Skip to main content

စားဖွယ်စုံ၊ ကြွားဖွယ်စုံ

တစ်နေ့တစ်နေ့၊ မနက်နိုးတာနဲ့ပန်းသီးတစ်လုံးအိတ်ထဲကောက်ထည့်ပြီးရုံးကိုပြေး၊ ရုံးရောက်တာ
တောင်ဘာမှမစားချင်ဘူး။၁၀နာရီကျော်လောက်မှနဲနဲဗိုက်စာတယ်၊အဲတော့ပန်းသီးစား၊ရေသောက်
နေ့လည်စာစားချိန်ကြလဲမယ်မယ်ရရဘာမှမစားဖြစ်တာကြာပြီ။ ဆရာဝန်မကတော့ပြောတယ်၊ အဲ
ဒီဆေးတွေသောက်ရင်ရင်ပြည့်နေပြီးဘာမှမစားချင်ဘူးတဲ့။ အဲလိုနေလာတာသုံးပတ်ကျော်ပီ။ လူက
အားမရှိတော့ဘူး။ သူငယ်ချင်းတွေကတောင် အသားပိုဖြူလာတယ်လို့နောက်နေကြတယ်။ စားချင်
တာတွေကမြန်မာပြည်ကကိုယ်နဲ့မတည့်တဲ့အစာတွေ။ လူကြုံရှိတာနဲ့မောင်လေးကိုဖားပြီးဒညင်းသီး
ခိုးပို့ပေးဖို့ဆွယ်ရတယ်။ နောက်ဆုံးတော့ရောက်လာပါတယ်။ မာမီကမန်ကျဉ်းသီးကြော်၊ဒညင်းသီးနဲ
နဲနဲ့တောင်ကြီးပဲစိမ်းကြော်။
ဒညင်းသီးကမစားတာအကောင်းဆုံးပါဘဲ။ အနံ့လဲဆိုး၊ ကျောက်ကပ်အတွက်လဲမကောင်း။ စားချင်
တော့လဲခက်သားဟ။ ဒါပေမယ့်သူငယ်ချင်းအမကြီးကမြန်မာပြည်ကနေဘယ်လိုလုပ်မရလဲဆိုတာ
တစ်ဆင့်ခြင်းပြောပြထားတော့ ကျွန်မလဲဒညင်းသီးကို မီးသွေးတစ်တုံးထည့်ပြီးအရင်ပြုပ်လိုက်တယ် ပွက်ပွက်ဆူရင်၊ရေတွေအကုန်သွန်ပစ်တယ်။ ပြီးနောက်နှစ်ရည်ထပ်ပြုပ်သွန်ပစ်တယ်။ပြီးမှအခွံနွှာ အထိပ်ကအပင်ပေါက်လေးကိုဆွဲထုတ်။ ပြီးတာနဲ့ဆီပူလေးနဲ့လိမ့်ပြီးစားတယ်။ ကောင်းမှကောင်း။
တစ်ခါတစ်လေအပင်ပန်းခံအဆာပလာတစ်ပုံတစ်ပင်လုပ်ပြီးစားရတာပင်ပန်းပြီးတစ်ကယ်စားမယ့်အချိန်
ရောက်ရင်မစားနိုင်တော့ဘူး။ ဒီမှာချဉ်ပေါင်ပင်တော့မရှိဘူး။ ကျွန်မစိုက်ထားတဲ့အပင်တွေကမြန်မာသူ
ငယ်ချင်းတွေကိုခူးပေးလိုက်တော့ ကျွန်မမှာချဉ်ပေါင်မရှိတော့ဘူး။ ဒါပေမယ့်ရုံးကအမကြီးတစ်ယောက်
ကသူ့ခြံထဲမှာချဉ်ပေါင်ပင်စိုက်ထားပေးပြီးခူးခူးယူလာပေးတယ်။ သူ့အပင်တွေကမှတော်တော်သန်တာ။
မြက်ရိုင်းကြားမှာပေါက်တာကိုး။ ကျွန်မလဲဝယ်ထားပြီးသားတစ်လားပီးယား ငါးတစ်ကောင်ရှိတာနဲ့
ငံပြာရည်လေးနြဲ့ပုပ်၊ အရေချွံနွှာ၊ လွင့်ပစ် (ငါးအရေခွံ၊ ကြက်သားအရေခွံအခုထိမစားရဲသေးဘူး)အသား
ဖတ်တွေချည်းဘဲသတ်သတ်ဖယ်ထားပြီးကြက်သွန်ဖြူ/နီနဲ့မွှေးနေအောင်ဆီသတ်၊ ချဉ်ပေါင်ကိုစီးနေအောင်
ကြိုပြီးလောင်းထည့်လိုက်ပါတယ်။ စားလို့တော့တော်တော်ကောင်းတယ်။
မှိုဝယ်ထားတဲ့တစ်ထုပ်ကတစ်ပတ်ပြည့်တော့မယ်..ရေဆေးပြီးကြက်သွန်ဖြူနဲ့ ပလိန်းကြော်လိုက်တယ်။
ွှအမကြီးတစ်ယောက်ကခြံထွက်ဂေါ်ရခါးညွန့်လေးတွေခူးလာပေးတော့ ကြက်သွန်ဖြူနဲ့ဘဲ ပလိန်း...
ညနေစာကတော့ရှယ်ပေါ့.....ကျွန်မရဲ့အဝေးကသူငယ်ချင်းတွေကတော့ပြောအုံးမယ်...
ဘာကောင်းစားတစ်နပ်ဆိုလဲ...ဟိဟိ
ကျွန်မဆရာ့အိမ်သွားလည်တုန်းမြန်မာတွေစုပြီးမုန့်ဟင်းခါးချက်စားကြတာ၊ ငရုတ်သီးမှုန့်မရှိတော့
သူကငရုတ်သီးစိမ်းကိုအညှာချွေ၊ဘလန်ဒါနဲ့ကြိတ်ပြီးငံပြာရည်နဲ့ပြန်ကျိုလိုက်တာ...အားပါးပါးစပ်မှ
စပ်၊ ကောင်းမှကောင်းပါ..မုန့်ဟင်းခါးထဲထည့်စားတော့ ငံပြာရည်သတ်သတ်ထပ်ထည့်စရာလိုတော့
ဘူးပေါ့...ညီမ၀မ်းကွဲဘူးသီးကြော်တာမ၀ါဘဲနီသွားလို့ရီစရာလေးတွေဖြစ်လို့.... ပဲကြော်ကတော့ တစ်
ကယ့်ရှယ်ပါ။ ပဲကိုတစ်ရက်တစ်ညစိမ်ထားပြီးအကြော်မှုန့်နဲ့ကြော်တာပါ...
သြော်..ဒါနဲ့ကြွားလိုက်အုံးမယ်။ မာမီလာလည်တုန်းက၀ယ်ပြီးစိုက်ပေးထားတဲ့နှင်းဆီနှစ်ပင်ကသေပြီခြောက်
နေပြီလွှင့်ပစ်မလို့လုပ်တုန်းကအန်တီတစ်ယောက်က အုတ်(သမံတလင်း)ပေါ်ကနေမြေကြီးပေါ်မှာအိုးကိုချထားလိုက်ဆိုလို့ချထားလိုက်တာ..အနုလေးတွေထွက်လာ
ပြီးအခုတော့အပွင့်လေးတောင်ပွင့်နေပေါ့...မလှဘူးလား...ကိုယ့်ရည်းစားကိုပေးချင်တဲ့သူများကြိုတင်စာရင်း
ပေးထား နောက်ဆိုအများကြီးထပ်ပွင့်ဦးမှာ....
ညီမလေးကလဲဒီကအိပ်ရာခင်းတွေမလှ၊အသားလဲမကောင်းဈေးလဲကြီးမို့သူဘန်ကောက်ကနေပို့ပေး
တာချစ်ချာလေးနော်...အိမ်ကကောင်မလေးခင်းတာမညီဘူး...ဆန္ဒစောပြီးဓာတ်ပုံအရင်ရိုက်လိုက်တာ။
ဖက်လုံးလေးကိုတောင်အထိပ်ကြိုးမချည်ရသေးဘူးး...

Comments

  1. mouth watering .
    .
    .
    also lovely အိပ်ရာခင်း

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ငွေဆောင် အစားစာများ

ငွေဆောင်မှာတော့ ပထမရက် ဟော်တယ်ကဘဲအဆင်ပြေတာမှာစားတယ်၊ နောက်နေ့မှာတော့ ရွာထဲကိုသွားစားဖြစ်တယ်၊ စားစရာရယ်အထွေထူးမရှိပါဘူး။ မောင်လေးကတော့ ငါးကင်၊ ပုဇွန်ကင်နဲ့အလုပ်ရှုပ်နေတာ။ သူက ဂဏန်းစားချင်တာ အရမ်းဘဲ၊ ပါးပါးက ဗိုက်ပျက်မှာစိုးလို့ မစားခိုင်းဘူး။  ရိုက်ဖြစ်ခဲ့တဲ့အစားသောက်ပုံလေးတွေပါ။ ကျွန်မကတော့ ရောက်တုန်း ကျောက်ပွင့်သုပ်တော့ ထမင်းပွဲတိုင်းမှာစားတယ်။ ကြိုက်မှကြိုက်။   သတ်သတ်လွတ် ဘာဘီကယူးးးးး ငါးကင်  ငါးပုတ်ခြောက် - တစ်ကောင် ၅၀၀၀  ကြက်ဥထမင်းကြော်  ကျောက်ပွင့်သုပ်  ပင်လယ်ငါး ပဲငပိချက်  ငါးနီတူသုပ်  ကျောက်ပုဇွန်..  တစ်ကောင် ၁၀၀၀၀ ငါးခေါင်းချဉ်ရေ   ပင်လယ်ငါးမချက်မှီ  ပင်လယ်ငါးချက်  ငပိရည်တို့စရာ  ခေါင်းရွက်ဗျပ်ထိုးဈေးသည်ထံမှ မချက်ရသေးသောငါးများ ကြက်သားခေါက်ဆွဲကြော် (ရွာတွင်းထမင်းဆိုင်) ထမင်းဆိုင်မှကြောင်ကလေး..  ပါးပါးဦးထုပ်ကျသွားတာကိုသူက အဆင်သင့်ဝင်ထိုင်နေတာ။

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ...