ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့် အ ကောင်တော်တော်များများကို အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊ အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။ ပုရစ်ကြော်အချိ ုထုပ်ကို သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။
အားလုံးဝိုင်းစဉ်းစားဘို့အတွက် စဉ်းတောင်မစဉ်းစားတတ်တော့ပါဘူး ဆိုတဲ့
ReplyDeleteခေါင်းစဉ်လေးနဲ့ စာနည်းနည်းရေးချင်ပါတယ်။ ကိုယ်ပိုင် blog မရှိတော့ ကြုံရာမှာပဲ ကပ်ရေးမယ်လို့ စိတ်ကူးထားလို့လေ။
သူငယ်ချင်း တစ်ယောက် အကြောင်းကို စဉ်းစားမိပြီး ကောက်ရေးတယ်ဆိုပါဆို့။ အဓိက ကတော့ သူငယ်ချင်းနှင့် မိသားစု
ခံစားနေရတဲ့ ဒုကတွေကို ပြန်ပြောင်းကြည့်ရင် လွန်ခဲ့တဲ့ (၁၀)နှစ်ကျော် (၁၁)နှစ်ဆီက အတိတ်ကို ပြန်သွားရပါလိမ့်မယ်။
လွယ်လွယ်နဲ့ပြောရရင် သူငယ်ချင်းရဲ့ အမည်က ကိုကျော်လို့ဘဲ မှတ်လိုက်ကြရအောင်။ ကိုကျော် က အဖိုးဖြစ်သူထံမှ ကံ
အကြောင်းတရားကြောင့် သေတမ်းစာအရ မြေကွက်ကို ခက်ခဲစွာဖြင့် ရရှိလိုက်ပါတယ်။ သေတမ်းစာက လည်း လွန်ခဲ့တဲ့
နှစ်ပေါင်း (၁၀၀)ကျော်ကတည်းက ရေးထားတာပါ။ သေတမ်းစာအရ မျိုးရိုး အစဉ်အဆက် ကိုကျော်ဖြတ်လာပြီး ဖခင်လက်ထဲ
ကို ရောက်ရှိခဲ့ပါတယ်။ နေရာကတော့ ဒဂုံမြို့နယ် တစ်နေရာ ဗိုလ်ချုပ်ဈေးနဲ့လည်းနီး၊ ရွှေတိဂုံ ဘုရားနဲ့လည်းနီး တဲ့ တစ်နေရာ
ဆိုပါတော့။ တိုက်သစ်တွေ ဆောက်မယ်ဆိုပြီး ၁၉၉၇ခုနှစ်ထဲက ကန်ထရိုက်တာနှင့် စာချုပ်ချုပ်ကြတယ်။ ကန်ထရိုက်တာက
မြေရှင် ဘယ်လိုနည်းနဲ့ အထူးရရှိခဲ့တယ်ဆိုတာကို ကိုယ့်အတွင်းလူတွေဆီက သိရှိခဲ့တယ်။ ဒါနဲ့ပဲ ကျောက်ခဲရေပေါ် ဆိုပြီး
သူ့လိုချင်တဲ့ စီမံကိန်းကိုဆွဲပြီး စာချုပ် ချုပ်တော့တာပါဘဲ။ သူ့စီမံကိန်းက တိကျသလား မပြောတတ်ဘူး။ ကိုကျော်တို့ မိသားစု
ခုထက်ထိ ကန်ထရိုက်ဆီက ရလာဒ်က ဘာတစ်ခုမှ မခံစားရသေးဘူး။ စဉ်းတောင်မစဉ်းစားတတ်တော့ဘူး။ ၁၉၉၇ ခုနှစ်ထဲက
ချုပ်ထားတဲ့ စာချုပ်က ၂၀၀၈ ခုနှစ်ကုန်တော့မယ် ဘာမှ အရာမထင်သေးဘူး။ ကိုကျော်က ရန်ကုန်မှာ သိတ်မနေရဘူးလေ။
တာဝန်နဲ့ခရီးဝေးသွားရတာများတယ်လေ။ ကိုကျော်မရှိခိုက် မိဘတွေရဲ့ အသက်ကြီးမှု၊ယုံကြည်မှုတွေကို ကန်ထရိုက်က
သေချာလေ့လာပြီး ကျကျနန စီမံကိန်း (plan ) ဆွဲသွားတာလား?။ အပိုင်ပဲဆိုပြီး သူဆောက်လို့ ရှုံးခဲ့သမျှ ကုန်ကျငွေတွေကို
သက်ကြီးရွယ်အိုတွေဆီက ပြန်ကဲ့ယူချင်နေတယ်လေ။ စဉ်းတောင်မစဉ်းစားတတ်တော့ဘူး။ ကန်ထရိုက်တာကဘုရားလူကြီးလေ။