Pages

Tuesday, August 5, 2008

မုန်းပါချစ်သူ

ချစ်သူ......
ငါ့ရင်ထဲမှာ အော်ဟစ်နေတာ
မင်းမကြားဘူးလား...
နှလုံးသားထဲက သွေးတွေစီးယိုနေတာ
မင်းမမြင်နိုင်ဘူးမဟုတ်လား...
စွန့်ရက်လို့ပစ်သွားသူကို
အပြစ်တင်စကားသောင်းခြောက်ထောင်နဲ့
မနှိပ်စက်ရက်ပါ
တစ်ချိန်ကရဖူးတဲ့
အကြင်နာစကားတွေအစစ်အတုခွဲဖို့
ငါ့မှာဦးနှောက်တွေမရှိတော့လို့
တွေးတော ဆင်ခြင်နိုင်စွမ်းလဲမရှိတော့ဘူး...
ချစ်သူ...တစ်ကယ်ကိုခံစားရပါတယ်
ငါကိုအရှင်လတ်လတ်မြေမြုပ်ပစ်တာလား
ငါရဲ့ဝိညဉ်တွေကိုလွင့်သွားအောင်မောင်းထုတ်ရက်လား....
မင်းရက်စက်တယ်လို့ မပြောရက်ပါဘူး
အပြစ်ရှိသူဟာ ကိုယ်သာမို့
ရင်ဆီးခံမယ့်သူပါ......မုန်းပါချစ်သူ.........

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger