Pages

Saturday, August 30, 2008

ကောက်ရိုးမှိုချဉ်စပ်ကြော်၊ မှိုဟင်းခါး

အစားစုံ..အစုံစားသတ္တ၀ါထဲမှာကျွန်မလဲပါလိမ့်မယ်..အထူးသဖြင့်မဟုတ်ကဟုတ်က ကိုယ်နဲ့
မတည့်တဲ့အစာတွေဆိုစားချင်တာသေတော့မယ်။ အခုလဲမှို၊ မှိုတောင်မှခါတိုင်းစားတဲ့ငွေနှင်းမှို
မဟုတ်ဘူး။ ကောက်ရိုးမှို၊ အဲဒါကဒီမှာမရောင်းဘူး၊ တစ်ခါတစ်လေတောင်ပေါ်တက်တဲ့ကျောင်း
သားတွေခူးလာပေးမှရတာ.. မြန်မာပြည်ကနေခွဲကတည်းကကောက်ရိုးမှိုကိုစားရတာဒါပထမ
ဆုံးအကြိမ်ပါဘဲ။ မှိုလေးတွေကတောင့်တင်းလတ်ဆတ်နေတာ..သဲတွေနဲနဲပေနေတော့သေချာ
ဖွဖွလေးသွားပွတ်တံနဲ့ခြစ်ဆေးရတယ်။ နောက်တော့အဖတ်မျှင်လေးတွေလုပ်ထားပြီး......
ကောက်ရိုးမှိုကြီးကြီး - ၅ ပွင့်
ကြက်သွန်ဖြူ - ၄ မွှာ
ခရမ်းချဉ်သီး - ၁ လုံး (မမှည့်တစ်မှည့်)
ငရုတ်သီးစိမ်းတောင့်ရှည် - ၁ တောင့်
ဆီပူပူမှာ ကြက်သွန်ဖြူကိုဓါးပြာရိုက်ထည့်လိုက်ပြီးတော့ ခရမ်းချဉ်သီးကိုလဲမခွံနွှာထည့်ပါတယ်။ နဲနဲ
လေးများချဉ်မလားလို့၊ ပြီးတော့ငရုတ်သီးစိမ်းတောင့်ရှည်ကိုအမြောင်းလိုက်လှီးထည့်ပြီး သန့်စင်ပြီး
မှိုတွေထည့်ဆားနဲငယ်ထည့်ပြီး ချိုမှုန့်နဲနဲထည့်၊ မထည့်လဲချိုနေပြီ။ ပြီးရင်မွှေ..ကျက်လောက်ပီဆိုရင်
ကောက်ရိုးမှိုငရုတ်ချဉ်စပ်ကြော်တစ်ခွက်ရပါပီ။
ဒါဘဲလားဆိုတော့မပီးသေးပါဘူး။ မုန်လာထုတ်ကိုလက်တစ်ဆစ်စာလောက်လှီးပြီး၊ ကြက်သွန်ဖြူ၊ မျှင်
ငပိ၊ ငရုတ်ကောင်းနိုင်နိုင်နဲ့ဟင်းခါးချက်သောက်ပါသေးတယ်။ ကျက်ခါနီးပွက်ပွက်ဆူမှငွေနှင်းမှိုလေး
တွေခတ်လိုက်ရုံပါဘဲ။ အရမ်းကိုသောက်လို့ကောင်းတဲ့ မှိုမုန်လာထုပ်ဟင်းခါးပါ။...ယုံဝူးဆိုစမ်းကြည့်....
နောက်ဆုံးတော့....ဖျော်ရည်..နာနတ်သီးဖျော်ရည်မှာ ပူတီနံရွက်လေးခတ်ထားတာပါ။ အနံ့လေးကသင်း
နေပီးအရမ်းကိုသောက်လို့ကောင်းပါတယ်။ ဖျော်ရည်မကြိုက်တတ်တဲ့ကျွန်မတောင် (၃)ခွက် အသာလေး
ဘဲ။

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger