Skip to main content

မန္တလေးမုန့်တီသုပ်+ဟင်းခါး

မန္တလေးမှာနေတုန်းကတော့မုန့်တီကိုနှစ်နှစ်ခြိုက်ခြိုက်စားခဲ့ဖူးပေမယ့်ရန်ကုန်ပြောင်းပီးကတည်းကမစားဖြစ်တာကြာ နေပီ။ အရသာကစိတ်တိုင်းမကျဘူးဖြစ်နေတာပါ။ ကျွန်မမြန်မာပြည်ကထွက်လာတော့ဟင်းချက်စာအုပ်နှစ်အုပ် မာမီက၀ယ်ပေးလိုက်ပါတယ်။ တစ်အုပ်ကသတ်သတ်လွတ်၊ တစ်အုပ်ကတော့ မလွတ်၊ မုန့်တီဖတ်ကိုမြင်ရဖို့ အိမ်မက်တောင်မမက်ရဲပါဘူး၊မုန့်ဟင်းခါးဖတ်တောင်အခြောက်ထုပ်ကိုအသဲသန်ရှာဝယ်ရတဲ့တောမှာနေရတော့။ Spagettiလုပ်တဲ့ခေါက်ဆွဲလုံးလေးတွေကိုမျက်စိကျနေတာကြာပီ၊အရသာကလဲမုန့်တီဖတ်ကိုပေါ့တော့တော့ရယ် ဆိုတော့ သူ့ကိုဘဲပြုပ်ပီးမုန့်ဖတ်လုပ်လိုက်ပါတယ်။ မုန်တီသုပ်ဖို့အတွက်ကတော့ စာအုပ်ကိုလှန်ရပါတယ်။ မန္တလေး မုန့်တီသုပ်တဲ့... နည်းအတိုင်းမှန်ချင်မှမှန်မယ်၊ အစာပလာတွေတော့အကုန်စုံမယ်ထင်တာဘဲ။ ပဲပင်ပေါက်တော့မရှိလို့မထည့်ဖြစ်ပေမယ့်ပဲပင်ပေါက်အစားကြက်သွန်မိတ်အကြီးစားအပင်တွေလှီးထည့်ပါတယ်။ မုန့်တီအတွက်ကတော့
ကြက်သွန်ဆီချက်
ပဲမှုန့်
ကြက်သား
သံပုရာရည်
ခရမ်းချဉ်သီးအနှစ်
ငရုတ်သီးမှုန့်
နံနံပင် (ကြိုက်ရင်)
ကြက်သွန်မိတ်တို့ပါ။
၁။ ခေါက်ဆွဲကိုပြုပ်ထားပီး၊ ခရမ်းချဉ်သီးအကြီးတစ်လုံးကိုပါထည့်ပြုပ်ထားလိုက်ပါတယ်။
၂။ ဆီချက်သတ်ဖို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကိုအခွံနွှာပါးပါးလှီးထားပါတယ်။
၃။ ကြက်သားကိုတော့ အရိုးတွေကို ဟင်းခါးအိုးထဲထည့်ပြုပ်လိုက်ပီး၊ အသားတွေကိုတော့ ချန်ထားပါတယ်။
၎။ ခရမ်းချဉ်သီးအခွံနွှာလို့ရပီဆိုရင် အိုးထဲကထုတ်ပီးအခွံနွှာတောက်တောက်စင်းထားပါတယ်။
၅။ ဆီချက်အရင်သတ်လိုက်ပီးတော့ခွက်ထဲထည့်ထားပါတယ်။ ကျန်တဲ့ဆီနဲ့ကြက်သားကိုထည့်လုံးလိုက်ပီး
၆။ ခရမ်းချဉ်သီးတွေကို ငံပြာရည်နဲ့သတ်သတ်ထပ်ဆီသတ်လိုက်ပါတယ်။
အားလုံးအဆင်သင့်ဖြစ်ပီဆိုရင်တော့ ဟင်းခါးအိုးအတွက်ပြင်ဆင်ရပါတယ်။ မြန်မာပြည်က ဟင်းဂလာ အရွက်လို့ခေါ်မလား၊ (ကြက်သဟင်းရွက်လို့ c-box မှာပြင်သွားပေးတယ်.. ကျေးဇူး) အရသာကတော့ခပ်ဆင်ဆင်ပါ.. အောက်တွင်ရှု ရေနွေးအိုးပွက်ပွက်ဆူလာတာနဲ့
၁။ ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းထောင်းတာကိုထည့်လိုက်ပါတယ်၊
၂။ စိမ်းစားငပိအနည်းငယ်နဲ့ ငံပြာရည်ခပ်လိုက် ပီး ဆားအချိုမှုန့်အရသာသင့်တင့်အောင်ထည့်၊
၃။ အရွက်တွေကိုနောက်ဆုံးမှာထည့်လိုက်ပါတယ်။ ပြီးရင်
၎။ ငရုတ်ကောင်းလေးထပ်ခပ်လိုက်အုံး... ရှုးရှဲအစပ်ပြင်းပြင်းနဲ့ဟင်းခါးအဆင်သင့်ဖြစ်ပါသည်။
ခေါက်ဆွဲဖတ်တွေကိုရေစစ်ပီး၊ခွက်ထဲထည့်၊ကြက်သား၊ခရမ်းချဉ်သီးဆီချက်၊ကြက်သွန်ဆီချက်၊ပဲမှုန့်၊သံပုရာရည်၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်မိတ်အားလုံးရောပီးသမအောင်မွှေပီးရင် မုန့်တီသုပ်နဲ့ဟင်းခါး စားလို့ ရပါပီ။ ကျွန်မထိုင်စားတာ တစ်ပန်းကန်လုံးကုန်ပါတယ်။း)

Comments

  1. ဟီးးးးးးးးးးးးးး
    မြူးလေးပထမနော်းးးးးးးးးးးးးးးးးးးးဟွန့် 
    စားမယ်နော်ကူးးးးးကူးးးးးးးးး
    စားပြီးလောက်ပြီထင်တယ်
    မမမိုးကောင်းသူလေးမလာခင်စားသွားမယ်
    တ့ာတာ
    ခင်တဲ့
    မြူးလေး

    ReplyDelete
  2. မန္တလေးမုန့်တီစားချင်တယ်... ဟင်းချိုလေးနဲ့ ရှယ်ဘဲ.. အိမ်နီးရင်လာတောင်းစားမှာ....

    ReplyDelete
  3. ပျစ်ပျစ်နစ်နစ်ကလေးပါလား. တကယ်မန်းဒလေးထင်တယ။် စားချင်ပါသည်။

    ReplyDelete
  4. ဝေးးး..
    မန်းလေးမုန့်တီ စားချင်တယ်..
    ကြက်သွန်နီစိမ်းလေးထည့်သုပ်..
    ကောင်းမှကောင်း..
    မန်းလေးက စိုးစိုး မုန့်တီကိုလွမ်းလိုက်တာ..
    ခိုတောင်မုန့်တီ ဘယ်လိုလုပ်ရလဲ..သိလား..ကူးကူး
    ပြောပြပါ...

    ReplyDelete
  5. လွမ်းသွားပြီနော်......
    မုန့် တီတွေအကုန်စားသွားပြီ

    ReplyDelete
  6. နန်းကြီးသုတ် ဟုတ်ဝူးးလားး
    ဘာဖြစ်ဖြစ် စားသွားပီ။

    ReplyDelete
  7. မန္တလေးမုန့်တီသုပ် နဲ့ ဟင်းခါးနဲ့ လိုက်မှလိုက်ပဲ။ ဟင်းခါးကိုလဲ အောက်တွင်ရှုသွားတယ်။ အဲ........... သောက်သွားတယ်လို့။ နည်းနည်းတောင်နောက်ကျသွားပြီ။

    ReplyDelete
  8. မုန့် တီသုပ်လေးကြိုက်တယ်

    စားချင်စရာကြီးနော်


    ချစ်ခင်စွာဖြင့်

    ဖိုးစိန်

    ReplyDelete
  9. မကူးရယ် စားချင်လိုက်တာ
    အူတွေ လိမ်.သွားတာဘဲ
    ကွန်ပြူတာထဲကနေ ယူစားလို.
    ရရင်လဲကောင်း သားဗျာ...:)

    ReplyDelete
  10. ကွန်ပြူတာ ထဲ ကသာယူစားလို့ရုရင် အိမ်မှာ မချက်တော့ ဘူး .. တနေ့ တအိမ် လိုကစားမှား)) ဟိ

    ReplyDelete
  11. နှိပ်စက်ရက်ပါပေ့ကွယ်

    ReplyDelete
  12. စားချင်စရာ မန်းလေးမုန့် တီသုတ်ကို အားရပါးရ လာစားသွားတယ်နော်။

    ဟင်းခါးလေးကလဲ ဂွတ်တယ်ရှင်။
း)

    ReplyDelete
  13. ကောင်းလိုက်တာ၊ မစားရတာတောင် ကြာ...........

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ