Skip to main content

Bohol ခရီးစဉ် (၂)

နေ့လည်စာအတွက် River Watch ဆိုတဲ့ ၀ါးအိမ်မော်တော်လေးစီးပီး အဲဒီအပေါ်မှာ အစာစားမှာဖြစ်ပါတယ်။ catering service တစ်ခုကတာဝန်ယူပီးအစားသောက်တွေကို မော်တော်ဘုတ်အလယ်မှာ ဘူဖေးပုံစံတင်ထား ပါတယ်။  ကျွန်မတို့အဖွဲ့က ပထမဆုံးမော်တော်ကိုစီးရပါတယ်။ ကံကောင်းခြင်တော့ သူများခေါ်တာလိုက်ထိုင် ရင်းနဲ့ ထိပ်ဆုံးမှန်းမသိ နေရာရလိုက်ပါတယ်။ မော်တော်ထွက်တော့ လှေသေးသေးလေးက စက်နဲ့ အနောက် ကနေတွန်းတာပါ... လေအေးအေးနဲ့ မြစ်ကြောင်းတစ်လျှောက် သာယာလိုက်တာပြောမနေနဲ့။ ကျွန်မအတွက် တော့ မိသားစုရော၊ ချစ်သူပါ ပါရင်အရမ်းကောင်းမှာလို့စဉ်းစားမိရင်းလွမ်းသလိုလိုဖြစ်လာလို့ အစားသောက် တွေ တစ်နင့်ကြီးယူပီး မြစ်ကြောင်းတစ်လျှောက်ထိုင်ငေးနေမိပါတယ်။ ကျွန်မသူငယ်ချင်းတွေက မပျော်ဘူး လားမေးပါတယ်။ အမှန်တော့မပျော်နိုင်ဘူး။ ဘာဖြစ်နေမှန်းကိုမသိတာ.. ကျွန်မအလည်အပတ်ဝါသနာမပါ ဘူး။ မပါရတဲ့အကြောင်းကလဲ မိသားစုနဲ့ (သို့) ချစ်သူသာ ပါမယ်ဆိုရင်တော့ ပျော်မှာပါ။ 


မြစ်ဆိုပေမယ့်ရေကကြည်ပီးစိမ်းး နေတာ...တစ်ကယ်ပါ..ရေအဲလောက်စိမ်းပြာနေတဲ့မြစ်ဆိုတာ ပထမဆုံးတွေ့ဖူးတာပါ။  သီချင်းဆိုတဲ့သူကနောက်ကျနေလို့ ဂီတာကိုင်ပီးလှေထွက်ခါနီး အမြန်ပြေးတက် လာတယ်။ အသံလဲကောင်းလိုက်တာပြောမနေနဲ့တော့။ အမှန်တော့ ဖိလိပင်းလူမျိုးတွေက အသံမကောင်း/ သီချင်းမဆိုတတ်တဲ့သူနည်းပါတယ်။ ဒါကြောင့်လဲဖြစ်မယ်..ရန်ကုန်မှာ နာမည်ကြီးတဲ့ နေရာတွေမှာသီချင်းဆို တဲ့သူတွေက ဖိလိပိုင်ကလာတယ်လို့ မောင်လေးကပြောဖူးတယ်။ စိမ်းလမ်းစိုပြေရောက်တုန်းက အက သင်တန်းခန်းမတစ်ခုဖွင့်ထားတာတွေ့တယ်..သွားကြည့်တော့ သင်တဲ့ဆရာက ဖိလိပိုင်လူမျိုးပါတဲ့။ 
သွားနေရင်းနဲ့ အခြားမော်တော်တွေဖြတ်သွားရင် ၀ိုင်းနှုတ်ဆက်ကြ..လက်ပြကြနဲ့ ပျော်ဖို့ကောင်းပါတယ်။
 မော်တော်ပေါ်ကအစားသောက်ပြင်ဆင်ထားတာနဲ့ အတွင်းပိုင်းကို ၀ါးကပ်မိုးထားတာပါ။



မြစ်လေးတစ်လျှောက်နေထိုင်သူတွေကတော့ ရွာလေးတွေနဲ့ရှိတယ်။ ဆင်းရဲကြတယ်ထင်ပါတယ်.. မြစ်ဘေးနားမှာ တဲအိမ်လေးထိုးပီး ၀တ်စုံဆင်တူဝတ်ပီး စောင့်နေကြတယ်..မော်တော်ရပ်ပေးရင် သူတို့ ကပြ တယ်။ သီချင်းဆိုတယ်... စိတ်ဝင်စားရင် သူတို့နဲ့ဝင်ကလို့ရသေးတယ်။း)


ဒါတွေကတော့ မြစ်ဘေးတစ်လျှောက်အလှပလေးတွေပါ... ၁ နာရီကျော်ကျော်ကြာပါတယ်...  နောက်ဆုံး ရေတံခွန်သေးသေးလေးနားရောက်တော့မှ မော်တော်ကမြစ်ကြောင်းတစ်လျှောက်ပြန်ကွေ့လာပါတယ်။
ဒီလောက်အေးတဲ့အထဲ ရေကူးနေတဲ့ အဖြူတွေ ၃ ယောက်တွေ့ခဲ့သေးတယ်... 


စားသောက်လို့အပီးမှာတော့ ဘစ်ကားဆီကိုပြန်လာတဲ့လမ်းမှာ ခွေးလေးနှစ်ကောင်တွေ့တယ်.. ချစ်စရာလေး တွေ။ လုံးနေတာဘဲ...အသည်းယားလိုက်တာ။

 ဘစ်ကားထွက်ပါပီ၊ ဒီတစ်ခါတော့ tour guide ကအပေါ့အပါးသွားထားဖို့နဲ့ ၄၅ မိနစ်မရပ်တန်းကားမောင်းရ မှာမို့ မူးတတ်တဲ့သူတွေဆေးသောက်ထားဖို့ကြိုအသိပေးပါတယ်။ သွားမယ့်နေရာကတော့ ချောကလက် တောင်တွေဆီကိုပါ။ Chocolates Hills လို့နာမည်ကြီးပါတယ်။ ချောကလက်ထွက်လို့မဟုတ်ပါဘူး။ အဲဒီတောင် ကုန်းတွေက အရွယ်စားသိပ်မကွာဘဲ သူ့ရာသီရောက်ပီဆို မြက်တွေခြောက်သွေ့ညိုမဲနေပီး အဝေးကလှမ်း ကြည့်ရင် ချောကလက်ရည်တွေအုပ်ထားသလို ဖြစ်နေတဲ့အတွက်ရယ်။ တောင်ကုန်းတွေအကုန်လုံးအပေါ်မှာ အပင်ကြီးတွေလုံးဝမပေါက်တာရယ်က သူ့ထူးခြားချက်ပါတဲ့။ကျွန်မကတော့ထုံးစံအတိုင်းအိပ်ပီးလိုက်သွား ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်တာ ယိုင်ကျပီး ဘေးနားကသူငယ်ချင်းအမကြီးပခုံးမှာ ခေါင်းတင်ပီး အိပ်ပျော်နေတာကို စာရင်းစစ် ဒါရိုက်တာတစ်ယောက်က သဘောကျပီး ဓာတ်ပုံခိုးရိုက်ပီး website မှာတင် ထားလို့ အတင်းပြန်ဖြုတ်ခိုင်းရပါသေးတယ်။
ကဲချောကလက်တောင်ကုန်းတွေ ပုံ အ၀ကြည့်လိုက်ပါအုံး။  
 
တော်တော်မြင့်မြင့်လေးတက်ပီးမှ တောင်ကုန်းလေးတွေကိုအပေါ်စီးကမြင်ရတာပါ။ အတက်တုန်းကတော့ မြေလမ်းလေးအတိုင်းတက်သွားတာ..အဆင်းတော့လှေခါးထစ်တွေကနေဆင်းလာခဲ့တယ်....  လမ်းဘေးမှာ ပွင့်နေတဲ့ပန်းပင်လေးတွေ့တယ်..ကဗျာဆန်တယ်လို့ထင်တာဘဲး)


ဆက်သွားမယ့်နေရာက လိပ်ပြာစခန်းပါ။ လိပ်ပြာတွေများကြီးမျိုးစိတ်တွေကို စုစည်းထားတဲ့နေရာပါ... 
ဖိလိပိုင်မှာ အခြောက်တွေအရမ်းပေါတယ်လို့နာမည်ကြီးသလောက် လူတင်မဟုတ်ပါဘူး။ လိပ်ပြာပါ အခြောက်ဖြစ်သွားတာတွေကို အဆင့်ဆင့်ပြထားတဲ့ပြခန်းပါ။ မနက်ဖြန်မှဆက်ရေးတော့မယ်..  ဒီနေ့တော့ overtime နဲ့ အ၀တ်တွေလျှော်တာနဲ့ တော်တော်အီနေပီ။း)






Comments

  1. ဟဲလိုမစန္ဒကူး...
    အမရဲ့philipineခရီးစဉ်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်ဗျာ။
    ကျနော်တို့singaporeရောက်မြန်မာတွေအတွက်
    philineကို holidayပိတ်ရက်သွားလည်ချင်တယ်ဆိုရင်
    ဘယ်လိုသွားရတယ်၊ ဘယ်travel agent တွေရှိတယ်ဆိုလေး
    tour directory noteလေးပါ post တစ်ခုအနေနဲ့ရေးပေးပါလည်။
    ကျနော်တို့လည်း holidayရက်မှာ အမလိုဘဲ သွားလည်ချင်လို့ပါ။
    အမရဲ့ ဒီpostကိုဖတ်ပြီး philipine မှာလဲစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေရှိတယ်ဆိုတာသိရတယ်။အခုလို ဗဟုသုတလေးတွေမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အမ။

    ReplyDelete
  2. ဟုတ်..ဒီတစ်ခါတော့ရုံးကအစဆုံးစီစဉ်တာမို့ သိပ်မသိဘူး။ ဒါပေမယ့် သွားလည်ချင်တယ်ဆိုရင်တော့ ပြောလေ..အမ တို့ကိုလုပ်ပေးတဲ့ travel agent တွေကို လိုက်မေးပေးပါ့မယ်.. mayllay@gmail.com ပါ.. သွားမယ့်နေရာရွေးဖို့ အရင်လိုပါတယ်..ကျွန်းတွေအများကြီးပါ... tourist spot ရှိတဲ့ကျွန်းတွေအများကြီးရှိတယ်..အမ ၂၀၀၅ လောက်က Boracay ဆိုတာရောက်သွားသေးတယ်..အရမ်းလှတဲ့ ပင်လယ်ကမ်းခြေပေါ့..

    ReplyDelete
  3. ကူးးးးးးးးကူစ်
    နေကောင်းလားဟင်?ဒီနေ့နိုးနိုးချင်း ကူးဘလောဂ့်လေးကို
    သတိရလို့လာလည်ဖြစ်တယ်
    ခရီးတွေထွက်နေရတော့ပျော်နေတယ်ပေါ့
    သတိရနေပါတယ်

    ခင်တဲ့
    ရုံလေး

    ReplyDelete
  4. အမရေ
    အမြဲ ရောက်ပါတယ်
    စာတွေလဲ အများကြီးဖတ်ဖြစ်တယ်

    ReplyDelete
  5. မြူးစ် သတိရလိုက်တာ..ဘယ်ပျောက်နေတာလဲ...း( အဆက်သွယ်လဲလုပ်ဝူး..း(

    9_9 ဟုတ်ညီမရေ..ကျေးဇူးပါ။

    ReplyDelete
  6. ချောကလက်တောင်က အရမ်းလှတယ်နော်။ ရောက်ဖူးချင်လိုက်တာ။
    လိပ်ပြာအခြောက်အကြောင်းလည်း ဆက်ရေးပေးဦး။ :P
    စိတ်ဝင်စားစရာလေးလေ။ ကျေးဇူးပါ ကူကူးလေးရေ။
    ချစ်တဲ့ မမလု

    ReplyDelete
  7. မကူးရေ

    လာလည်သွားတယ်နော် ကြည့်ချင်စရာလေးတွေ အတွက် ကျေးဇူးဘဲနော်

    ရွှေစင်

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ