Skip to main content

ခရမ်းသီးထဲမှခရမ်းသီး

ခရမ်းသီးနှပ်၊ ခရမ်းသီးဖုတ်..အကုန်ကြိုက်တဲ့ကျွန်မ ပြီးခဲ့တဲ့သောကြာနေ့က Organic Firm
ရောက်တော့ခရမ်းသီးအကြီးကြီးတွေ့လို့ဝယ်လာခဲ့ပါတယ်။ ဒီနေ့တော့ Easter Holiday လဲ
ဖြစ်နေတော့ ခရမ်းသီးကိုအကောင်လိုက်ကိုင်တွယ်ပါတော့တယ်။
ခရမ်းသီးကိုထက်ဝက်ခြမ်းလိုက်ပါတယ်။ တစ်ခြမ်းကိုတော့နဲနဲထူထူတွေလှီးပြီးသိမ်းထားလိုက်
ပါတယ်။ ကျန်တဲ့တစ်ခြမ်းထဲကအသားတွေကိုဇွန်းနဲ့ခပ်ထုတ်၊ ဓါးပါးလေးနဲ့လှီးထုတ်၊ တောက်
တောက်စင်းပြီးကြက်သွန်နီ၊ ပုဇွန်ခြောက်(သို့)ငါးခြောက် နဲ့ခရမ်းသီးအသားတွေချည်းနှပ်ပါ
တယ်။ ပြီးရင်တော့ခွက်လေးလိုဖြစ်နေတဲ့ခရမ်းသီထဲကိုထည့်၊ အပေါ်ကနေလှီးထားတဲ့အပြား
နှစ်ချပ်ကိုအဖုံးလေးလိုအုပ်လိုက်ပြီး ငွေစက္ကူနဲ့ထုပ်ပြီးသကာလ၊ မီးအေးအေးနဲ့ မိနစ် (၃၀)
ဖုတ်ပါတယ်။ ပြီးရင်တော့ခရမ်းသီးမီးဖုတ်မွှေးတဲ့အနံ့ရော၊ ခရမ်းသီးထဲကအသားတွေနှပ်ထား
တဲ့အနံ့လေးပါရောပြီးမွှေးကြိုင်နေပါတော့တယ်။ နဲနဲလေးတော့အလုပ်ရှုပ်ပေမယ့်ခရမ်းသီး
ဖုတ်ကြိုက်တဲ့သူအတွက်ရော ခရမ်းသီးနှပ်ကြိုက်တဲ့သူတွေအတွက်ပါစိတ်ကျေနပ်စေမယ့်
ခရမ်းသီးထဲမှခရမ်းသီးဟင်းခွက်လေးပါ။


Comments

  1. အစ်မ ပထမ ဟီးဟီး။ ကြိုက်မှကြိုက်။ အဲလိုလေး လုပ်စားအုံးမှ။ မြင်သာနဲ့ သွားရည်ကျတယ်နော်။ ဗိုက်ဆာပြီ ထမင်းသွားစားတော့မယ်။

    ReplyDelete
  2. ဗိုက်စာလိုက်တာနော်

    ReplyDelete
  3. မြူးသျှရီApril 9, 2009 at 3:18 PM

    ကူကူးရေ.............
    ကျေဇူးကျေးဇူး...အိမ်မှာခရမ်းသီးအပုတွေဝယ်ထားတယ်လုပ်စားအုံးမှ...

    ReplyDelete
  4. ဦးဖေကြီးApril 10, 2009 at 6:34 PM

    ခရမ်းသီးအပုပ်တွေများ ဝယ်ထားရတယ်လို့  မြူးသျှရီရယ်။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။