Skip to main content

ကြွက်မြီး

ကျွန်မ Mandalay မှာမွေးတယ်။ (၇) တန်းအပီးမှာ ရန်ကုန်ကိုပြောင်းရတယ်။
ရန်ကုန်ရောက်တော့ ဦးဝိစာရလမ်းမှာနေတယ်။ နောက်ပိုင်း အဖေကအလုပ်
ပြောင်းတော့ မိသားစုတွေ မြောက်ဒဂုံကို ပြောင်းကြတယ်။ မြောက်ဒဂုံ နဲ့
အရှေ့ဒဂုံကြားမှာပေါ့လယ်ကွင်းတွေဘဲရှိတယ်။လူနေအိမ်ကအရမ်းကိုပါးသေး
တယ်။ ကျွန်မတို့ပြောင်းမယ့်အိမ်က အိမ်အလွတ်ကြီး၊ ခြံစည်းရိုးလဲမရှိ၊
သစ်ပင်တွေ လဲမရှိ၊ လေလဲအရမ်းတိုက်တယ်။ စတွေ့တွေ့ခြင်းတော့တော်တော့်
ကိုစိတ်ပျက်တယ်။ အိမ်ကိုမပြောင်း ခင်မှာသွားပြီးပြင်ဆင်စရာရှိတာတွေပြင်ဆင်ဖို့
တစ်ရက်ကျွန်မရယ်၊မောင်လေးရယ်အဖေ၊အမေလေးယောက်သားသွားကြတယ်။ အိမ်ကဆောက်ပြီးကာစဆိုတော့ ပန်းရံတွေလက်စမသတ်ရသေးတဲ့ ဆေး မှုန့်တွေ၊
ဆေးစက်တွေ နဲ့ ဖုန်တွေကို သန့်ရှင်းရေးလုပ်ကြတယ်။ မာမီက ထမင်းချိုင့်ထည့်ပြီး
ယူလာတယ်။ နေ့လည်ကျတော့ မောလဲမော၊ ဆာလဲဆာ နဲ့ မောင်လေးနဲ့ကျွန်မ
အနောက်ဖက်က လယ်ကွင်းတွေမှာ အလေ့ကျပေါက်နေတဲ့ကန်ဇွန်းအနီလတ်လတ်
လတ်ဆတ်ဆတ်လေးတွေကို သွားခူးလာတယ်။ ပြီးတော့ ထမင်းနဲ့ဟင်းနဲ့
လယ်ကဇွန်းတို့စားတာ စားလို့ကောင်းမှကောင်း။ နွေရာသီဆိုတော့ကောက်ရိုးနွယ်
တွေလဲရှိတယ်။ လယ်ကွင်းတွေထဲက ရေကန်တွေကတော့ ရေတွေခန်းလို့ပေါ့။
မာမီကရွာမှာမွေးတော့ သူက မိုးရာသီကျရင်လယ်ကွင်းမှာ ရေတွေပြည့်နေလိမ့်မယ်၊ ငါးတွေလဲရှိမှာလို့ပြောတော့ ကျွန်မနဲ့ မောင်လေးက ပျော်စရာကြီး.. မြန်မြန်ပြောင်း
ကြမယ်ပေါ့။ အိမ်ပြောင်းပြီးနောက်ပိုင်းမှာအိမ်သန့်ရှင်းရေးနဲ့အလှအပပြင်ဆင်တာ
ဝါသနာပါတဲ့ညီမလေးကအိမ်ကိုသူ့စိတ်တိုင်းကျ လုပ်တော့တာဘဲ။ အပင်စိုက်တာ
ဝါသနာပါတဲ့ မာမီက အပင်တွေအမျိုးမျိုးစိုက်တာ မအောင်မြင်ဘူး. လယ်မြေကိုး။
ရေကလဲ သံဓာတ်ပါတော့ အရင်အိမ်တုန်းမ စိုက် ထားတဲ့သစ်ခွတွေ၊ ပန်းပင်တွေ
တောင်ပိန်လှီလာတယ်။ လေကလဲ တိုက်၊ပူတာကလဲ ခြစ်ခြစ်တောက်။ တိုက်တဲ့
လေကလေပူ တွေ။ အိမ်ရှေ့က လမ်းမဘေးမှာ စည်ပင်သာယာတန်းစီပြီး
စိုက်ထားတဲ့ မလေးရှားပိတောက် ပင်ပေါက်လေး တွေကိုတော့ ပါးပါးက
ရေမနက်တိုင်းသွားလောင်းပေးတယ်။ သိပ်မကြာပါဘူး ကျွန်မတို့ခြံရှေ့ က
ပိတောက်ပင်လေးတွေက အမြန်ကြီးလာပြီးတော့ အရိပ်ရလာတယ်။ မာမီကတော့
လက်မလျှော့ဘူး၊ အိမ် နောက်က လယ်ကွင်းတွေထဲမှာ တဲထိုးပြီးနေတဲ့လယ်သမား တွေဆီသွားပြီးနောက်ချီးခြောက်တွေ သွားတောင်း ၀ယ်။ အပင်စိုက်.. ဒီလိုနဲ့
မိုးတွင်းကိုရောက်လာတယ်။ ကျွန်မကတော့ ပေးထားတဲ့အိမ်မှာဘဲ နေတော့
တစ်ပတ်တစ်ခါရုံးပိတ်ရက်မှ အိမ်ကိုပြန်လာတယ်။ တစ်ရက် အိမ်ပြန်ရောက်တော့
မာမီကငါးဘဲဖြူ (ငါးသေးသေးရှည်ရှည်ကြည်ကြည်လေးတွေ) လေးတွေအများကြီး
အိုးကပ်ချက်ထားတယ်။ ပြီးတော့ ပုံးထဲမှာလဲ ငါးလေးတွေအများကြီး.. ကျွန်မငါးဆိုရင် အသေအလဲကိုဖမ်းချင်တာငယ်ငယ်ထဲက ၀ါသနာ။ မာမီကပြောတယ် လယ်ကွင်းထဲက
ရေကန်တွေမှာ မိုးရွာတော့ရေတွေလျှံပြီး ငါးတွေကရေပေါ်မှာ ပလူပျံနေတာဘဲတဲ့။
အဲဒါ သူဇကာလေးနဲ့လိုက်ခပ်ထားထာ.. ဒါနဲ့ ကျွန်မနဲ့ မောင်လေး လယ်ကွင်းထဲကိုသွား ငါးတွေလိုက်ခပ်ကြတာ ပျော်ဖို့ကောင်းမှကောင်း..ရေကြည်ကြည်မှာ ငါးသေးသေးလေးတွေ ခပ်လိုက်တိုင်းဇကာထဲမှာ ခုန်ပေါက်နေ ကြတာ..အခုထိမြင်ယောင်တုန်း။ ငါးကြီးကြီး
ရချင်ရင်တော့ ငါးမျှားတံနဲ့မျှားမှရမယ်ဆိုတော့ မောင်လေးက ငါးမျှားတံသွားဝယ်၊ သူက တီကောင်လိုက်ရှာပြီးတူး.. (ကျွန်မက ငါးမျှားတာဝါသနာပါပေမယ့် တီကောင် တော့
အသေကြောက်တယ်) မောင်လေးက ကျွန်မ ငါးမျှားတံမှာတီကောင်တပ်ပေးတယ်။

ပါးပါးက သူ့ကလေးတွေဆိုအသားမဲမှာအရမ်းစိုးရိမ်တယ်။ သူကမဲတော့ (ဟုတ်ဘူး)..
အနက်နု ဟီးဟီး အသားမဲရင်ကြည့်မရဘူး။ ငယ်ငယ်တုန်းကဆိုရင် မနက်မိုးလင်းတာနဲ့
သနပ်ခါးကို တရုတ်သရဲလို လိမ်းထားပေး တာ (၃)ယောက်စလုံး။ ကြီးလာတော့
သူလိုက်ဖမ်းလို့မရတော့ဘူး။ ကျွန်မကမျက်နှာမှာ ဘာမှလိမ်းရတာ ၀ါသနာမပါဘူး... အခုနေပူအောက်မှာငါးမျှားမယ်ဆိုတော့ ပါးပါးနဲ့သဘောတူညီမှုယူရတယ်။
နှစ်ယောက်လုံး သနပ်ခါးလိမ်းပြီးမှသွားမယ်ပေါ့။ မောင်နှမနှစ်ယောက် မနက်ကနေ
တစ်နေကုန်နီးပါး.ငါးမျှားတံကိုင်ပြီးခုံတစ်လုံးစီနဲ့ လယ်ကွင်းထဲက နေပူကျဲတဲမှာ.
ငါးကတော့တစ် ကောင်မှမရဘူး..ပါးပါးကကျွန်မတို့နှစ်ယောက်ကို တော်တော်အသဲယားနေပြီ။ နေပူပူအောက်မှာ အသားမဲ ခြစ်ကုန်မယ်၊ ပြန်လာတော့လို့ခဏခဏခေါ်တယ်။
ကျွန်မတို့နှစ်ယောက်ကလဲ ခေါင်းမာတယ်။ ပြန်မလာဘူး။ ရတော့မယ်.. ငါးကဆွဲနေပြီ..ဆိုပြီး
တီကောင်တွေသာကုန်ကုန်သွားတယ်..တစ်ကောင်မှမရဘူး။
အဲဒီမှာ ညီမလေး ကအိမ်ပေါ်ထပ်ကနေ..နင်တို့မျှားရင်ရမှာမဟုတ်ဘူး၊ ကြွက်မြီးမှ
မရှိတာတဲ့။ အယ်..ကျွန်မနဲ့ မောင်လေးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိတယ်။
ဟုတ်တယ် မောင်လေးရော ကျွန်မပါ ကြွက်မြီးမရှိဘူး။ ကြွက်မြီးဆိုတာ ၊ ခေါင်းအနောက်မှာ ဆံပင်အမြီးလိုမျိုးလေးထွက်နေတာ။ ဆံပင်ဘယ်လောက်ညှပ်ညှပ် အဲဒီအမြီးက
အရင်ဆုံးရှည်လာတယ်။ ဘယ်သူထွင်လိုက်တဲ့ စကားပုံလဲတော့ မသိ ဘူး။ ကြွက်မြီးရှိတဲ့သူ
ငါးမျှားရင် သူများထက်ပိုရတယ်ဆိုဘဲ။ (ဆိုင်တော့မဆိုင်ဘူးနော်)။ အဲဒါနဲ ကျွန်မတို့က
ဒါဆိုနင်လာမျှားဆိုပြီး သူ့ကိုပါခေါ်လိုက်တယ်။ သူကအသားမဲမှာအရမ်းကြောက်တယ်
(ဒါပေမယ့် မောင်နှမထဲ မှာအညိုဆုံး)။ သူလဲလာထိုင်ပြီးမျှားတာဘဲ.တစ်ကောင်မှမရဘူး။
နောက်ဆုံးတော့ အိမ်ကခွေး ကီးကီ ကလယ်ကွင်းထဲကငါးအသေတစ်ကောင်ကိုကိုက်ပြီး ကျွန်မတို့နားယူလာတယ်.အဲဒါနဲ့ဘဲကျွန်မတို့ငါးမျှားခြင်းကိုတစ်နေ့တာရပ်လိုက်ပြီးတော့ အိမ်ကိုပြန်လာတယ်။ ငါးမျှားတံတွေ ရေပုံး တွေနဲ့ပေါ့ (ရေပုံးကငါးရရင်သေမသွားအောင်
ထည့်ထားဖို့ ရေအသန့်ထည့်ပြီးယူသွားတဲ့ပုံးတွေပါ)

ကျွန်မညီမလေးမှာ ကြွက်မြီးလေးရှိတယ်။ သူကလူချစ်လူခင်အရမ်းပေါတယ်။
စိတ်လဲ ခိုင်မာတယ်။ ကျွန်မလဲ ကြွက်မြီးလိုချင်တယ်။ မာမီကိုပြောတော့
မရတော့ဘူးတဲ့။ အဲဒါဗိုက်ထဲမှာကတည်းက ပါလာတာတဲ့။ ကျွန်မလိုအကောင်ကြီးကြီး
ကိုဗိုက်ထဲဘယ်လိုပြန်ထည့်မှာလဲလို့ အမြဲနောက်တယ်။
ကျွန်မဒီကိုရောက်တော့ ရုံးမှာ ကျွန်မအစားဝင်ရမယ့်အကိုကြီးက သိရိလင်္ကာ က။
သူက တောင်အာဖရိကကို ပြောင်းမှာ၊ သူ့မှာကြွက်မြီးရှိတယ်။ သူ့စားပွဲနားရောက်ရင်
သွားသွားဆွဲမိတယ်။ ရည်းစားရရင်တောင်ကြွက်မြီးရှိတဲ့သူကိုရှာမယ်လို့ရူးရူးသွပ်သွပ်
တွေးခဲ့ဖူးသေးတယ်။ ဘာဘဲဖြစ်ဖြစ် ကြွက်မြီးတွေ့ရင်မနေနိုင်ဘူး.. ဆွဲချင်တယ်.. ဟားဟား

Comments

  1. အဲ့ဒီပို့ စ်လေးဖတ်ပြီး..ကိုယ့်ကိုကိုယ်..ယောင်ပြီး..စမ်းမိတယ်..။.ဟီးး ရှိဝူး..။ တော်သေးတယ်.နင့်မို့ ဆို.အဆွဲခံရမယ်ထင်တယ်..။
    ရေးထားတာလေးက..ရိုးရိုးစင်းစင်းလေးနဲ့ ..ကောင်းတယ်

    ReplyDelete
  2. ဖတ်လို့ကောင်းတယ်ဗျာ...မြောက်ဒဂုံ ဆိုပြီး ဂူဂယ်မှာရှာလိုက်တာ ဒီပို့စ် ထွက်လာတာပဲ..

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ