Skip to main content

ငပိရည်ကျို တို့စရာချို

ကျွန်မတို့အကြိုက်ငပိရည် ကိုစားတဲ့နေရာမှာ အမျိုးမျိုးလုပ်စားခဲ့ဖူးပါတယ်။ အရင်ကတော့ ငပိရည်ထဲမှာ ခရမ်းချဉ်သီးပြုပ်/ဖုတ် ထောင်းထည့်၊ ကြက်သွန်ဖြူ မထည့်မနေရလို့ မှတ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမျိုးမျိုးစားဖူးလာပါတယ်။ အဲဒီအထဲကမှတ်မိသလောက်လေးတွေပြောပြချင်တာပါ။ ကျွန်မစားဖူးတဲ့သိတဲ့ ငပိရည်ဖျော်နည်းလေးတွေနဲ့သူငယ်ချင်းတွေကောမန့်မှာချန်ထားပေးတဲ့နည်းလေးတွေပါ။

ငပိရည်ကျိုကို၊ ခရမ်းသီးမီးဖုတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ထောင်းထည့်ပီးစားတယ်။
ငပိရည်ကျိုကို၊ ထမင်းပေါ်လောင်းချပီး၊ အချိုမှုန့်နဲနဲဖြူး၊ ငရုတ်သီးမှုန့်နီရဲအောင်ထည့်နယ်စားဖူးတယ်။
ငပိရည်ကျိုကို၊ ပူပူလေးအိုးကအချမှာ ကြက်ဥပြုတ်ကိုပါးပါးလှီးထည့်ပီး ထမင်းနဲ့နယ်စားဖူးတယ်။ (ဒါကတော့သူငယ်ချင်းနီလာရဲ့ နည်းလေးပါ)
ငပိရည်ကျိုကို၊ ငရုတ်သီးမှုန့်ဖြူး၊ ကြက်သွန်နီ တောက်တောက်စင်းထည့်ပီး စားဖူးတယ်။
ငပိရည်ကျို ထဲမှာ ငါးပြုပ် အသားတွေ နွှာပီးထည့်ထားတာလဲစားဖူးတယ်။
ငပိရည်ကျိုကို၊ ငရုတ်သီးစိမ်း တံစို့ထိုးပီးကင်၊ ခရမ်းသီး၊ ကြက်သွန်ဖြူမီးဖုတ် ထောင်းထည့်တာကို အကြိုက်ဆုံးဘဲ။
ငါးခူကိုမီးဖုတ် အသားနွင် ငါးရုတ်သီးမီကင်ထောင်း နဲ. ငါးပိရည်ကျိုရောကျို ဆူရင် နံနံပင်တွေအုပ် vista said...
ပုစွန်ခြောက် ကြက်သွန်ဖြူ နဲ့ပဲ အလွယ်ဖျော်လိုက်တယ် စူးနွယ် said...
ငါးပိရည်ကိုနနွင်းမှုန့်ထည့်ပြီးကျို။ ငါးမီးဖုတ်၊ငရုတ်သီး၊ကြက်သွန်ဖြူလှော်ထောင်းထည့်။ ငရုတ်သီးအနီမှုန့်ထပ်ဖြူးပြီးစားတယ်။ တချို့က ခရမ်းချဉ်သီးကိုမီးဖုတ်ပြီးထည့်တယ်။ နံနံကင်လေးအုပ်တယ်။ subuueain said...

တို့စရာအဖြစ်နဲ့ကတော့

သခွားသီး
ရဲယိုရွက်ပြုတ်
မုန်ညှင်းစိမ်းပြုတ်
မုန်ညှင်းဖြူပြုတ်
ဂွေးတောက်ရွက်ပြုတ်
ဘူးသီးပြုတ်
ဇီးဖြူသီး
ဖန်ခါးသီး
ခရမ်းကျွတ်သီး
မြင်းခွာရွက်
ကန်ဇွန်းနီ အစိမ်း
ကန်ဇွန်းရွက်ပြုပ်
ကြောင်လျှာသီးဖုတ်
မျှစ်ပြုပ်
ဒညင်းသီးပြု
(နဲအသီးရွက်စုံ)

ဒီရောက်တော့ ငပိရည်စားဖို့မလွယ်ဘူး။ ကျိုရင်လဲ အနံ့က လက်နဲ့ကာလို့မရ၊ လေစုပ်ပန်ကာလဲမနိုင်၊ ဒီကြားထဲကြိုဖြစ်အောင်ကြိုပါသေးတယ်။အိမ်ကအထပ်ထပ်ထုပ်ဗူးထဲထည့်ယူလာတဲ့ငပိတွေလဲချွေတာစား ရတယ်။ အများကြီးလဲမစားရဲဘူး။ အစားသောင်းကြမ်းတတ်ပေမယ့် ကိုယ့်ရောဂါ သွေးတိုးလေးကိုငဲ့နေရသေးတယ်လေ။ စင်ကာပူ ရောက်ဖြစ်ရင်တော့ ထိုင်းကငပိပုလင်းတွေ ယူလာဖြစ်တယ်။ သယ်ရတာလွယ်တယ်၊ အနံ့လဲမထွက်ဘူး၊ သူတို့ကသေချာအလုံပိတ်ထားတာကိုး။ သူတို့ငပိတွေက ကျိုလဲအကောင်ကကြေမသွားဘူး၊ သူတို့ကတော့အဲလိုဘဲစားတယ်။ ဘန်ကောက် ကအစားစာတွေကျွန်မနဲ့ခံတွင်းမတွေ့တာအမှန်ပါ။ အနံ့ရော..အီလည်လည်ဖြစ်နေတာရောပါတယ်။
သူငယ်ချင်း တွေကပြောတယ်။ စင်ကာပူရောက်ရင် ရွှေအင်းလေးမှာဘာလို့ သွားသွားစားနေလဲတဲ့..ဒီလောက်ညံ့တဲ့ဆိုင်၊ ဆက်ဆံရေးကလဲ အဆင်မပြေဘူးတဲ့...
ကျွန်မကတော့စားကောင်းတယ်ထင်တာဘဲ..အလုပ်သမားတွေက ထော်လော်ကန့်လန့်နိုင်ပေမယ့် မြန်မာချင်းချင်းဆိုတော့ သီးခံနားလည်ပေးလို့ရပါတယ်လေ.. အခြားလူမျိုးတွေသာဆိုရင်တော့ အဲလိုဆိုင်ဝေးဝေးရှောင်မယ်။
မြန်မာဆိုင် သပ်သပ်ရပ်ရပ်လေးရှိတာအဲဒီဆိုင်ဘဲသိတော့ အဲဆိုင် ဘဲသွားရတာပေါ့၊ အစားသောက်ကတော့ ကိုယ့်မြန်မာအစားစာဆိုတော့ အခြားလူမျိုးအစားတွေ မကြိုက်ဘဲ သွားစားနေမယ့်အစား.. စားလိုက်တာပါဘဲ။
မလေးရောက်တော့ ဇေယျာဆိုင်မှာ ဟင်းမကျက်သေးခင်.. (မနက် ၁၀နာရီမှလားမသိသူတို့ထမင်းစရောင်းတာ) သွားထိုင်စောင့်နေတာ.. အန္ဒိယအစားစာတွေလဲ ကြိုက်ပါတယ်။ ရွေးဆိုရင်တော့နောက်ဆုံးမကောင်းရင်တောင် မြန်မာဆိုင်ဘဲရွေးစားဖြစ်တာ။ အဓိကကတော့ ငပိရည်လေး၊ ငပိသုပ်လေး ချပေးတာ ကိုစားချင်တာ။
ရန်ကုန်ပြန်ရောက်တော့ သူငယ်ချင်းက ကျွန်မကိုထမင်းလိုက်ကျွေးမယ်ဆိုပီး ဓနုဖြူဒေါ်နု ဆိုလား၊ နာမည်မေ့နေ ပီ။ ခေါ်သွားပါတယ်။ ကျွန်မမစားတဲ့အစားတွေများတော့ ချက်ထားပီးသားဟင်းတွေလဲ ကြည့်ရတာအဆင်မပြေ တာနဲ့၊ စိတ်ထဲမှာ ညစ်ပတ်သလိုဘဲခံစားရတာနဲ့ မစားဘဲ ပြန်ထွက်လာခဲ့ပါတယ်။ အားတော့နာတယ်.. မဆီမဆိုင် စားပွဲထိုးလေးကို ခေါင်းတညိမ့်ညိမ့်နဲ့ အားနာပါးနာပြန်ထွက်ရင်းနှုတ်ဆက်နေရတဲ့ကိုယ့်အဖြစ်ကိုယ် ပြန်တွေးရင်းရီချင်တယ်။
Boracay သွားတုန်းကတော့ အစားသောက်တွေကအရမ်းကောင်းတယ်။ ကောင်းတယ်ဆိုတာကလဲ နောက်မှ chef က ရှင်းပြတယ်၊ local တွေအကြိုက်အစားသောက်စီမံတာမဟုတ်ပါဘူး၊ Koreans နဲ့ foreigner တွေဘဲ လာတာ 99% မို့အစားသောက်တွေကို ပုံစံပြောင်းထားတဲ့အကြောင်း၊ သူတို့မှာလဲ ငပိရှိတယ်။ ဘယ်လိုလုပ်လဲ တော့မသိဘူး၊ ဒါပေမယ့် မျှင်ငပိသုပ်လိုမျိုးလေး... ခွက်လေးတွေနဲ့ချချထားပေးတယ်။...အရသာတော့ ခပ်ဆင် ဆင်ရယ်ပါ။ အရမ်းလဲစပ်တယ်။
အိမ်မှာတော့ညီမလေးက ငပိရည်နံလို့တဲ့ သူကမစားဘူး။ ကျွန်မနဲ့ မောင်လေးကစားတယ်။ မာမီက တစ်ခါတစ်ခါ ဇလုံကြီးမှာ ထမင်းထည့်ပီး အစုံရောနယ်... ငပိရည်လဲပါတယ်.. အဲလိုချိန်ဆိုရင်တော့ ညီမလေးက ဇွန်းတစ် ချောင်းကိုင်ပီး မာမီ့နောက်မှာလာလာကပ်နေတတ်ပါတယ်.. ကျွန်မတို့ ကသွား ငပိရည်ပါတယ် လာမစားနဲ့ ဆိုတော့ သူက မာမီနယ်ထားတဲ့ငပိရည်ဘဲစားမယ်ဆိုပီ အတွန့်တက်ပါတယ်...
ကျွန်မငပိရည်အရမ်းကြိုက်ပါသည်။ အခုတော့ ၃လ တစ်ခါလောက်သာစားဖြစ်ပါတော့တယ်။

Comments

  1. ငါးခူကိုမီးဖုတ် အသားနွင် ငါးရုတ်သီးမီကင်ထောင်း နဲ. ငါးပိရည်ကျိုရောကျို ဆူရင် နံနံပင်တွေအုပ် အဲဒါနဲ. ဗူးရွက်ပြုတ် .. ပဲရွက်အစိမ်း ရှောက်ရွက် လယ်ထဲကရတဲ.ဟိုအရွက်ဒီအရွက်အစုံနဲ.စားလိုက်ရ ရှယ်ပဲ ကူးကူးရေ

    ReplyDelete
  2. ကွယ်...မမ vista ပြောတာရော.... ကူကူးရေးတာရော...ပေါင်းပြီး....စားချင်လိုက်တာလေ.....

    ReplyDelete
  3. မမလဲငပိရည်ကြိုက်တယ် ကူးကူးရေ... နည်းမျိုးစုံနဲ့ကိုဖျော်စားတာ... အဲဒီမှာ သရက်ကင်းလေးတွေရလား... ဒီမှာမရဘူး... အကြီးကြီးတွေဘဲရှိတယ်

    ReplyDelete
  4. ငါးပိရည်ကိုနနွင်းမှုန့်ထည့်ပြီးကျို။ ငါးမီးဖုတ်၊ငရုတ်သီး၊ကြက်သွန်ဖြူလှော်ထောင်းထည့်။ ငရုတ်သီးအနီမှုန့်ထပ်ဖြူးပြီးစားတယ်။ တချို့က ခရမ်းချဉ်သီးကိုမီးဖုတ်ပြီးထည့်တယ်။ နံနံကင်လေးအုပ်တယ်။ ဘယ်လိုဖြစ်ဖြစ်ကြိုက်တယ်။ ဒါပေမဲ့ ကူးလိုဘဲ တက်စာတွေစားပြီး ခေါင်းနောက်တက်လို့ သိပ်မစားရဲဘူး။ အတို့ကတော့ အလေ့ကျပေါက်တဲ့ဘောစကိုင်းရွက်(အဝေရာလို့လည်းခေါ်ကြတယ်)နဲ့စားချင်တယ်။

    ReplyDelete
  5. အရှည်ကြီးမန့်ထားတာတွေ ဘယ်ရောက်ကုန်လဲမသိတော့ဘူး.....
    တို့တော့ ပုစွန်ခြောက် ကြက်သွန်ဖြူ နဲ့ပဲ အလွယ်ဖျော်လိုက်တယ်
    ပေါက်ပန်းဖြူရွက်နဲ့ တို့တာလည်း ကြိုက်တယ်
    ဒီတခါ ရန်ကုန်ပြန်ရင် အောင်သုခမှာ သွားစားကြည့်ပါလား

    ReplyDelete
  6. အင်.....
    မပြောချင်ပေမယ့်.... ပြောရအုံးမယ်..
    တကယ်နှင်ပြီလား .. ခလေးရယ် ရင်ထဲကစကားး)))))

    အော်....... ရောကုန်ပြီး
    အာရားရားရား....... သွားတွေတောင်ကျိန်းသွားတယ်..

    Lather တွေလည်းကျလာတယ်
    မမစန္ဒကူးရေ..

    ခင်မင်စွာဖြင့်
    စည်သူ။

    ReplyDelete
  7. နှိပ်စက်လိုက်တာကွယ်။ တို့စရာတွေကလဲ စုံပါ့။ အိမ်ကိုတောင် လွမ်းလာပြီ။

    ReplyDelete
  8. ကူးကူးရေ
    ငါးပိရည်မပါရင် ထမင်းတစ်နပ်တောင် မစားနိုင်တဲ့သူက မမလုပါ။ ငါးပိရည်ကျိုရယ် ရာသီပေါ်တို့စရာအစုံ (အခုအချိန်ဆို စာကလေးခြေထောက်၊ ကောက်ရိုးနွယ်၊ ရေသရက်ကင်း၊ ဖားကပေါင်ရွက် အို စုံလို့ စုံလို့ပါကွယ်)
    ပြည်ပသွားလည်း ငါးပိရည်နေ့တိုင်းစားတယ်။ အိမ်ကနေ ငါးပိရည်ကို ပျစ်ခဲနေအောင်ကျို၊ စိမ်းစားငါးပိလို အခဲဖြစ်အောင်လုပ်သွားပြီး စားခါနီးကျရင် ရေနွေးပွက်ပွက်ဆူထဲထည့်၊ ပုစွန်ခြောက်မှုန့်လေးနဲ့ ငရုတ်သီးအလှော်မှုန့်လေးထည့်ဖျော်၊ ဒါမှမဟုတ် ငရုတ်သီးစိမ်းကို လှော်ပြီးပဲ ဖျော်ဖျော် ကြိုက်တယ်။
    ငါးပိရည် ဘယ်သူတွေ ဘယ်လောက်နံတယ်ပြောပြော လုလုအတွက်ကတော့ မွှေးနေတာပဲ။ ပြောရင်းသွားရည်တွေ မျိုချနေရတယ်။
    အရမ်းကြိုက်တယ် ငါးပိရည်ကျိုနဲ့ တို့စရာချို။
    စားချင်လာပြီဗျို့

    ReplyDelete
  9. ငပိရေကအရသာတော့ကောင်းပါတယ်။ ဒါပေမဲ့နောက်ဆုံးတခေါက်စားတုန်းက တအိမ်လုံးမှာရှိတဲ့သူတွေ မျက်နှာပေါ်မှာအဖုအနီတွေနဲ့ ဝက်ခြံတွေထွက်လာပြီးကတည်းက ဝေရာမနိ ရှောင်ကျင်ခဲ့ရတယ်။ ဘာမသန့်တဲ့ chemicals တွေပါမှန်းမသိဘူးလေ။ ရေရှည်ခံအောင်သုံးတဲ့ရမ်းစိမ်းအများကြီးပါလို့ကတော့အစာအိမ်ကင်ဆာဖြစ်ဖို့နီးစပ်တယ်လေ။ ကိုယ်တိုင်အိမ်မှာ လုပ်ထားတာဆိုရင်တော့စိတ်ချရတာပေါ့။ ဒါလဲလက်တွေ့မှာနဲနဲခက်မယ်ထင်တယ်။

    ReplyDelete
  10. စားမှာပဲ.. စားမှာပဲ ငါ့ကိုလာမတားနဲ့
    စားမှာပဲ စားမှာပဲ.. အဖုထွက်အောင်စားမယ်...။

    ReplyDelete
  11. ကျန်းမာရေးပညာသက်သက်ပါ။ လက်ခံချင်လဲရတယ်။ လက်မခံချင်လဲ သဘောပါဘဲ။ တကမ္ဘာလုံးမှာရှားပေမဲ့ တရုတ်ပြည်တောင်ပိုင်းမှာ နှာခေါင်းနဲ့အာခေါင်ကင်ဆာ (nasopharyngeal cancer)ဖြစ်တာတွေတွေ့တော့ လေ့လာတဲ့အခါ ကလေးဘဝမှာ salted, partially rotten fish စားတာနဲ့ အဲဒီကင်ဆာနဲ့ သွားစက်စပ်နေတာကိုတွေ့ရပါတယ်။ Google key word " Salted fish cancer " ကိုရိုက်ရင်တွေအများကြီးထွက်လာပါလိမ့်မယ်။

    ReplyDelete
  12. ကူးရေ နင်လုပ်တာနဲ့ နာ့မနေနိုင်လို့ စီဘောက်မှာအော်ပြီး ငပိ သွားကျိုရတယ်.။
    ကောင်းချက်အေ။
    ငပိကို ဆနွန်းမှုန့် ထည့်ကျို အမြှုပ်တွေခပ်ထုတ်
    ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို အာဘမ်ထဲထည့် ၃ မိနစ်အပူပေး(အလွယ်လေ။ ပျင်းချက်) ရလာရင် ငရုတ်သီးစိမ်းရယ် ကြက်သွန်ဖြူရယ်၊ ပုဇွန်ခြောက်ရယ် ထည့်ထောင်း ငပိကျိုထားတာလောင်းထည့်။

    ထမင်းကြမ်းပေါ်ဆမ်း ငရုတ်သီးအကျက်မှုံ ထပ်ထည့် (စပ်သလားမမေးနဲ့။အသေစပ်)
    လက်နဲ့သေချာနယ်။ပီးမှ တနေ့ကကြော်ထားတဲ့ ငါးခြောက် ပေါက်စနတွေဖြူးပီး နယ်စားတာ။
    (ဝါးးးးးးးးးးး ကောင်းချက်အေ။ကူးရေ ကြက်ကြော်နဲ့မလဲနိုင်။ ပီဇာနဲ့မလဲနိုင်)

    အတော်ဘဲအေ. နေ့လည်စာဘာစားရမှန်း မသိလို့ ပျင်းနေတာ ကူးလုပ်မှ နာ့သိသွားတယ်။
    ထုတော့ ဗိုက်ပြည့်နေပီ

    ReplyDelete
  13. ကူးကူးရေ

    ငါးပိရည်ဆို ကြိုက်မှကြိုက် ။ သူများတေံက ငါးပိရည်ကို တို့ စားတာ။ ကျောပိုးအိတ်က ရွှဲနေအောင် စမ်းစားတာ။

    တို့ စရာအစုံအလင်များပါလို့ ကတော့ အသားဟင်းနဲ့ တောင် မလဲနိုင်ပေါင်။
း)

    ဒီပို့ စ်လေးကိုလေ မန့် ပြီးပြီမှတ်တာ။ မန့် ရသေးဘူးတော့။
း)

    ချစ်တဲ့
    ကျောပိုးအိတ်

    ReplyDelete
  14. အားလုံးကျေးဇူးတင်ပါတယ်..

    steve Evergreen .. မတည့်ရင်မစားတာကောင်းပါတယ်.. ကျမ်းမာရေးထက်အရေးကြီးတာဘာမှမရှိပါဘူး..ငပိဆိုတာကိုယ်တိုင်မလုပ်နိုင်ရင် သူများဘယ်လို ထုချေတက်နင်းလဲဆိုတာ ကိုယ်မှမတွေ့နိုင်တာဘဲလေ.. ငပိရည်မစားလဲ အခြားစားစရာတွေရှိပါတယ်နော်..း)

    ကျောပိုးအိတ်... သေချာတယ်.. ကူးစ် လဲ အဲဂလိုဘဲ...

    မေလေးစ် ....ပြန်လာပီလား... အဓိက က ငရုတ်သီးး စပ်စပ်လေး.. ငပိနဲ့ ငရုတ်သီးမှုန့် စပ်စပ်လေးမှလိုက်တာနော်.. ဟုတ်တယ်..

    မမလုရေ... ကျေးဇူးပါ.. မလုပြောမှတို့စရာအစုံလင်ဖြစ်တော့မယ်တူရဲ့..း)

    Vista.. မေဇင်.. Rose of sharon..ko boyz စည်သူ...စူးနွယ်.. စုဘူး...
    အခုလိုနည်းလမ်းလေးတွေလာပေးလို့ကျေးဇူးပါနော်..

    ReplyDelete
  15. ငါးပိရည်ကျို နဲ့ အတို့ကတော့ ပြောစရာမလိုအောင် ကြိုက်တယ်ကွယ်။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ