Pages

Sunday, March 22, 2009

မှိုအမြီးရှည်ချဉ်စပ်

မှိုမှီးရှည် - တစ်စီး
ခရမ်းချဉ်သီး - ၃ လုံး
ငရုတ်သီးပွရှည် - ၁ တောင့်
ပဲငံပြာရည် - အနည်းငယ်
ငရုတ်ကောင်းမှုန့်
မှိုမှီးရှည်လေးတွေကိုနွှာထားပီးရင် ဆီချက်သတ်ပြီးခရမ်းချဉ်သီးကိုအရင်နူးအောင်လုပ်ပေးပါ။
ပြီးရင်တော့ပဲငံပြာရည်အနောက်ကိုနည်းနည်းထည့်၊ ငရုတ်သီးအပွရှည်တောင့်ကိုတစ်ဝက်ခြမ်း
ထည့်၊ မှိုလေးတွေထည့်ကျက်လောက်ပီဆိုရင်တော့ ငရုတ်ကောင်းမှုန့်လေးဖြူးလိုက်ရင်ရပါပြီ။
အခုတစ်လောဒီမှိုလေးတွေက၀ယ်ရတာလွယ်တယ်။ ချဉ်စပ်စပ်လေးစားရတာမှိုချောင်းလေး
လေးတွေတကျိကျိဝါးစားရတာ..အရသာတစ်မျိုးဘဲ.. ပူအိုက်လာပီ။ အစားသောက်လဲပျက်
တော့အတော်ပါဘဲ..း)

2 Comments:

subuueain said...

ကြိုက်တယ်နော် :)

sin dan lar said...

အဲဒီမှိုအမြီးရှည်ဗူးလေးတွေ တွေ့တွေ့နေတာ..
ဘယ်လိုလုပ်စားရမယ်မသိဖြစ်နေတာ.. ကျေးဇူး

Post a Comment

ကူးကူးရေ...

 
Powered by Blogger