Skip to main content

ထိုနေ့


ကျွန်မအသက်(၂၀)တုန်းက ပုသိမ်ကအဒေါ်ခေါ်သွားလို့ စံဇာဏီဘိုဆီရောက်သွားခဲ့ဖူးတယ်။
သူကပြောတယ်။ ပညာရေးဆက်မြင့်နိုင်မှာမဟုတ်ဘူးတဲ့။ ကျွန်မလဲလက်ခံခဲ့တယ်။ ကျောင်း
တက်ရမှာအသေပျင်း၊ စာဆိုလှည့်တောင်မကြည့်ချင်လောက်အောင်ဖတ်ခဲ့ရတာလူမှန်းစသိ
တဲ့အရွယ်ကနေဘွဲ့ရတဲ့အထိဘဲ.. အလုပ်နဲ့ဒီရောက်ပီးမကြာခင်ဘဲအလုပ်အတူလုပ်တဲ့အကို
ကြီးကအတင်းတိုက်တွန်း၊ အဝေးမှာရှိတဲ့သူငယ်ချင်းတွေလဲအတင်းတိုက်တွန်း၊ မိဘတွေကလဲ
ကျွန်မအကြီးဆုံးဆိုတော့တစ်ဆင့်ပြီးတစ်ဆင့်ကိုတက်စေချင်၊ ချစ်သူကလဲ ကျောင်းတက်၊ ဘာ
ဖြစ်လဲတစ်ခုခုဖြစ်ရင် သူရှိတယ်။ ...ဒါနဲ့ဘဲ... လုံးလည်ချာလည်..အလုပ်တစ်ဖက်၊ခရီးလဲထွက်၊
ကျောင်းတစ်ဖက်၊ နဲ့ private tutor ကတော့အင်္ဂလန်မှာစာသင်နေတဲ့အကိုကြီးတစ်ယောက်ပါ။
မြန်မာမဟုတ်ပေမယ့်အရေးလိုသူ့ကိုဘဲရှင်းပြခိုင်း စိတ်ရှည်လက်ရှည်ကိုသင်ပေးတယ်။ကျောင်း
ကအတန်းစရင် သင်မယ့်ခေါင်းစဉ်တွေသာပြောလိုက်တာ textbook ၀ယ်၊ ကိုယ့်ဘာသာကိုယ်
လုပ်ဘဲ.. စာနဲ့အချိန်တော်ကြာဝေးနေတော့အရမ်းကိုစိတ်ညစ်ဒုက္ခရောက်ခဲ့ရတယ်။ ညမအိပ်
နိုင် မနက်ဆိုအိပ်ချင်မူးတူးရုံးသွား၊ တဲ့နေ့တွေလဲမရေတွက်နိုင်။ သူငယ်ချင်းတွေမောလ်သွား
မယ်၊ ဘာညာဆိုလဲ ကျောင်းစရိတ်အနိုင်နိုင်လုံးနေရတဲ့ကိုယ့်အခြေနေကိုယ်သိလို့အိမ်ထဲကုပ်
နေရတာလဲအကြိမ်ပေါင်းမနဲ၊ ရှောင်မရတဲ့ပွဲတွေလာပီဆိုရင်တော့စိတ်ပျက်စိတ်ညစ်ရတာ
အခါခါဘဲ။ ကျောင်းလခလဲတစ်လတစ်လနင့်နေအောင်ပေးရတော့ အပိုဝင်ငွေမရှိ ကိုယ့်လခ
နဲ့ကိုယ်လုံးနေတော့တစ်ခါတစ်လေစိတ်ဓာတ်ကျတာတွေလဲရှိတယ်။ ဒါပေမယ့်မှန်တယ်။ စိတ်
ကအဓိကဘဲ Moral support ကအရမ်းကိုခွန်အားကြီးတယ်။ ငွေနဲ့ပေးဝယ်ရင်တောင်မရဘူး။
နောက်ဆုံး defense မှာလူကအရမ်းကိုနုံးနေပီ၊ ၂ရက်ဆက်တိုက်၊ ပရောဖက်ဆာတွေလဲရစ်တာ
ဗြောင်းဆန်နေအောင်သူတို့စိတ်တိုင်းကျအဖြေကိုဘယ်သူမှမဖြေနိုင်တော့တစ်ကယ်ကိုလက်
မြောက်ပြီးပြန်ပြေးချင်တာ... နောက်ဆုံးတော့ကျွန်မစာတွေကိုတစ်လုံးမှနားမလည်ပါဘူး၊ တစ်
ခါမှလဲမလေ့လာဘူးပါဘူးဆိုတဲ့ချစ်သူမောင်တော်က စာတန်းလေးတစ်ခုကိုသဲလွန်စအနေနဲ့
ပေးတယ်။ အဲဒါကိုအခြေခံပြီးကျွန်မအခန်းထဲဝင်ပြီးပြောလိုက်တော့ ပရော်ဖက်ဆာတွေရေလည်
သဘောကျပြီး ကျန်တဲ့အပိုင်းတွေဆက်သွားသွားပြီး.. အောင်စာရင်းကြေငြာတော့ကျွန်မနာမည်
ထိပ်ဆုံးမှာပါလာပါတော့တယ်။ အဲဒီအထိလဲမပျော်သေးဘူး.. စိတ်ကစိုးရိမ်တာ၊ စိတ်ရှုတ်တာ
အလုပ်ကိုစိတ်ပူနေတာတွေ..ရှိသေးတယ်။ ကျေးဇူးတင်ထိုက်သူတွေအားလုံးကိုလဲကျေးဇူးတင်ပါ
တယ်။ မနက်ဖြန်တော့ခန်းမမှာ လမ်းလျှောက်တော့မယ်။ မလျှောက်ခင်ခေါင်းစားတာ ချိတ်ထမီ
လေးဝတ်ဖို့စဉ်းစားပါတယ်။ ၀တ်ရုံထပ်ပိုရှည်တာမ၀တ်ရဘူးတဲ့... ဒီနေ့တော့ဘာဝတ်မလဲလိုက်
ရှာရတာနဲ့တင်တစ်ကိုယ်လုံးညောင်းချိနေပီ။ ညနေပိုင်းတော့ ပါးပါးရောက်လာတယ်။ ညီမလေး
လဲဘန်ကောက်ကနေ ပလိန်းရူးအမဲရောင်နဲ့သစ်ခွပန်းစည်းလေးပို့လိုက်တယ်။ မောင်လေးနဲ့မာ
မီက ယုန်လေးတစ်ကောင်ပို့ပေးတယ်။ ဘာမှန်းတော့မသိသေးဘူး..စိတ်တော့ရှုပ်နေတုန်းဘဲ။
ဂါဝန်အတိုတွေလုံးဝကိုမ၀တ်တတ်တဲ့ကျွန်မဘာကိုဝယ်ရမှန်းလဲမသိဘူး။ စိတ်ပေါက်ပေါက်နဲ့
နှစ်ထည်ဝယ်လာပြီးညီမလေးကိုဘယ်ဟာဝတ်ရင်ကောင်းမလဲမေးရတယ်။ အားလုံးတော့အဆင်
ပြေမယ်လို့ထင်တာပါဘဲ..း)

Comments

  1. Congratulations ပါကူးကူးရေ။
    တို့ လည်းနောက်နှစ်ဆို ယူရမယ်။ လှလှလေးဖြစ်ပါစေနော်:)

    ReplyDelete
  2. congratulation!

    you will be pretty . do not worry...i am sure.

    ReplyDelete
  3. Congratulations
    မနက်ဖြန်ဖွဲ့ယူပြီးရင် ပုံတွေ ပြဦးနော်..။

    ReplyDelete
  4. Congratulation!!!!!!!!!!!!!
    ကူးကူးရေ ဂါဝန်လေးက လှတယ်။ ရိုးရိုးရှင်းရှင်းလေး။

    ReplyDelete
  5. "စံဇာဏီဘိုဆီရောက်သွားခဲ့ဖူးတယ်။
    သူကပြောတယ်။ ပညာရေးဆက်မြင့်နိုင်မှာမဟုတ်ဘူးတဲ့။"

    ဖုန်းဆက်ပြောလိုက်လေ။ အဆင့်မြင့်သွားပါပြီလို့ ။ ဝိုင်းအားပေးတဲ့သူတွေ၊ကူညီခဲ့တဲ့သူတွေကိုလည်းကျေးဇူးတင်ကြောင်းပြောဖို့ မမေ့နဲ့ နော်။ Congratulation. Your family and someone will be very proud of you.

    ReplyDelete
  6. အားလုံးကိုကျေးဇူးတင်ပါတယ်။ ပုံတော့မတင်ဘူးနော်..
    နောက်မှ..ကင်မရာယူခွင့်မပေးလို့တော်တော်အဆင်မပြေဖြစ်တယ်။
    သူတို့ official ကင်မရာမန်း ဆီကဘဲယူရမှာမို့လို့စောင့်ရအုံးမယ်

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ