Pages

Wednesday, April 30, 2008

ကီဝီကျောက်ကျော

ကျောက်ကျောကြိုနည်းကိုမလုလုဘလော့မှာသွားဖတ်ပြီးပထမဆုံးလက်တည့်စမ်းထားတဲ့လက်
ရာလေးပါ။ ဖြစ်ချင်တော့ဒီမှာကကျောက်ကျောမှုန့်မရှိဘူး။ ဂျယ်လီလုပ်တဲ့အမှုန့်ဘဲရှိတော့ ဂူလမ်
ဆိုလားဘာလား...အဲဒီအမှုန့်ကိုသကြားနဲ့ရော..မလုလုဘလော့ကိုပြန်ပြေးဖတ်နည်းအတိုင်းတော့
လိုက်လုပ်တာဘဲ..ဟိဟိဘာလိုသွားလဲတော့မသိဘူးကီဝီသီးလေးတွေသေးသေးလေးလှီးထည့်
တာစောသွားတယ်ထင်တယ်ပိုချဉ်သွားတယ်။ကျွန်မကအချဉ်ကြိုက်တော့ နိုးပလုံပလုံ..သူငယ်ချင်း
တွေကိုကျွေးတော့မျက်နှာကမဲ့သွားတာဘဲ။ အရသာကတော့ကောင်းတယ်..နဲနဲချဉ်တာတစ်ခုဘဲ
အိစိစိနဲ့စားလို့ကောင်းပါတယ်။ ဘယ်သူမှမစားတော့..တစ်ယောက်တည်းအကုန်တီးလိုက်ရတယ်။
ပထမဆုံးအတွေ့ကြုံမဟုတ်လား။



ဒီလောက်တော့ရှိမပေါ့...အဲဒါပြောမှ pan cake လုပ်တာကို
သတိရမိတယ်။ ရုံးကိုယူသွားပြီးကျွေးတော့သူငယ်ချင်းတွေက unleaven bread လားတဲ့....
တော်လိုက်တဲ့ကူးကူး..
မှတ်ချက်။ unleaven bread (ပွဲတော်မုန့်၊ ကူးကူးတို့ခရစ်ယာန်မှာခရစ်တော်သေတာကိုပြန်လည်
သတိရတဲ့အနေနဲ့ communion service ပွဲတော် သုံးလတစ်ခါကျင်းပတယ်။ ခရစ်တော်ရဲ့ခန္တာ
ကိုယ်စားပြုတဲ့အနေနဲ့ ဂျုံနဲ့လုပ်တဲ့မုန့်ကိုစားတယ်။ အဲဒီမုန့်ကမာတယ်။ တဆေး မပါဘူး။ဆော်ဒါ
မပါဘူး။ ဂျုံမှုန့်ကိုသံလွင်ဆီနဲ့ရောနယ်ပြီးဖုတ်ထားတဲ့မုန့်အပိုင်းစလေးပေါ့..သွေးကိုကိုယ်စားပြုတဲ့
အနေနဲ့ကတော့ စပျစ်ရည်ကိုသောက်တယ်။ စပျစ်သီးကိုရေနဲ့ကျိုထားတဲ့အခါအနီရောင်လေး
အရည်၊ဘာမှမရေထားဘူးအချိုရေလေးပေါ့)

Credited to Ma Ma Lu Lu http://www.lulucooking.blogspot.com/

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger