွယ်လှဘူး။ဝါးကလဲရှားသကိုး၊ တုတ်ကြီးတကားကားနဲ့သွားလဲမကောင်း၊ထပ်ခုန်တယ်၊ပြုတ်ကျတယ် (ထိုင်ရက်)၊ ထပ်ထတယ်၊ ဒီတစ်ခါတော့သစ်ကိုင်းကိုလှမ်းဆွဲမှဆိုပြီး၁ ၂ ၃ ဆိုခုန်ပြီးအကိုင်းကိုလှမ်းဆွဲတော့မိပြီဒီတစ်ခါ။ ၀မ်းသာအားရနဲ့ပန်းတစ်ခိုင်ကိုလှမ်းအခူးပန်းပွင့်လေးတွေတစ်ပွင့်ခြင်းကြွေကျပြီးမျက်နှာပေါ်ပြုတ်ကျ
...အောင်မလေးကုန်ပါပြီ..ထားပါလေမနေ့ကပွင်တာဆိုတော့အခုကြွေတော့မပေါ့၊အနဲဆုံးတော့အနံ့
လေးများရမလားလို့ခေါင်းမော့ထားသော်ငြားလဲ၊ဘာနံ့မှမရဘူး။ပန်းတောက်ပန်းကိုခူးချင်တာပန်ချင်
လို့မဟုတ်၊ အလှကြည့်ချင်လို့မဟုတ်၊ပိတောက်ပန်းအနံ့လေးရရင်အရမ်းကိုစိတ်ချမ်းသာတာ၊
နှစ်သစ်ကူးရောက်တော့မယ်၊ သင်္ကြန်ရောက်တော့မယ်ပေါ့။အခုကတော့ဘာပန်းတောက်လဲ ဘာအနံ့မှမရှိ၊အကြွင်းကျန်အနံ့လေးတောင်မရှိဘူး။နောက်တော့မှဒီကပိတောက်ပန်းတွေက
အနံ့မှမရှိတာကိုး။ပန်းကဘယ်လောက်လှလှအနံ့လေးရှိမှစွဲဆောင်မှုရှိမှာပေါ့။အခုအနံ့မရှိတော့
ဘယ်သူကမှသတိမမူမိဘူး။ဒီပန်းတွေမိုးရွာရင်ဒီလပိုင်းဆိုပွင့်နေတာကိုလဲဒီကလူတွေသတိမထား
မိဘူး။ ဒါပေမယ့်မြန်မာပြည်ကပိတောက်ပန်းအဝေးကသူများပန်ထားရင်တောင်အနံ့လေးကသင်း
နေတာ၊ဘာလိုလိုနဲ့တစ်နှစ်ကူးပြန်ပြီပေါ့။ ငယ်ငယ်တုန်းကသင်္ကြန်ရောက်ပြီဆိုရင်သိပ်ပျော်တယ်။
ကျုံးပတ်ပတ်လည်စတိတ်ရှိုးတွေလိုက်ကြည့်၊ရေတွေလိုက်ပက်၊အဲဒီတုန်းကကော်နီကအဆိုတော်
ဖြစ်ကာစ၊သိပ်နာမည်မကြီးသေးဘူး။သူကဟော့ရှော့ပေါ့။သင်္ကြန်ဆိုတဲ့အတိုင်းပျော်နေ၊မူးနေကြတဲ့
သူတွေများတော့ဘယ်သူသီချင်းတက်ဆိုဆိုအကုန်အားပေးတယ်၊သိတယ်ဟုတ်၊ကျွန်မအဲတုန်းက
၅တန်း၊မှတ်မိသေးတယ်လူငယ်တွေတစ်စုရန်ဖြစ်ပြီးဓားဆွဲပြီးသွားခုတ်တာ၊တစ်ယောက်ကခေါင်းတိ
ကနဲ့ပြတ်သွားတယ်၊ကျွန်မတို့လဲကြောင်ပြီးကြည့်နေတယ်၊ခေါင်းမပါတဲ့လူကလမ်းဆက်လျှောက်
သေးတယ်သိလား၊စိတ်ထင်၁၀လှမ်းလောက်တော့ရှိမယ်။သူသွားတဲ့နေရာဘက်ကလူတွေကထွက
်ပြေးလိုက်တာကြောက်လို့၊ခုတ်တဲ့သူလဲမူးနေတော့ကြောင်ပြီးကြည့်နေတယ်၊နောက်မှအဲဒီခေါင်းမပါတဲ့
ကောင်လေးကလဲကျသွားတယ်။ အထက်တန်းကျောင်းသားတွေအရွယ်ပေါ့။အဲဒါကိုတွေ့ပြီးနောက်ပိုင်း သင်္ကြန်ဆိုရင်ကျွန်မလျှောက်လည်ဖို့အရမ်းကိုလန့်သွားတယ်။နောက်ရန်ကုန်ပြောင်းတော့အသိမိသား စုတွေကမိသားစုနှစ်စုပေါင်းပြီးလျှောက်လည်ကြမယ်ကားနဲ့ဆိုတော့လိုက်သွားပါတယ်။တစ်လမ်းလုံး ခေါင်းတောင်မဖော်နိုင်ဘူး။ တော်တော်ဆိုးတယ်။တစ်ချို့ကောင်လေးတွေမူးမူးနဲ့အိကျီကိုလာဟ ပြီး ရေလောင်းတာမုန်းလိုက်တာ၊လောင်းချင်ကောင်းကောင်းမလောင်းဘူး။ထားပါလေ.ဒါတွေ
လဲပြီးခဲ့ပါပြီ၊ ပျော်စရာတွေရှိခဲ့သလိုထိတ်လန့်စိတ်ပျက်ဖွယ်ကောင်းတဲ့ အတွေ့ကြုံတွေရှိခဲ့ပေမယ့်
သင်္ကြန်ရောက်တိုင်းပျော်ရတာအမှန်ပါ။ဘယ်မှမသွား၊မလည်လဲသူများပျော်တာ၊သီချင်းလေးတွေကြား
ရတာအရမ်းကိုစိတ်ချမ်းသာမိပါတယ်။ဒါပေမယ့်ဒီကပန်းတောက်ပန်းအနံ့မရှိတဲ့ကိစ္စကိုတော့မကျေနပ်ဘူး။ ဘာလို့လဲဆိုတာကိုရှာဖွေရအုံးမယ်။ကင်မရာယူသွားဖို့မေ့လို့ myanmars.net ကပုံလေးကိုဘဲခဏတင်ထားမယ်။ နောက်နေ့မှထပ်သွားရိုက်လိုက်ဦးမယ်။

Comments

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ