Pages

Sunday, August 24, 2008

ဇီးဖြူငါးပိထောင်းနှင့်ထမင်းဝိုင်း

မနေ့ညက ပရီးမီးယားလိဒ် ဘောပွဲနှောက်ယှက်တာနဲ့ မနက် (၂)နာရီလောက်မှအိပ်ဖြစ်
တယ်။ အိပ်ရာနိုးတော့ဗိုက်တော်တော်ဆာနေပီ။ မဆာဘဲနေတော့မလားလေ ၁၂ နာရီ
တောင်ကျော်နေပီ။ မိုးလင်းကတည်းကစဉ်းစားမိတာစားဖို့ပါဘဲ... ဆိုတဲ့သီချင်းလိုဘာ
စားရင်ကောင်းမလဲဆိုတာထက်ဘာစားချင်သလဲဆိုတာအရင်စဉ်းစားရပါတယ်။ နှဖူးပေါ်
လက်တင်ပြီးတော့..ဇီးဖြူသီးပြုတ်ထားတာရှိတယ်။ ပြီးခဲ့တဲ့အပတ်က စင်ကာပူက စေတနာ
ရှင်တစ်ဦးတစ်ကူးတစ်ကပို့ပေးလိုက်တာ...မြန်မာပြည်က export လုပ်တဲ့ဟာတွေဆိုတော့
အရမ်းတော့မလတ်တော့တာနဲ့ချက်ခြင်းပြုတ်ပြီးသိမ်းထားတာ....
ဒါကြောင့်ဇီးဖြူသီးထောင်းနည်းကိုဘဲအစဉ်တစ်ကျပြောပြတော့မယ်။ (ဖတ်မိတဲ့သူတွေထဲ
မှာမျက်စောင်းတစ်ထိုးထိုးဖြစ်နေမယ့်သူနဲ့...မတည့်တာမှစားချင်တယ်..နောက်မှဘာညာ
ဆိုပြီးဖုန်းဆက်ကြိမ်းဝါးမယ့်သူတွေရှိနေမယ်ဆိုတာသိပါတယ်နော်)
ဒါကြောင့်..ဇီးဖြူသီးကိုအရင်နွမ်းသွားအောင်ပြုတ်လိုက်ပါတယ်။

ဇီးဖြူသီး - ၅ လုံး
မျှင်ငပိ - ဇွန်းတစ်ဝက်
ကြက်သွန်ဖြူ - ၂ မွှာ
ငရုတ်သီးမိုးမျှော် - ၁၀ တောင့်
ဆား နဲ့ အချိုမှုန့်အနဲငယ်... တို့နဲ့ပါ။

စစခြင်းငရုတ်သီးစိမ်းကိုအညှာခြွေ၊ ဆားအနဲငယ်ထည့်ထောင်းပါတယ်။
ပြီးရင်ကြက်သွန်ဖြူအစိတ်ကြီး ၂ မွှာကိုထည့်ထောင်းပါတယ်။
ပြုတ်ထားတဲ့ဇီးဖြူသီးအလုံးလိုက်ထည့်ပြီးတစ်ချက်ထောင်းလိုက်တော့အလယ်ကကွဲသွားပြီးအစေ့ကိုခွာထုတ်၊ အသားကိုဘဲဖိထောင်းပါတယ်။
အားလုံးကြေလောက်တဲ့အခါ မျှင်ငပိကို မီးနဲနဲကင်ပြီးထည့်မွှေလိုက်ပါတယ်။ အပေါ့ငံမြည်းပြီး..အချိုမှုန့်လေးနဲနဲထည့်လိုက်တဲ့အခါ......
ရှုးရှဲချဉ်ဖန် ဇီးဖြူသီးငါးပိထောင်းလေးတစ်ခွက်ရပါပြီ။..
ခွက်ထဲထည့်ပြီးချိန်မှာတော့ ဆီလေးအပေါ်ယံနဲနဲလောင်းထည့်လိုက်ပါတယ်။ ပိုစိမ့်သွားတာပေါ့...
စားကြပါအုံး.... အိမ်ကိုသတိရတဲ့အချိန် မိုးအေးအေးမှာ အာလူးအသားဟင်းလေးနဲ့၊ ဇီးဖြူသီးထောင်း
လေးနဲ့..ဟင်းခါးလေးနဲ့...တို့စရာ ကျောက်ပွင့်နဲ့ကီဝီသီးလေး........
အင်းးးးးးးးးးးးးးးးးး တယ်လှပတဲ့တနင်္ဂနွေနေ့လေးပါလားနော်.........
အသားနဲ့အာလူးကိုတော့ရိုးရိုးလေးထုံးစံအတိုင်းချက်ထားတာပါ။ အသားကချက်ထားပြီးသား
ရှိတော့အားလူးကိုရေနဲ့ပြုတ်ပီးရောထည့်လိုက်တာ...အလွယ်နည်း...

အသုပ်စုံလုပ်ဖို့ကျောက်ကျောရေစိမ်တုန်းက တို့စားဖို့တမင်ဖယ်ထားတာ.. ကီဝီသီးလေးပါ
ရောစားလိုက်တယ်။ ကောင်းမှကောင်း...

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger