Skip to main content

ဆူရှိလိပ်စားမယ်


ှဆူရှီကိုယ့်ဘာသာကိုယ်လုပ်စားဖို့အကြံရှိတာတော့ကြာပီ၊ ဒါပေမယ့်အရမ်းခက်မယ်ထင်
လို့တစ်ခါမှမစမ်းကြည့်ဘူးဘူး။ ဒီညနေတော့တစ်နှစ်ကျော်လောက်ကိန်းအောင်နေတဲ့အ
ကြံအကောင်ထည်ဖော်ဖြစ်ခဲ့ပါတယ်။

သတ်သတ်လွတ်ဆူရှီအတွက်.. ပရော်ဖက်ရှင်နယ်အဆင့်တော့မဟုတ်ပါဘူး.. စိတ်ကူးပေါက်
တာလေးတွေ စမ်းတမ်းအဆင့်ပါ...

  • ခါကြက်ဥနီ 
  • သခွားသီး
  • ငရုတ်သီးအပွ (ပန်းငရုတ်)
  • ကြက်ဥကြော် (ကြက်ဥကိုဆီနဲနဲနဲ့ပြားပြားလေးရအောင်ကြော်ရင်ရပါပီ)
  • ပဲတောင့်ရှည် (ကိုရေနွေးဖျောပြီး အချဉ်ရေ နဲနဲစိမ်ထားလိုက်တယ်)

အားလုံးကိုအချောင်းရှည်လေးတွေရအောင်လှီးထားပြီးရင်တော့၊  လိပ်မယ့်ဝါးယင်းကို ပလတ်စ
တစ်ပတ်လိုက်ပါတယ်။ ပြီးရင်တော့ ရေညှိအပြား (ဆူရှီအတွက်သတ်သတ်ရောင်းတာရှိတယ်)
ကိုဝါးယင်းပြားပေါ်တင်၊ ထမင်းကိုနဲနဲထပ်အပူပေးပြီးဇွန်းရှည်လေးနဲ့ ရေညှိပြားပေါ်လိုက်ကပ်၊
ပြီးရင်တော့လှီးထားတဲ့အသီးနှံလေးတွေကိုစီထည့်ပြီးဝါးယင်းလေးနဲ့အသာလိပ်လိုက်ရင်တော့
ဆူရှိလိပ်ကလေးရပါပီ။ ဓားနဲ့ထက်ဝက်ပိုင်း (ဓားထက်ထက်လေးဆိုပိုကောင်းမှာကျွန်မဓား
တွေကသိပ်မထက်လို့သိပ်မလှဘူး)၊ ထက်ဝက်ပိုင်းထားတာတွေကိုထက်ဝက်ပြန်ပိုင်း.........
ပြီးရင်တော့အပျင်းပြေလဲဖြစ်၊ ဗိုက်လဲပြည့်တဲ့ဆူရှိအလိပ်လေးတွေရပါပီ။ အရသာတော့ပေါ့
ရွှတ်ရွှတ်ဖြစ်နေမှာပါ.. ဆော့စ် လေးလုပ်ပြီးတို့စားရင်ရှယ်ပါဘဲ။
ဆော့စ်ကတော့ကိုယ်တိုင်ဖော်စပ်ထားတဲ့ ပဲငံပြာရည်နဲနဲကိုငရုတ်သီးစိမ်း၊ကြက်သွန်ဖြူကို
တောက်တောက်စင်းပြီးစပ်ထားတာပါ.. ပိုအရသာရှိတယ်။ စိတ်ဝင်စားရင်လုပ်စားကြည့်နိုင်
ပါတယ်... http://images.zaazu.com/img/shy-shy-female-smiley-emoticon-000469-design.gif
(ရန်ကုန်က မျှော်စင်ကျွန်းအ၀င်တောင်ကုန်းလေးပေါ်မှာဆူရှိခဏခဏသွားစားဖြစ်တယ်၊
ဈေးကလဲကြီးသေး.. ပြီးတော့ဒီအရသာပါဘဲ )
ဆန်ကတော့ဘယ်ဆန်ဖြစ်ဖြစ်ရပါတယ်။ ကျွန်မကဒီဆန်ရှိပီးသားမို့အဲဒီဆန်နဲ့ချက်ပါတယ်။

Comments

  1. မြူးသျှရီApril 18, 2009 at 7:35 AM

    ကူကူးရေ..........
    ဆူရှီလာစားပြီ..အရမ်းကြိုက်တယ်..စားမားရိုလ်းနဲ့ ကယ်လီဖိုးနီးရာရိုလ်ပါလုပ်ကျွေးနော်
    ၀ါဆားဘီနဲ့ ဆိုရာစောစ့်ပါရေားပေးနော်။။။။။။။
    ကျန်ရင်လဲအိမ်ပို့ ပေး...စိတ်ဆိုးဘူး။။။။။။။။။။။။

    ReplyDelete
  2. ဆူရှီလုပ်နည်း ခုမှပဲ မြင်ဖူးတယ်။ တော်လိုက်တာကွယ် ကူးကူးရယ်။

    ReplyDelete
  3. Looks great and seems to be good too.
    Actually, the best rice for Sushi is short-grain one. Never use long-grain.
    If you are interested in some recipes follow this link (http://www.thesushibar.com/ssushi_recipes.shtml).
    Enjoy!!!!
    Happy Burmese New Year!

    ReplyDelete
  4. ဆူရှီ နဲ့  အတူစားတဲ့ ချင်းနု လုပ်နည်း။ http://japanesefood.about.com/od/sushiforbeginner/r/gari.htm

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။