ထမင်းရိုးရိုးစားရတာပျင်းလာတဲ့ကျွန်မ..ဒီတစ်ခါနှုတ်ဆက်ပွဲလေးမှာတော့ပဲထမင်း
ချက်ဖို့စိတ်ကူးရလိုက်ပါတယ်။ အကြောင်းကလဲ ဟင်းချက်နည်းစာအုပ်ကိုဟိုလှန်
ဒီလှန်နဲ့ ပဲထမင်းချက်နည်းလဲတွေ့တော့စိတ်ဝင်စားသွားတယ်။ ပဲနီလေးကလဲ
အိမ်မှာအဆင်သင့်ရှိနေတာနဲ့ဆိုပါတော့။ ပဲနီလေးက၀ယ်ချင်းတိုင်းဝယ်လို့မရဘူး။
ဒီမှာကရှားတယ်။ ကားနဲ့သွားရင် ၂ နာရီလောက်ဝေးတဲ့နေရာမှာရှားရှားပါးပါးကုလား
ဆိုင်တစ်ဆိုင်ရှိတယ်။ ပဲနီလေး၊ ကုလားပဲ၊ ငရုတ်သီးမှုန့်၊ ဆိတ်သား၊ ပါပရာ၊ အရောင်
တင်မှုန့်၊မဆလာ အဲဒါတွေအဲဒီဆိုင်မှာဘဲဝယ်လို့ရတယ်။ ပဲထမင်းချက်ဖို့ပြင်ဆင်ထား
တဲ့အရာတွေကတော့
ဆန်ကောင်းကောင်း (jasmine rice)
ပဲနီလေး
ကြက်သွန်နီ
ကရဝေးခေါက်
နောက်တစ်ခုတော့နာမည်မသိ..ကြယ်လိုအပွင့်လေး
ထောပတ်ဆီ
ပဲနီလေးကိုရေ(၄) နာရီလောက်စိမ်ထားပါတယ်။ ထမင်းကိုခပ်မာမာလေးချက်ပြီး။ ပဲကိုထောပတ်
ဆီ၊ ကြက်သွန်နီအနဲငယ်နွမ်းရုံ၊ ကရဝေးခေါက်နဲ့ကြယ်လိုအပွင့်ခြောက်လေးအကုန်ထည့်ပြီးတော့
နဲ့ဆီသတ်ပါတယ်။ဆီသတ်တာပြီးတာနဲ့ထမင်းအိုးခလုတ်ပြောင်းတာနဲ့ချက်ချင်းပဲဆီသတ်ထားတာ ကိုထည့်ပြီးမွှေပြီးထမင်းအိုးကိုနှပ်ပါတယ်။ ထမင်းကောင်းကောင်းကျက်လောက်တဲ့ အချိန်ဆိုရင်
ပဲလဲကျက်ပါပြီ။ စိမ့်စိမ့်မွှေးမွှေးနဲ့စားလို့တော်တော်ကောင်းပါတယ်။