Skip to main content

ဘလော့လည်ထွက်သည်

မနက်ကွန်ပြူတာရှေ့ထိုင်ထိုင်ချင်း ပထမဆုံးနေ့တိုင်းဝင်ကြည့်မိတာ ကိုအန်ဒီ ဘလော့ပါ။ အသစ်မတင်ရင် တောင် သူ့ဆီက feed roll တွေသွားသွားယူပါတယ်။
ယောက်ျားများကိုထိန်းနည်း ဆိုတာတွေ့တော့ စိတ်ဝင်စားလို့ဝင်ဖတ်မိတယ်။
၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
၂. ပိုက်ဆံကိုထိန်းနည်း
၃. လူကိုထိန်းနည်း
၎. မိမိကိုယ်ကိုထိန်းနည်း
 ဒီထက်ပိုတဲ့နည်းလမ်းတွေများရှိအုန်းမလားမသိဘူး။ ဘယ်နည်းနဲ့မှကျွန်မမကိုက်ဘူး။
အစားကောင်းလဲမချက်တတ်၊ ချက်တတ်လှချည်ရဲ့လို့သူများကပြောတဲ့ကျွန်မအစားသောက်တွေက ချစ်သူ စားနေကြအစားသောက်တွေလောက်လဲမကောင်းဘူး။ နောက်ဆုံးတော့ သူဘဲချက်ကျွေးရမှာဘဲ။
ပိုက်ဆံနဲ့ထိန်းရအောင်လဲ ကိုယ်က သူဌေးမဟုတ်၊ သူ့ပိုက်ဆံလဲ ကိုယ်က မမက်မော၊
လူကိုထိန်းရအောင်လဲ ကျွန်မကိုယ်တိုင်က ချုပ်ချယ်တာ၊ နေရာတစ်ကာဝင်ပါလွန်းတာမကြိုက် တော့ ချစ်သူကိုလဲ မချုပ်ချယ်ချင်ဘူး။
မိမိကိုယ်ထိန်းတာတော့ ကိုယ့်သိက္ခာအကျင့်တရားကလွဲလို့ ချစ်သူမရှိဘဲ ပျော်ပျော်နေပါဆိုတာတော့ မဖြစ် နိုင်ဘူး။  ချစ်သူထားခဲ့လဲ ပြုံးပီးမနေနိုင်ဘူး... ဟန်ဆောင်ပီးလဲ ပျော်မနေနိုင်ဘူး...ဆိုတော့.. ကျွန်မချစ်သူ ကံကောင်းလားကံဆိုးလား... သူ့ဘာသူဘဲဆုံးဖြတ်ပါစေ။
နောက် ဘလော့တစ်ခုယောက်သွားတာ မိုးမခမီဒီယာ မွန်အမျိုးသားနေ့ကျင်းပတာကိုရေးပြထားတာ။  မာမီ ကပြောဖူးတယ်၊ မွန်တွေကအရမ်းသဘောကောင်းမနောကောင်တယ်တဲ့။ ရန်ကုန်ပြန်တုန်းက taxi မောင်းတဲ့ ကားဆရာ ၄-၅ ယောက်မက ကြုံဖူးတယ်၊ အရမ်းသဘောကောင်းကြတယ်၊ တစ်ယောက်ဆို ကားမောင်းရင်း သီချင်းလေးဆိုလို့...တစ်ပုဒ်ပီးတစ်ပုဒ်၊ မြောက်ဒဂုံကနေ မြို့ထဲရောက်တဲ့အထိ....  မွန်လူမျိုးစစ်စစ်တွေ တွေ့ ရခဲတယ်။ ဒီတစ်ခေါက်တော့ရန်ကုန်မှာနဲနဲတွေ့ခဲ့တယ်။ မိုးမခမှာ ပုံတွေများကြီးတွေ့တယ်။
နောက်တော့ ပုဇွန်ဂဏန်းဟင်း  ဘလော့ရောက်သွားပြန်တယ်။ ဗိုက်ဆာလာသလိုဘဲ။ အဲဒီက ဟင်းပုံတွေ အရမ်းလှတာ။ ပုံနဲ့တင်ကို ကျေနပ်နေပီ။ ပုဇွန် နဲ့ ဂဏန်းရောချက်တယ်ထင်လို့...  ပုဇွန်ကို ပုဇွန်ဂဏန်းလို့ ခေါ်လားမသိဘူး။ အရသာတော့ခပ်ဆင်ဆင်ပါ။ ဒီတစ်ခေါက်ရန်ကုန်ပြန်တုန်းက ဂဏန်းတစ်ခါ နဲနဲမြည်းခဲ့ တယ်။ ပထမဆုံးဘဲ ချိုချိုလေး...း)
မ၀ါ ဘလော့လဲရောက်သွားတယ်။ မနေ့ညက မ၀ါကိုအားကျပီး singforyou.net မှာသီချင်းလိုက်သွင်း နေတာ နဲ့ ညသန်းခေါင်ထိမအိပ်ဖြစ်ဘူး။  ဓာတ်ကူးတာ..အဲလို။  မနေ့က ကျွန်မသီချင်းဟောင်းလေး တွေပြန်ကြားရတယ်..  အရင်ကပေါ့လေ.. ၂၀၀၄ လောက်က ကျွန်မမှာ mp3 player လေးရှိတယ်၊ အသံ သွင်းလို့လဲရတယ်..အဲဒါလေးနဲ့ ၊ သီချင်းတွေသွင်းပီး ပို့ပို့ပေးတာမှတ်မိသေးတယ်။.... အခုတော့ မဆိုတာကြာ လို့လားမသိ..အတွေးခေါ်ပြောင်းတာလားမသိ..ချစ်သူက သီချင်းဆိုပါလားပြောရင်တောင် ဖြစ်မြောက်အောင် မဆိုတတ်တော့ဘူး။
မမKOM ဆီရောက်ပြန်တော့ ၀ယ်လိုက်တဲ့ ပစ္စည်းတွေ..အမျိုးတွေများပုံရတယ်... တစ်ခါတစ်ခါသူရေးထား တာနားမလည်ဘူး၊ နှစ်ခါလောက်ပြန်ဖတ်ရတယ်..ဒါတောင်သိပ်နားမလည်ချင်ဘူး။ မြန်မာစာ မြန်မာစကား တယ်လဲ ခက်ပါလားလို့...တစ်ခါတစ်လေအားငယ်မိသေးတယ်...
မမလုလု အင်ဒို ရောက်နေတယ်..  ကူးကူး အင်ဒိုရောက်မယ့်အချိန်နဲ့ မမလု ပြန်မယ့်အချိန် (၁)ရက် ကပ်လွဲ ပြန်တယ်။  ရန်ကုန်မှာလဲလွဲ၊ အဲဒီမှာလဲလွဲ....  မမလုချက်တဲ့ဟင်းလေးတော့ စားရမယ့်အချိန်ကြုံချင်ပါသေး တယ်။

Comments

  1. ဟဟ ဓါတ်ကူးကုန်ပြီလား ကူးကူးရေ.. ဆိုသာဆို ပျော်စရာကောင်းတယ် မမ အခုလည်း ဆင်းဖော်ယူမှာပဲ .တစ်ပုဒ်အော်လိုက် ဖျက်လိုက်.ဟဟ
    အခု ဘလော့ဂါတွေ ဆင်းဖော်ယူမှာ အများကြီးပဲလေ.
    ကွန်မန့် အမြန်လာရေးသွားတာ.. ဆိုလိုက်ဦးမယ်.း)

    ReplyDelete
  2. ကူးကူး ရေ
    ပုစွန်ကို ဂဏန်းမဆလာပုံစံ ချက်တဲ့နည်းမို့လို့ ပုစွန်ဂဏန်းဟင်းလို့ ခေါ်တာတဲ့း)

    ဒီမှာလည်း ဟင်းချက်နည်းတွေ
    http://recipe.all-channel.com/myanmar-recipe-category.aspx?cat_id=27

    ReplyDelete
  3. ပျိုပျိုမေ အလည်အပတ်ထွက်တယ် မော်တော်ကားနဲ့ရယ် လို့ဆိုတဲ့ ခေတ်မဟုတ်တော့ဘူးနော်။
    ခုတော့ အွန်လိုင်းပေါ်ကနေပဲ ကမ္ဘာအနှံ့မှာရှိတဲ့ ဘလော့ဂ်ပေါင်းစုံကို တစ်ထိုင်တည်းနဲ့ အလည်ထွက်လို့ ရနေပြီနော်။
    ကူးကူးဘလော့ဂ်အလည်ထွက်ရာကနေတဆင့် မမလုလည်း လိုက်လည်ဖြစ်ခဲ့တယ်။ ကျေးဇူးနော်။

    ReplyDelete
  4. လာလည်သွားတယ် :)

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ