Pages

Thursday, August 14, 2008

အိုလံပစ်ပွဲတော်မှာ

အခုတစ်လောအိုလံပစ်ပွဲတော်ကလူစိတ်အ၀င်စားဆုံးလိုဖြစ်နေပါတယ်။ ကျွန်မကတော့ဖွင့်ပွဲ
နေ့ကိုသိပေမယ့်မကြည့်ဖြစ်ခဲ့ဘူး။ နောက်မှ youtube မှာရှာပြီးကြည့်လိုက်တယ်။ အားကစား
သိပ်စိတ်မ၀င်စားလို့အိုလံပစ်ပွဲတော်ကြီးကိုလဲ miss universe လောက်အသဲသန်စောင့်ကြည့်
ဖို့စိတ်မ၀င်စားခဲ့တာအမှန်ပါ။ ကျွန်မကြည့်တဲ့ဖွင့်ပွဲပွဲစဉ်မှာယောက်ျားသားနှစ်ယောက်တင်ဆက်
ပြသသွားတာတော်တော့်ကိုအံ့သြဖို့ကောင်းပါတယ်။ နောက်ပီးမီးရှုးမီးပန်းတွေလှမှလှပါဘဲ။ တော်
တော်များများအကုန်ကျခံရမှာဘဲ။ဒါပေမယ့်ဒီနေ့ဘဲသတင်းတစ်ပုဒ်မှာအဲဒီမီးရှုးမီးပန်းတွေအစစ်
မဟုတ်ဘူးလို့ရေးထားတာတွေ့လိုက်ရတော့ရင်ထဲမှာနင့်သွားတာဘဲ။ ဘာလဲပြောပြောကျွန်မက
တော့တောင်ကြီးမီးရှူးပွဲတော်မှာပင်ပန်းခံနှစ်ရှည်လများကြိုးစားလုပ်ပြီးပြိုင်ပွဲဝင်ကြတဲ့သူတွေ
ကိုတော့သတိရမိသား။ မနေ့ညနေကလဲlocal channel မှာသီချင်းဆိုသွားတဲ့ကောင်မလေးက
လဲအရှေ့ကဟန်ပြသာဆိုခဲ့တဲ့အကြောင်းမိဘတွေနဲ့အင်တာဗျူးလုပ်တာတွေ့လိုက်ရတော့၊ သြော်။
အခုတစ်လောပေါ်ပြူလာဖြစ်နေတာ မိုင်ကယ်လ်ပဒ် ဆိုတဲ့သူ။ အခုကျွန်မပြောပြချင်တာကတော့
စက်ဘီးစီးပြိုင်ပွဲဝင်ကြတဲ့သူတွေအကြောင်းပါ။ တစ်ချို့သူတွေကတော့ Tour de France ဆိုတဲ့
အကြောင်းကိုကြားဖူးကြမှာပါ။ ကမ္ဘာပေါ်မှာတော့လူသိအများဆုံးပွဲစဉ်တစ်ခုပါ။ ဒီနှစ်အတွက်
Tour de France က ဂျူလိုင် ၅-၂၇ ရက်အထိကျင်းပသွားခဲ့ပါတယ်။ ပြိုင်ပွဲဝင်သူတွေက ကီလို
မီတာ ၃၅၅၀ ကိုစက်ဘီးနင်းရမှာပါ။ အဆင့် (၂၇) ဆင့်ရှိပါတယ်။ အယောက်ပေါင်း ၁၄၅ ယောက်
အဖွဲ့(၁၉)ဖွဲ့မှာပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီနှစ်ပါပထမရသွားတဲ့သူကတော့ ကားလို့စ်စက်စ်ထရီ၊ သူက
၁၉၇၅၊ အေပရယ် ၂၂ မှာ မက်ဒရစ်၊ စပိန်မှာမွေးခဲ့တဲ့သူဖြစ်ပါတယ်။ ကျွန်မအဓိကပြောချင်တာက
တော့ ဘယ်လိုတွေပြိုင်ကြတယ်၊ ဘယ်လောက်လေ့ကျင့်ကြိုးပမ်းခဲ့ရသလဲဆိုတာမဟုတ်ပါဘူး။
ကျွန်မပြောချင်တာက ဒီပြိုင်ပွဲမှာဘယ်လိုကလိန်ကျစ်၊ မဟုတ်မှန်တဲ့နည်းလမ်းတွေသုံးကြလဲဆို
တာကိုပါ။ ဒီနှစ်မှာ စစ်ဆေးရေးဒိုင်သူကြီးများအဖွဲက ပြိုင်ပွဲဝင်သူ (၇)ဦးဟာ မဟုတ်မှန်တဲ့နည်းလမ်း
တွေသုံးခဲ့လို့ ပြိုင်ပွဲကနေထုတ်ပယ်ခံခဲ့ရပါတယ်။ သူတို့အနေနဲ့အားကစားပြိုင်ပွဲဝင်သူတွေကိုတရာ
မ၀င်တဲ့အရာတွေ(ဆေး) အသုံးပြုတယ်လို့သတ်မှတ်ရတဲ့အကြောင်းအရာတွေကတော့.
- ရင်ကြပ်ရင်ရှု/ဖျန်းသွင်းတဲ့ဆေးဗူး...သုံးရင်ဖြစ်ပါတယ်။ အမှန်ကတော့အဲဒါတရားဝင်ရောင်းချတဲ့
ကျမ်းမာရေးအထောက်ကူပြုပစ္စည်းပါ။
- နောက်တစ်ခုကတော့Hemopureလို့ခေါ်ပြီးဒါကိုမြန်မာလိုသွေးအတုလို့ပြောလို့ရပါတယ်။အောက်
စီဂျင်ကိုအခြေခံထားပြီးဓာဓုပစ္စည်းတွေနဲ့ပေါင်းစပ်ပြီး ဟီမိုဂလိုဘင်ကို ထုတ်လုတ်ပေးတာဖြစ်ပါ
တယ်။ အဲဒီဟီမိုဂလိုဘင်ကိုဘယ်ကရလဲသိလား။ နွားတွေ၊ကျွဲရိုင်းတွေဆီကိထုတ်ထားပြီးတော့လူ့
ခန္တာကိုယ်အတွက်သွေးအစားထိုးအဖြစ်အသုံးပြုလို့ရအောင်ထုတ်ထားတာပါ။ အမှန်ကတော့များ
သောအားဖြင့်စစ်တိုက်တဲ့နေရာတွေမှာစစ်သားတွေသုံးတယ်လို့တော့ကြားဖူးပါတယ်။ဒါကတရား မ၀င်တဲ့အနေနဲ့အသုံးပြုရင်ဒိုင်တွေကစစ်ဆေးမိတာနဲ့ပြိုင်ပွဲထဲကထုတ်ပယ်ပါတယ်။တစ်ခါတစ်လေ
အဲဒီဆေးသုံးတဲ့သူတွေနောက်ပြောင်ပြောဆိုသလိုဆိုရင်နွားတွေကျွဲရိုင်းတွေလိုတရပ်စပ်.မနားတော့
ဘူး။။မြန်မာပြည်က ကျွဲရိုင်းဆိုတဲ့အချိုရေပုလင်းကိုတောင်သတိရမိသေး...း)
-နောက်တစ်ခုကတော့ Erythropoietin (EPO) ဒါကတော့ဟိုမုန်းတစ်မျိုးပါ။ သွေးနီဥသယ်ဆောင် တဲ့အောက်စီဂျင်ရအောင်လလူံ့ဆော်ပေးတာပါ။ အမှန်ကတော့အဲဒီဟိုမုန်းမျိုးက သာမာန်အားဖြင့်
ကျောက်ကပ်နဲ့အသည်းကထုတ်ပေးတဲ့ဟာပါ။
ဒါတွေကြောင့်ထုတ်ပယ်ခံခဲ့ရသူတွေဟာ တစ်ကယ့်အားကစားသမားအစစ်မှန်တွေမဟုတ်ဘဲအတု
ယောင်တွေဖြစ်တယ်လို့တစ်သက်လုံးသတ်မှတ်ခံရပါတယ်။
ကျမ်းမာရေးအတွက်ဖြစ်စေ၊ အနိုင်ရလိုတဲ့စိတ်နဲ့ဖြစ်စေ..ပြိုင်ပွဲတစ်ခုကိုဝင်ရင်ကိုယ့်မှာရှိတဲ့အရည်ချင်း
အစစ်မှန်ကိုသာအသုံးချကြမယ်ဆိုရင်ဘယ်လောက်ကောင်းမလဲနော်။

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger