Skip to main content

စိတ်ကူး

စိတ်ကူး....
တစ်နေ့တစ်နေ့တိုးပွားလာတဲ့ဟင်းချက်နည်းဘလော့တွေကိုကြည့်...ဟင်းချက်နည်း
တွေကိုဖတ်ပြီး ဘလော့ဂါဟင်းချက်နည်းများဆိုတဲ့ အီးဘွတ်လုပ်ရင်ကောင်းမလား။
လုပ်ပြန်ရင်လဲလိုက်ခွင့်တောင်းရမယ်။ ဟင်းချက်နည်းတွေအသစ်ဆန်းတွေချည်းမို့ စိတ်ထဲမှာတော့အားလုံးစုပြီးလုပ်ချင်နေတယ် ဘလော့ပေါ်မှာဟင်းအသစ်ဆန်းလေး
တွေတင်ထားတဲ့သူအားလုံးလဲအပါဝင်ပေါ့.. (အမှားပါလဲခွင့်လွှတ်) cover ကိုတော့
အရင်စိတ်ကူးလိုက်ပါရစေ..

စိတ်ကူး...
ညနေပိုင်းအားတဲ့အချိန်လေးတွေကို တယောထိုးတာပြန်လေ့ကျင့်ရင်ကောင်းမလား..
မိန်းမပီသစွာအိမ်တွင်းမှုကိစ္စတွေအတွက် အချက်အပြုပ်၊စက်ချုပ်တာဘဲသင်ရင်ကောင်းလား..
နဲနဲပါးပါးတတ်ထားတဲ့ချည်ထိုး၊တက်တင်းထိုးတာကိုဘဲဖြစ်မြောက်အောင်ပြန်လုပ်ရင်ရော...
ဒါမှမဟုတ်...စန္ဒယားဘဲပြန်လေ့ကျင့်ရမလား...ဒါဆိုလဲပိုက်ဆံကုန်အုံးမယ်.. ၀ယ်ရမှာကိုး...
စိတ်ကူး...
မြန်မာနှစ်သစ်ကူးရောက်တော့မယ်.. ပိတောက်တွေလဲဝေနေပြီ.. ကျွန်မအရမ်းချစ်ရတဲ့သူရဲ့
မွေးနေ့လဲနီးလာပြီ... လက်ဆောင်ပေးဖို့စိတ်ကူးနဲ့အွန်လိုင်းမှာလဲအိုင်ဒီယာရှာတာလဲညနက်
လှပြီ...


စိတ်ကူး....
အရမ်းတော့မ၀ပေမယ့်ခန္တာကိုယ်ကတစ်တောင့်တည်းဖြစ်နေလို့ ကြည့်ပျော်ရှုပျော်ဖြစ်အောင်
လေ့ကျင့်ခန်းလေးလုပ်ရင်ကောင်းမလား.. ညနေတိုင်းတန်းနစ်သွားရိုက်ရင်ရော.. ဖြစ်သေးဘူး
နဂိုကလက်မောင်းကြီးရတဲ့အထဲ.. ဒါဆို cherobix အခွေဖွင့်အိမ်ထဲမှာက...အဲဒါလဲမဆိုးလှဘူး။
စိတ်ကူး....
သဘာဝစိုက်ထားတဲ့ခရမ်းသီးတစ်လုံးတွေ့လို့ဝယ်လာတယ် organic firm က..ဘာလုပ်စားရင်
ကောင်းမလဲ..ဖုတ်၊ ပြုပ်၊ နှပ်၊ ကြော်.. သိဘူး...

အဲ..ခြံထဲမြက်ခင်းပြင်တွေမှာ ပေါက်နေတဲ့မှိုလေးတွေများကြီးဘဲ.. စားလို့ရမရသိဘူး.. လိုက်နှုတ်
ပြီးအစမ်းကြော်စားကြည့်ရင်ကောင်းမလား...

စိတ်ကူး...... တစ်လှေကြီးနဲ့... အတွေးတွေများ ခေါင်းတွေပူ.. ဘေဘီဘဲလ် လေးဘဲစားပြီးအိပ်ရာ
ထဲခွေနေတာကောင်းတယ်..

Comments

  1. မှိုတော့ အစမ်းမကြော်စားပါနဲ့။ တော်ကြာ ဘလော့ဂ်ပေါ်မှ ဟင်းချက်နည်းများ မရေးနိုင်ပဲ နေဦးမယ်:)

    ReplyDelete
  2. ကူးကူးရေ..
    ပိတောက်တွေရော..မှိုတွေရော..
    ခရမ်းသီးတွေရော..
    တက်တင်း..
    တချောင်းထိုး..
    တယော..
    စုံနေတာပဲ

    ReplyDelete
  3. ခရမ်းသီးဖုတ်သုပ် စားပါလား။

    ReplyDelete
  4. ကူကူးရေ.............
    စိတ်ကူးတွေအမြန်အကောင်ထည်
    ဖော်နိုင်ပါစေးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  5. ကောင်းလိုက်တဲ့ စိတ်ကူးပဲ။ မျှော်နေပြီ

    ReplyDelete
  6. ချစ်အုန်းဖေApril 6, 2009 at 2:36 AM

    တစ်ချို့ မှိုတွေကတစ်ခါပဲစားလို့ ရတယ်နော်။ (တစ်ခါစားပြီးတာနဲ့ အဆိပ်တက်ပြီးသေသွား လို့နောက် တခေါက်မစားနိုင်)
    ပေါက်ကရစားပြီး ဖုတွေပိန့် တွေပေါက်လာရင်တော့ မအော်နေနဲ့ နော်

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။