ဟိုဘလော့ဒီဘလော့ဖတ်၊ ကိုးရီးယားကားထဲမှာ မင်းသမီးက မင်းသားကြော်ထားတဲ့ ကင်မ်ချီ
ထမင်းကြော်ကိုတစ်အိုးလုံးထိုင်စားတာကြည့်ပြီးလက်တည့်စမ်းကြည့်တာ....
ကိုးရီးယားနည်းတော့မသိဘူး..ကူးကူးနည်းကတော့
green cabbage ကင်မ်ချီပုလင်းသေးတစ်လုံး
(ကင်မ်ချီပုလင်းထဲမှာ မုန်ညှင်းစိမ်း၊ ခါကြက်ဥနီနဲ့ ကြက်သွန်မိတ်ပါပြီးသား)
အာလူးသေးသေး တစ်လုံး
အမဲသားဗလချောင်ကြော် (အိမ်ကပို့ထားပေးတော့အဆင်သင့်ဘဲ)
ကြက်ဥတစ်လုံး...
ဆီနဲနဲမှာ အာလူးလေးတွေအတုံးသေးသေးကိုကြွပ်အောင်ကြော်..
ပြီးတော့ အာလူးတွေကိုအိုးဘေးမှာနဲနဲရှဲထားပြီးအလယ်မှာကြက်ဥခွဲထည့် မွှေ
ပြီးတော့ အမဲသားဗလချောင်ကြော်ကိုထည့်၊ ပြီးတာနဲ့ ကင်မ်ချီလောင်းထည့်ပြီး
ထမင်းပူပူကိုထည့်၊ ဆားအနဲငယ်ထည့်...ပြီးခဏကြော်လိုက်တာ...
ပြီးပါလေရော..... မြန်တယ်ဟုတ်... အရသာကတော့တစ်ကယ့်ကိုရှယ်...
ထမင်းကြော်အီအီလေးမှာကင်မ်ချီအရသာချဉ်ပြုံးပြုံးနဲ့.....

Comments
Post a Comment
ကူးကူးရေ...