Skip to main content

ကန်ဇွန်းဥရွက်အစိမ်းသုပ်

အခုတစ်လော Pasta ဆိုတဲ့ ကိုးရီးယားဇတ်လမ်းတွဲလေးကြည့်နေတယ်။ အစပိုင်းဘဲရှိသေးတယ်။ Pasta ကိုအရမ်းကိုစိတ်ဝင်စားနေမိတယ်။ လုပ်တတ်ချင်တာပါ။ Pasta စားဖူးတယ်..ဆိုင်မှာတော့မဟုတ်ဘူး၊ သူများ လုပ်ကျွေးတာစားဖူးတာ..မဆိုးပါဘူး။ Spaghetti ကိုတော့မကြိုက်ဘူး။ ချိုရဲရဲနဲ့ ဘာအရသာမှန်းကိုမသိဘူး။ ဒီမှာ Spagetti ဆော့စ် တွေရောင်းတယ်..အဲဒါကို ခေါက်ဆွဲနဲ့ရောစားကြတာဘဲ.. မ၀ယ်တတ်လို့လားမသိချိုရဲရဲကို ဖြစ် နေတာကိုမကြိုက်ဘူး။ ရုံးမှာ ပီးခဲ့တဲ့အပတ်က overtime 12 နာရီကျော်ထိဆိုတော့ ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက် အကိုကြီးတစ်ယောက်ကို အ၀ယ်တော်လွှတ်လိုက်တယ်.. ဒီကလူတွေများ Spaghetti တယ်လဲကြိုက်ကြသကိုး..  မှာလိုက်တာ(၁၀) ယောက်မှာ (၉) ယောက်က Spaghetti တဲ့လေ...
Mall ကစားသောက်ဆိုင်တွေ..fast-food ဆိုင်တွေမှာလိုက်ရှာတာ..မသင်္ကာလို့မေးကြည့်တော့ တစ်ခုမှ ၀က်သား နဲ့မလွတ်ဘူး.. ဆော့စ် ထဲမှာထည့်ချက်ထားတာ..ကံကောင်းချင်တော့ သေချာမေးကြည့်မှ ဆိုင်အကုန်လုံးနီး ပါး ၀က်သားနဲ့မလွတ်ဘူး... ကျွန်မအပြင်မှာတစ်ခါမှစမ်းမစားဖူးတာတော်သေးတယ်။  နောက်ဆုံးတော့ KFC လိုက်ရှာပီး သူတို့ဆီက spaghetti ကတော့ ၀က် နဲ့လွတ်တယ်ဆိုမှ စိတ်ချလက်ချ ၀ယ်ရတယ်.. 
ဒီကလူတွေဝက်သားအရမ်းကြိုက်ကြတယ်.. ဘာမဆိုဝက်မပါရင်မပီးဘူး။ ၀က်သားမစားတဲ့ ကျွန်မတို့ တစ်တွေကတော့ တော်တော့ကို အခက်တွေ့တယ်.. တစ်ခေါက်လဲ စားသောက်ဆိုင်တစ်ခုမှာ ဘူဖေးစတိုင် လုပ်ထားတာ... စားချင်စရာတွေကြီးဘဲ.. ပန်းကန်ယူ..တန်းစီပီးမှ တစ်နေရာအရောက် ၀က်ခေါင်းကြီး ကင်ပီး ချထားတာတွေ့လို့ ပြန်လှည့်ထွက်လာခဲ့ရတယ်..
ဝက်သားမစားဖူးတော့ ဘာအရသာလဲမသိဘူး ဒါပေမယ့် လူကြိုက်များပုံထောက်တော့ ကောင်းလို့ ဖြစ်မယ် ထင်တာပါဘဲ.. မြန်မာစကားပုံတောင်ရှိသေးတယ် အသီးမှာသရက်၊ အသားမှာဝက် ဆိုလား..
ကျွန်မတို့ကတော့ ဘာသာရေးအရရော၊ မွေးကတည်းက မျိုးရိုးစဉ်ဆက်မစားတာကြောင့်သာ ၀က်ဆို ရှောင် နေရပေမယ့်.. ၀က်သားကိုအဓိကထား စားတဲ့နေရာမျိုးရောက်နေရတာ အစားသောက်အရမ်းခက်ခဲ ပါတယ်။  အခြားအသားဝယ်မယ်ဆိုပြန်တော့လဲ ၀က်သားနဲ့တွဲရောင်းပြန်ရော.. သတ်သတ်ကန့်ထားပေ မယ့် စဥ့်နီတုံး..သုံးတဲ့ဓား.. ချိန်တဲ့နေရာ..အကုန်တူတော့ စိတ်ထဲမှာတစ်မျိုးကြီးရယ်ကြောင့် နောက်ဆုံးတော့ လည်းသတ်သတ်လွတ်စခန်းရောက်တာပါဘဲ...
ဒီနှစ်အတွင်မှာ ကျွန်မခေါင်းအရမ်းမူးတာ လည်နေအောင်မူးတာ နှစ်ခါရှိပီ.. ပီးခဲ့တဲ့လက တစ်ခါ..
၅ ရက်လောက်ကြာတယ်.. ဒီတစ်ခေါက်လည်းထိုနည်းလည်းကောင်းဘဲ.. မသောက်ဘဲ မူးနေတာအဲလို..
ချစ်သူကပြောတယ်.. အသားမှမစားတာတဲ့.. ကျွန်မက အတွန့်တက်တယ်.. အသားမစားလဲ ပဲတို့ အခြားအဟာရဖြစ်မယ့်ဟာတွေစားနေတာဘဲလို့... သူကလက်မခံပါဘူး... အသားစားပေးသင့်ကြောင့်ဘဲ တရားချပါတယ်။ ကျွန်မလဲ အသားဝယ်ရတာ အခက်ခဲဖြစ်တဲ့အကြောင်း.. ရှင်းပြရတာလဲ ခဏခဏပါ။ 
အသားမစားရင်တောင်မှ အခြားသီးနှံနဲ့ ပဲ..ငါး စသည်တို့ကို အချိုးကျကျ အစုံလင်ချက်ပြုပ်စားသောက် နိုင်မယ်ဆိုရင်တော့ ကောင်းမှာပါ။ ဒါပေမယ့် အလုပ်ချိန် နဲ့ ဘလော့ လည်ချိန်နဲ့ လူမှုရေး(ငွေမရခေါင်းရှုပ်) အလုပ်တွေနဲ့ရွာလည်နေတော့လည်းခက်သား။
ကြာသပတေးနေ့က ဖေဖေါ်ဝါရီလမွေးနေ့ရှင်တွေ စုပီး နေ့လည်စာကျွေးတယ်.. အစုံလင်ဘဲ...
ထုံးစံအတိုင်းအကုန်လုံးသတ်သတ်လွတ်ပါ.. အဲဒီအထဲမှာ ကျွန်မမျက်စိကျနေတာ.. ကန်ဇွန်းဥအရွက်အစိမ်း ကို အစိမ်းသုပ်ထားတာကိုပါ... ကန်ဇွန်းရိုးအစိမ်းသုပ်တော့စားဖူးတယ်.. ကန်ဇွန်းဥအရွက်ကိုတော့ တစ်ခါ မှမစားဖူးလို့ မြည်းကြည့်တာ ကောင်းတာနဲ့ အိမ်မှာသီးသန့်လုပ်စားဖြစ်တယ်။
ကန်ဇွန်းဥအရွက်စိမ်း (sweet potato leaves) ကို ရေစင်အောင်ဆေး..ပါးပါးလှီးပီးတော့ ရှလကာရည်ရယ် ဆားရယ် နဲနဲထည့်ပီး ရေ (၂) မိနစ်လောက်ဘဲစိမ်ရတယ်..
ပီးရင်ထုတ်၊ ရေစစ်ပီးရင် 
ကြက်သွန်နီ လှီး၊ ခရမ်းချဉ်သီးတွေ အစေ့ထုတ်ပီး အတုံးလေးတွေလှီး..
ငရုတ်သီးလတ်လတ်ဆတ်ဆတ် အနီတောင့်ကို လည်းအစေ့ထုတ်ပီးပါးပါးလှီး..
ဆား နဲ့ နှမ်းဆီ၊ နှမ်းလေးတွေဖြူးပီးသုပ်စား....အချဉ်ထပ်လိုချင်သေးတယ်ဆိုရင်တော့ သံပုရာသီးလေးညှစ် လိုက်ပါ... လတ်လတ်ဆတ်ဆတ်နဲ့အရမ်းလဲစားလို့ကောင်းပါတယ်။

အရင်က အသီးရွက်အစိမ်းသုပ်တော့မယ်ဆို ဆီချက်သတ်လေ့ရှိပေမယ့် အခုတော့ အစိမ်းသုပ်ဆို အားလုံး အစိမ်းဖြစ်မှပိုအရသာရှိတယ်ဆိုတာကို မွေးနေ့ရှင်တွေထဲက အာဖရိက ပြောင်းလာတဲ့ Canadian အန်တီ က ပြောပြလို့သိရပါတယ်။

Comments

  1. တို့လည်း vegetable ဆိုအကုန်ကြိုက်တယ်။ မစားတဲ့အရွက်ဆို စာရွက်ဘဲရှိတယ် :)

    ReplyDelete
  2. ကူးးးးးးးးးးးးးးးးးးးးးကူးးးးးးစ်
    ရုံလေးလည်းဝက်သားစားဖူး
    ဘာသာရေးကြောင့်တော့ဟုတ်ဖူးရယ်
    ဖိုးဖိုးကဂေါ်ရခါးမို့လို့မစားတာ
    ကူးကူးစ်က ဘာလည်းဟင်
    သိချင်ပါ၏ ရု့လေးလေ စပ်စုလားဟင် ကူကူစ်


    ချစ်တဲ့
    ရုံလေး

    ReplyDelete
  3. R U Muslim? Sorry if I am too curious :-))

    ReplyDelete
  4.ံမြူးစ် ကူးအဘိုးလဲ ဂေါ်ရခါးဘဲ.. Nepalese ..
    @ Anonymous.. I'm not Muslim. I'm an "Adventist"

    စုဘူးရေ.. ပြောတတ်တယ်.. :)

    ReplyDelete
  5. ကူးကူးရေ..
    မစားတာတူနေတော့...အဲ့လိုပဲဒုက္ခရောက်တယ်...
    ကိုယ်ချင်းစာပါတယ်...။

    ပေါက်

    ReplyDelete
  6. ကူးကူးရေ...
    အဲဒီအရွက်ကို သုပ်မစားဖူးသေးဘူး...
    အခုတော့ အရွက်မရသေးလို့ ရန်ကုန်ရောက်မှ
    သုပ်စားရမယ်...

    ReplyDelete
  7. ကန်စွန်းဥကို မမလုတို့ မော်လမြိုင်ဘက်မှာလည်း သုပ်စားကြတယ်။ ကန်စွန်းဥကို ချင်းလိုခြစ်၊ ပြီးတော့ ရှောက်ရည်နဲ့ စိမ်ပြီး ချင်းလိုပဲ နှပ်လိုက်တာ။ ပြီးတော့မှ ချင်းသုပ်လို သုပ်စားကြတာပေါ့နော်။ အခု ကူးကူးရဲ့နည်းလေးလည်း စားကောင်းမယ့်ပုံလေး။ မမလုလည်း စုဗူးလိုပဲ မစားတဲ့အရွက်က စာရွက်ပဲ ရှိတယ်။ ကောင်းတယ်နော်။ ကျေးဇူးပါ ညီမလေးရေ။

    ReplyDelete
  8. စေတနာ့ဝန်ထမ်း ချစ်အုန်းဖေFebruary 21, 2010 at 10:31 PM

    Sweet Potato

    Sweet potato shows trypsin inhibitor activity. That means it contains an enzyme inhibitor that blocks the action of trypsin, an enzyme that digests proteins. The trypsin inhibitor prevents the digestion of protein. Sweet potatoes with higher protein levels have more of the trypsin inhibitor. This makes raw sweet potato difficult to digest. The trypsin inhibitor is deactivated by cooking.

    One way the raw food diet helps people is by supplying food enzymes. Food enzymes do part of the work of digesting the raw food. Enzyme inhibitors increase the amount of work that your body needs to do to digest foods. Enzyme inhibitors force your body to produce more digestive enzymes. This uses up resources that could be used to produce detoxifying enzymes. When animals are regularly fed enzyme inhibitors in research, they become sick. Sweet potato should not be eaten raw.

    ReplyDelete
  9. thanks for your advice..
    this is about sweet potato leaves, not about sweet potato....
    that leaves is tender than kang kong (water cress)

    ReplyDelete
  10. ကျန်းမာရေးဝန်ထမ်းချစ်အုန်းဖေFebruary 22, 2010 at 2:34 PM

    Well the main point being eating raw vegetables is not always good for your health.

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ