Skip to main content

ဘာလီလိပ်ကျွန်းသို့

တရက်နားတဲ့နေ့မှာတော့ Tour ကားစီစဉ်ထားတာကြောင့် လိုက်သွားတယ်။ ဘယ်သွားမယ်မှန်းလဲမသိဘူး။ ကားစထွက်တော့ tour guide က ကားပေါ်ကနေ salamat pagi, ဆိုပီးစပြောပါတယ်။
တစ်လုံးမှနားမလည်ပါဘူး။ ဒါနဲ့ ကားတစ်စီးလုံးက ကျွန်မတို့အဖွဲ့က English please လို့ လှမ်းအော် ကြပါတယ်..အဲဒီတော့မှ ကောင်မလေးက သနားပါတယ်၊ သူက local tour group ကိုဘဲ တာဝန် ယူတာကြောင့် အင်္ဂလိပ်လိုမပြောတတ်ပါဘူးတဲ့။ အမှန်က စီစဉ်တဲ့ tour operator က ကားမှားပီးထည့်လိုက် တာပါ။ အဲတော့ တစ်လမ်းလုံးသူပြောလဲဘာမှနားမလည်ကြမယ့်အတူတူ..တစ်ယောက်က သီချင်းဆိုတတ် လားလို့မေးတော့ သူက ဆိုတတ်တယ်တဲ့။ ဒါနဲ့ဘဲ tour guide လဲဘာမှမရှင်းပြဘဲ သီချင်းဘဲဆိုပီးလိုက်လာ ပါတော့တယ်။ သူက နဲနဲလေးမှမပြောတတ်တာ sorry ကလွဲလို့။  သူ့ကိုမေးစရာရှိရင်တော့ ဒရိုင်ဘာက တဆင့်မေးရတယ်၊ ဒရိုင်ဘာက နဲနဲနားလည်တယ်။ ဒါပေမယ့် သူက ကျွန်မတို့ပြန်ခါနီးမှာ သူ အင်္ဂလိပ်စာ ကိုကြိုးစားသင်ပါတော့မယ်တဲ့၊ အခုလမ်းတစ်လျှောက်အဖြစ်ပျက်သူ့ကို အမြဲအမှတ်ရနေစေမှာ ပါတဲ့လေ။ သူလေးကတော့ ချစ်စရာလေးပါ။  အဲတော့ လေ့လာရေးသွားတဲ့နေ့ ကားပေါ်သီချင်းတစ်ကြော် ကြော်နဲ့ ....



လိပ်ကျွန်းကိုသွားမှာတဲ့။ မော်တော်ဘုတ်စီးပီး ငါးတွေအစာကျွေးတာကြည့်မယ်တဲ့၊မော်တော်ဘုတ်လေးက ခြေထောက်ချတဲ့နေရာလေးမှာ မှန်ကြည်ကြည်လေးနဲ့ကာထားတာ... ရေထဲဆင်းရမယ်လို့အစက မထင်ထား ဘူးနောက်တော့ မော်တော်စီးဖို့ ရေထဲနဲနဲဆင်းပီး ပြေးတက်ရတာ..ကျွန်မလဲရေကျတဲ့အချိန် အမြန်ပြေးရတာ ပေါ့။ ရေစိုမှာလဲကြောက်သေးတယ်။ အထူးသဖြင့်ဆားငံရေ။



ခပ်ဝေးဝေးရောက်တော့ ရေက ကြည်နေတာ..ငါးလေးတွေဝိုင်းလာတယ်..အစာကြွေးကျတယ်။
အရမ်းလှတဲ့ငါးလေးတွေပါ.. စက်လှေဝမ်းက မှန်ကာထားတဲ့နေရာကနေ ပင်လယ်ရေအောက်ကို လှမ်း တွေ့ ရတယ်။


ပီးတော့ ကျွန်းလေးတစ်ကျွန်းရောက်တယ်။ အဲဒီမှာ လိပ်တွေအများကြီး..အချို့လိပ်တွေများအ ကြီးး ကြီး တွေ။
နိုင်ငံခြားသားတွေကတော့ အဲဒါကြီးတွေကိုင်ပီးဓာတ်ပုံရိုက်တယ်။ ပီးတော့ ဌက် အောက်ချင်းဌက်ထင်တာဘဲ၊ ဖွတ် လားပတတ်လား မသိ၊ အဲဒါလဲရှိတယ်၊ ရှဥ့်ကလေးမောင်ညို၊


ဒီခွေးကိုတော့ ကျွန်းကိုလာတဲ့ အခြား tour group တရုတ် နဲ့ ဂျပန်တွေအကုန်ဓာတ်ပုံဝိုင်းရိုက်ကြတာဘဲ..  အမှန်ကတော့ ကျွန်းပေါ်ကပြတဲ့တရိစ္ဆာန်ထဲမှာ သူမပါဘူး။
သူက အဲဒီကျွန်းက ခွေး..အရမ်းပူလို့ထင်ပါတယ် သူလဲသဲကိုယက်ပီး အိပ်နေရှာတာ။
ကျွန်မလဲ အကောင်တွေအစုံဓာတ်ပုံရိုက်မလို့ ကြံစည်တာဘဲ၊ ကျွန်းပေါ်ရောက်တော့ အစည်းဝေးလာတတ် တဲ့အခြားနိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေက ဓာတ်ပုံရိုက်ဖို့လာခွင့်တောင်းတာနဲ့ ထပီး ပါးစပ်ညောင်းလောက် အောင်ပြုံးနေရတာနဲ့အချိန်ကုန်ပါတယ်။ တစ်ယောက်ပီးတစ်ယောက်မပီးနိုင်တော့ဘူး၊ ကျွန်မပြောတယ် အဖွဲ့လိုက်ရိုက်ပါလား၊ မဟုတ်ဘူးး တစ်ယောက်ချင်းတဲ့။။။ ဒါနဲ့ဘဲနေပူပူ သဲပူပူနဲ့..ပြန်ရောက်တော့ ငါးခြောက်ဖြစ်သွားပီလားအောက်မေ့ရပါတယ်။
 စိတ်ဝင်စားတဲ့သူများအတွက် လင့်ခ်လေးပါ..
Turtle Island Tour - Glass Bottom Boat 

Comments

  1. ပျော်စရာကြီးဘဲ ကူးကူးစ်
    လာလည်မယ်လေ လိုက်ပို့မလားးးးး

    ReplyDelete
  2. ကူးကူး ငါးခြောက် ကတော့ မသိဘူး တခြားငါးခြောက်တွေ ကတော့ အတော် ကောင်းတယ်

    ရွှေစင် (လှတယ် ပုံတွေ ကျေးဇူး)

    ReplyDelete
  3. ဓါတ်ပုံလေးတွေ ကြည့်ပြီး လိပ်လေးတွေကို သဘောကျ သွားတယ် ကူးကူးရေ။

    ဘယ်လောက်ဘဲလှလှ ဓါတ်ပုံဆရာတော်လို့  ပိုလှတာ။
း)

    ReplyDelete
  4. မေလေးစ်..ကူးလဲသွားလည်တာလေ.. ဧည်သည်.. ဟီဟီး.. ချိန်းပီးအတူသွားကြတာပေါ့.

    ရွှေစင်.. ကူးကူးငါးခြောက်က ငါးဖောင်ရိုးခြောက်နဲ့ ခပ်ဆင်ဆင်ရယ်..အရသာကတော့ ကောင်းမှာသေချာတယ်။

    ကျောပိုးအိတ်လေး... ကျေးဇူးပါ.. ကျေးဇူးပါ

    ReplyDelete
  5. ကူးကူး ငါးခြောက်စားချင်တယ် ဝယ်ကျွေး ၀ယ်ကျွေး

    ဟင့်..ဟင့်

    ညီမ ရေ စတာနော်

    ချစ်တဲ့
    ရွှေစင်

    ReplyDelete
  6. Its Great blog post and photos

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ