Skip to main content

မုန့်လုံးရေပေါ်

အတာကူးတဲ့တန်ခူးလမို့အဝေးရောက်နေပေမယ့်သင်္ကြန်အချိန်လေးမှာစားနေကြမုန့်လေး
တွေကိုတော့တမ်းတနေမိတာအမှန်ပါ။ မုန့်လက်ဆောင်း၊ မုန့်ကြာစိ၊ အဓိကကတော့မုန့်လုံး
ရေပေါ်ပါ။ ဒီမှာတော့တစ်ယောက်တည်းမုန့်လုံးရေပေါ်ကိုစားရအောင်ကြံစည်ရပါတယ်။
မလုလုဘလော့ကိုပြေးပြီးဘယ်လိုလုပ်ရလဲဆိုတာသွားကြည့်ရသေးတယ်။ ခက်တာကဒီမှာ
မုန့်နှစ်လဲမရှိ၊ ထညက်လဲမရှိ၊ မုန့်နှစ်မရှိလဲကောက်ညှင်းမှုန့်၊ ဆန်မှုန့်ရှိရင်တော်သေးတယ်။
အဲဒါတွေလဲမှရှိတော့ ကောက်ညှင်းနဲ့ဆန်ကိုဘလန်ဒါနဲ့ကိုယ့်ဘာသာကိုယ်အမှုန့်လုပ်၊ မုန့်
ထုတ်လေးတွေအဟောင်းထဲကထညက်ခဲလေးတွေလိုက်ရှာပြီးသကာလ။
ကောက်ညှင်းမှုန့်နဲ့ဆန်မှုန့်ကိုဇကာနဲ့ (၃)ခါလောက်စစ်ချပြီးရေနွေးလေးနဲ့မွှေပြီးနယ်၊ မုန့်
လေးတွေလုံး၊ အထဲမှာထညက်ခဲလေးခွဲထည့်၊ ရေနွေးပွက်ပွက်ဆူထဲကိုထည့်၊ လုံးရတာ
တစ်ယောက်တည်းမို့အချိန်တော်တော်ကြာပါတယ်။ ALIAS ကြည့်နေရင်းနဲ့လုံးတာတောင်
part 4 ပြီးသွားတယ်။ ပြီးရင်ရေပေါ်ပေါ်လာတဲအလုံးလေးတွေကိုအုန်းသီးခြစ်ထည့်ထားတဲ့
ပန်ကန်ထဲထည့်လိုက်ရုံပါဘဲ။ နဲနဲအေးရင်တော့စားလို့ရပီ။ တစ်ကယ်ပြောတာ..............
စားဖူးတဲ့ မုန့်လုံးရေပေါ်ထဲမှာဒီတစ်ခါအကောင်းဆုံးဘဲ.. (ငတ်နေတာကိုး) အင်းဖြစ်နိုင်တယ်။
အရင်ဆုံးကျွေးချင်တာကျွန်မချစ်သူ။ သူကသင်္ကြန်ချိန်ခါမှမွေးတာဆိုတော့သင်္ကြန်စာမုန့်လုံး
ရေပေါ်လဲကြိုက်မှာကျိန်းသေတယ်။ ကဲမောသွားပြီး... စားလို့လဲဝပြီးး..
ဒီနေ့သင်္ကြန်အတက်နေ့ထင်ပါတယ်.... အားလုံးအတာတန်ခူးမှာပျော်မြူးနိုင်ပါစေ........

Comments

  1. မြူးသျှရီApril 15, 2009 at 4:19 PM

    ကူကူးရေ.......
    မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့နှစ်သစ်ဖြစ်ပါစေ။
    မုန့် လုံးရေပေါ်လာစားတယ်...ရေလောင်းမခံတဲ့
    အိမ်တွင်းပုန်းအပျိုတွေချစ်တဲ့သူနဲ့ ညားပါစေပေါ့။။
    လက်ဖ၀ါးရယ်၊ဆံပင်ရယ်၊မျက်လုံးရယ်၊ငယ်ငယ်က
    ပိတောက်ခြောက်ရောင်နဲ့ ပုံရယ်ခြုံကြည့်ပြီးဗေဒင်ဟေားရမယ်ဆိုရင်တော့အင်းးး
    ချေားမှာပဲ.......တကယ့်ကိုချောမှာသေချာပါတယ်လေ။

    ReplyDelete
  2. ညီမရေ.. မုန့်လုံးရေပေါ်စားချင်နေတာ ဘာလုပ်ရမှန်းမသိဘူး..ဖြစ်နေတာ
    ကျေးဇူးပဲနော်။ ဒီတိုင်းရေနွေးလေးနဲ့ နည်းနည်းချင်းထည့်နယ်ရင်..မြန်မာပြည်ကလို မုန့်နှစ်လိုဖြစ်လား။
    ထန်းညက်မရှိဘူး ကြံသကာပဲရှိတယ်။ အဖြစ်ဆိုးလေးစွ။

    ReplyDelete
  3. မုန့်လုံးလေးတွေက ချစ်စရာလေး။ ဒါနဲ့ ကူးကူး တာစားသာလားဟင်။ အတက်နေ့ မုန့်လုံးကျွေးလို့။ ရုတ်သီးတော့ ပါပါဘူးနော်။ အများကြီးစားပလိုက်တယ်။

    ReplyDelete
  4. မြူးရေ... စားသာစား အားမနာနဲ့..
    တီထွင်ကြံဆထားတာ.. ဗေဒင်တောင်ဟောသွားသေးတယ်.. နိပ်သဟ....

    ReplyDelete
  5. သု ရေ.. တစ်ကယ်ဒုတ်ခရောက်တယ်သိလား.. မုန့်နှစ်လိုမဖြစ်ဘူး.. အမှုန့်ဆိုတော့လေ..ဟိုကပ်ဒီကပ်နဲ့..စီးပိုင်ပိုင်မရှိဘူး..
    ရေနဲနဲထပ်ထည့်ပြီး microwave နဲ့နဲနဲအပူပေးလိုက်တယ် မှတ်ကရော..ကောက်ညှင်းမှုန့်တွေပျော့ပြီးစီးလာမှ ထုတ်ပြီးလုံးရတာ.. ဟိဟိ

    ReplyDelete
  6. မိုးကောင်းသူလေးရေ.. ငရုတ်သီးမပါဘူး..စိတ်ချ.. ရုံးကအမကြီးတွေကကြိုက်လို့တဲ့ ထပ်လုပ်ခိုင်းနေတယ်.. လုပ်ရတာဘယ်လောက်လက်ဝင်လဲကိုယ်သာသိ.. ဒါကြောင့်ပြောလိုက်တရ် နောက်နှစ်သစ်ကူးမှလုပ်မယ်လို့..း)

    ReplyDelete
  7. ဟီးဟီး ... မင်္ဂလာပါ မကူးကူးရေ .. မစူးနွယ်ဆီက မုန့်လုံးရေပေါ်လင့်တွေ့လို့လိုက်လာတာ ... :D ကျွေးထားတယ်လို့တော့ ရေးထားတာ မတွေ့ဘူး .. ဟိုအစ်ကိုကြီးကိုကျ ကျွေးချင်တယ်တဲ့ ... စာဖတ်တဲ့ သူတွေကျ မကျွေးဘူးပေါ့ ဒီလိုလား :D စတာနော် ဒါပေမယ့် လုစားသွားပြီ ... ကူးကူးချစ်ချစ်ကပြောတယ် ကြိုက်သလောက်စားသွားတဲ့ :D ပန်းကန်လိုက် မသွားပြီဗျို့ .. ရေလည်းလောင်းသွားတယ် ဗွမ်း ဗွမ်း .. တစ်ဗွမ်းက ကူးကူးဖို့ ... တစ်ဗွမ်းက ကူးကူးချစ်ချစ်ဖို့ :D

    ReplyDelete
  8. size စုံပါလား။ မုန့်လုံးက။
    (မလုပ်တတ်ဘဲ လျှောက်ပြောသွားသည်။)
    :P

    ReplyDelete
  9. ချစ်အုန်းဖေApril 16, 2009 at 11:21 AM

    လက်ဆေးရဲ့ လား။ ထင်တော့မထင်ပါဘူးဆေးမယ်လို့ ။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။